ကဗျာ ကမာပုလဲ

မြစ်ဝကျွန်းပေါ်

ကမာပုလဲ
အောက်တိုဘာ ၂၈၊ ၂၀၁၂
ည … ညတွေမှာ
ပုတ်ပုတ်နှိုးတတ်တဲ့ သောကလှိုင်းတံပိုးတွေ …။ပင့်ကူအိမ် လမ်းမများ
မှိုင်းဝနေတဲ့ မဟူရာမျက်နှာကျက်များ

ပိုက်ကွန်မှာ …
ဝမ်းစာကျပျောက်ခဲ့တဲ့ နေ့ရက်များစွာ …။
ဒဏ်ရာတွေ ထည်လဲနဲ့ နေသားကျခဲ့ပြီပေါ့ … ဟုတ်စ …။

လှေကွဲကြီးကို ထားရစ်ခဲ့  …
ပင်လယ်ဟာ လက်ပြကျန်ခဲ့ပေါ့
မငြှိမ်းဘဲ … သူ့သဘောနဲ့သူ ငြိမ်း
ဆီခန်း မီးစာကုန် အမှတ်တရများ …။

ကြမ်းဟာ သမန်းဆီလိမ်းကျံလို့
ရေငတ်တယ်
ဖေဖေ့ရဲ့မိသားစု ဖေါင်ကူးတို့ပေါ်မှာ … ။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts