ကျော်သူ (နာရေးကူညီမှုအသင်း)
အောက်တိုဘာ ၂၇၊ ၂၀၁၂
• တွံတေးဆရာတော်၏ ရွှေရတုဝိဇာတဒါန
သီရိမင်္ဂလာမဟာစည်ရိပ်သာကြီး၏ ဦးစီးပဓာန နာယက တွံတေးအရှင်ဣန္ဒက အရှင်သူမြတ်၏ ရွှေရတုဝိဇာတပူဇာ မင်္ဂလာအခမ်းအနားအား တပည့်ဒါယကာ ဒါယိကာမများတို့ ညီညာပေါင်းစု မြတ်ကောင်းမှုအဖြစ် ၂ဝ.၁ဝ.၂ဝ၁၂ ရက်နေ့တွင် မြဝတီမင်းကြီး(၁)လမ်း၊ (၅၁) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီရိမင်္ဂလာမဟာစည်ရိပ်သာတွင် အောင်မြင်စွာ ကျင်းပပြီးနောက် ၂၅.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ကြွရောက်၍ ဝိဇာတပူဇာအဖြစ် အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား နာရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် အများပြည်သူတို့အား ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သဒ္ဒါတရားကြည်လင်စွာ ပေးအပ်လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါပို့ဆောင်ခဲ့သူ လူနာရှင်၏သမီးဖြစ်သူ မမို့မို့ခင်မှ “မြောက်ဦးအပိုင်မှာ အိမ်ခြေ (၈ဝဝ) ရှိတယ်။ ပူရိန်ရွာမှာတော့ ဘင်္ဂါလီတွေနဲ့ ရခိုင်လူမျိုးတွေ စုပေါင်းပြီးနေပေမယ့် ဘင်္ဂါလီတွေများတယ်။ ၂၂.၁ဝ.၂ဝ၁၂ နံနက် (၁၂းဝဝ) နာရီလောက်မှာ ကျေးရွာမှာ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေ ပဋိပက္ခဖြစ်တယ်။ ကျေးရွာမှာရှိတဲ့ ရခိုင်တွေက မြောက်ဦးကရခိုင်တွေကို အကူအညီတောင်းတော့ အဲဒီမှာ အဖေနဲ့ ရခိုင်အချို့က ပူရိန်ရွာအတွက် မြောက်ဦးကသွားပြီးကူညီပေးကြတယ်။ ပဋိပက္ခဖြစ်သွားတဲ့နေရာကို သမီးတို့မြောက်ဦးကရွာ သားတွေ ရောက်တော့ ရခိုင်တွေတော်တော်များများ ဒဏ်ရာတွေနဲ့ ပြီးတော့ ရခိုင်လူမျိုး (၃) ယောက်လောက် သေနေတယ်ပေါ့။ အဖေကလည်း လူစုကွဲပြီးတော့ ကျန်ခဲ့တဲ့အချိန်မှာ ဘင်္ဂါလီလူငယ်တစ်ယောက်ကနေပြီးတော့ အဖေကို ရခိုင်လူမျိုးထင်ပြီး စကားပြောနေကြရင်း အဲဒီလူ ငယ်ကနေပြီးတော့ အဖေကို အချွန်တစ်ချောင်းနဲ့ လက်ပြင်ရိုးနားက ကြွက်သားပေါ်ကိုထိုးပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ အဖေ လည်း ရေမြောင်းထဲကိုထိုးကျပြီးတော့ ကျန်ခဲ့တာပဲ။ အနောက်ကနေလိုက်သွားတဲ့ မြောက်ဦးကလူတွေရောက်တော့ အဖေကို ရေမြောင်းထဲမှာ တွေ့လို့ မြောက်ဦးဆေးရုံကို ပို့လိုက်ကြတယ်။ အဖေ့က အဲဒီဒဏ်ရာနဲ့ အာရုံကြောထိပြီးတော့ ခါးအောက်ပိုင်း လှုပ်လို့မရဖြစ်ပြီး အရေး ပေါ်လူနာအနေနဲ့ စစ်တွေဆေးရုံ ကနေပြီးတော့ အခုလို ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးခံခဲ့တာပဲ။ အခုလိုကူညီတဲ့အတွက် အကိုတို့ နာ ရေးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်” ပြောကြားခဲ့သည်။နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ဗြဟ္မစိုရ်တရားလေးပါးကိုအခြေခံ၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ လူသားများဟူသောအမြင်ဖြင့် ဒုက္ခရောက်နေသူများအား အကူအညီပေးဆောင်နေသည့် အသင်းအဖွဲ့တစ်ခုအနေဖြင့် အထက်ပါဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားစွာ ကူညီပေးဆပ်လိုက်ရပါတော့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
