ကြော်ငြာကဏ္ဍ

ညောင်နှစ်ပင် ညောင်ကန်အေး၊ လောကချမ်းသာ ပရဟိတ ကျောင်းဆရာတော် အမေရိကန်ပြည်ထောင်စုသို့ ကြွရောက်မည်

မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၂၄၊ ၂၀၁၂

          ရန်ကုန်တိုင်း ၊လှည်းကူးမြို့နယ် ၊ ညောင်နှစ်ပင် ညောင်ကန်အေးလောကချမ်းသာ ပရဟိတကျောင်း ၊ ကျောင်းထိုင်သာသနာပြုဆရာတော် သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism ) အရှင်ဉာဏိဿရ (မော်လူး)သည် နယူးယောက်မြို့တော် ၊ ဘရုပ်ကလင်း – ဘဂင်လမ်း ရှိ လောကချမ်းသာ ဆရာတော်ကြီး နှင့် တပည့်များတို့၏ ပင့်ဖိတ်မှုဖြင့် အမေရိကန်နိုင်ငံသို့ ကြွရောက်လာမည်ဖြစ်ပါသည် ။

          ညောင်ကန်အေး လောကချမ်းသာပရဟိတကျောင်းသည်  ရန်ကုန်မြို့ ၊ အင်းစိန် ကြို့ကုန်း  မဟာစည်သြဝါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ ဆရာတော် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ  ညောင်ကန်အေး ဆရာတော် ဒေါက်တာဘဒ္ဒ န္တ က္ကန္ဒက နှင့် အမေရိကန် နိုင်ငံ ၊ နယူးယောက်မြို့ ၊ လောကချမ်းသာကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တက္ကန္ဒကတို့က မိဘမဲ့ နှင့် ချို့တဲ့နွမ်းပါး ကလေးသူငယ်များအား ပြုစုပျိုးထောင်ရန် တည်ထောင်လှူဒါန်းထားသည့် မိဘမဲ့ ပရဟိတ ကျောင်းတော် ဖြစ်ပါသည်။

ဆရာတော် အမေရိကန် ကြွရောက်လာသည့်ကာလတွင် တရားပွဲများ ဖိတ်ကြား ကျင်းပပူဇော်ခြင်း ၊ ပရဟိတလုပ်ငန်းဆိုင်ရာ အတွေ့အကြုံဆွေးနွေးဖလှယ်ခြင်းများကိုပြုလုပ်နိုင်ပါကြောင်းနှင့် တွေ့ဆုံဖူးမျှော်နိုင်ပါကြောင်း သတင်း ပါးအပ်ပါသည်။

          ဆရာတော် တည်းခိုသီတင်းသုံးမည့် လိပ်စာမှာ လောကချမ်းသာ ဘုရားကျောင်း ၊ 619 Bergen St , Brooklyn , New York   11238 .U.S.A .. ph..(718)6228019  ဖြစ်ပါသည် ။  ဆရာတော်အား ဆက်သွယ်လိုပါက အရှင်နန္ဒဝံသ ၊ ဇေယျသုခ ဓမ္မရိပ်သာ ၊ အမာရီလိုမြို့ ၊ တက္ကဆက်ပြည်နယ်   ဖုံး ၈၀၆၂၉၀၈၀၁၇ သို့လည်းဆက်သွယ် စုံစမ်းနိုင်ပါကြောင်း …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts