နိုင်ငံတကာရေးရာ

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲ ကျင်းပရန် စီစဉ်နေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်ဟုန်း၊ အောက်တိုဘာ – ၂၂ -၂၀၁၂

အရှင်ပညာသီဟ-ရွှေညဝါဆရာတော်ဟာ အမေရိကန်အတွင်း ဓမ္မဒါန၊ ဓမ္မပူဇာ တရားပွဲများ ကျင်းပလာခဲ့တာ ခုဆိုရင် မြို့တော်တော်စုံလင်သွားပါပြီ ။ အမေရိကန်တွင်း  တရားပွဲများ ဟောကြားပြီးနောက်မှာ ကနေဒါနိုင်ငံကို  ဆက်လက်ကြွချီပြီး တရားပွဲများ ကျင်းပပေးဦးမှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံအတွက် ပထမဆုံးတရားပွဲတော်ကို 5175,Dumfries street, Vancouver မှာရှိတဲ့ Kensington Community Center ရဲ့   အဆောက်အဦတွင်းမှာ  ဟောပြောမှာဖြစ်ပါတယ်။  ဒီတရားပွဲဖြစ်မြောက်ဖို့ ကို (စက်တင်ဘာ-၂၉ ) ကတည်းက  ဝါရှင်တန်ပြည်နယ်မှာ ရွှေညဝါဆရာတော် တရားလာဟောစဉ်  ပင့်လျှောက်တင်စီစဉ်ခဲ့တာဖြစ်ပါတယ်။  စီစဉ်သူများကတော့  ကနေဒါနိုင်ငံရှိ  ဗုဒ္ဓရံသီဘုန်းကြီးကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုတင်နွယ်နဲ့  ကိုကိုလေးတို့ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ဟာ နိုဝင်ဘာ (၁)ရက်တွင် ကနေဒါကို ရောက်ရှိမှာဖြစ်ပြီး ဗုဒ္ဓရံသီကျောင်းမှာ ရက်သတ္တပတ်ကြာ သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။  နိုဝင်ဘာ-၃- ၂၀၁၂ စနေနေ့ ညနေ (၆)နာရီကနေ (၁၀)ထိ တရားဟောမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာ စီစဉ်သူတို့ က ဗန်ကူးဗား ဘီစီရှိ မြန်မာနိုင်ငံသား ဓမ္မမိတ်ဆွေများထံ ဖိတ်စာပို့ ထားတယ်ဟုဆိုပါတယ်။

ရွှေညဝါဆရာတော်ဟာ နိုဝင်ဘာ(၁၀)ရက်မှာ ဗန်ကူးဗားမှတဆင့် တိုရန်တိုသို့ လဲ ဆက်လက်ကြွချီပြီး တရားသဘင်ကျင်းပ  ရန် ရှိသေးကြောင်း သိရပါတယ်။  ရွှေညဝါဆရာတော်ရဲ့ ကနေဒါနိုင်ငံ တရားပွဲများနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုပါလျှင် ကိုတင်နွယ် ( + 1 – 604 – 817 – 1693 ) သို့  စုံစမ်းနိုင်ကြောင်း သိရပါတယ်။

ရွှေညဝါဆရာတော်ဟာ ရန်ကုန်မြို့ ၊ ကြည်မြင်တိုင်၊ နတ်စင်လမ်းမှာရှိတဲ့ ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။   နှစ်ပေါင်း (၂၀)ကြာ  တစတစ ကြီးထွားလာအောင် တည်ဆောက်ခဲ့ပြီး  နှစ်စဉ် သံဃာတော်များ၊ သီလရှင်များပါ စာဝါ ပို့ ချပေးခဲ့ပါတယ်။  ထေရဝါဒသာသနာ  တည်တံ့စည်ပင်ရေးအတွက် တပည့်ပေါင်း (၁၀၀၀) ကျော် နှစ်စဉ် မွေးထုတ်ကာ သာသနာပြုခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။

၂၀၁၁ မှ ၂၀၁၂ အထိ တရားဟော ပိတ်ပင်ခံခဲ့ရတဲ့ ဆရာတော်ဟာ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိနစ် (၄၀)ခန့်  သြဝါဒပေးမိခြင်းအပေါ် အစိုးရပိုင်းမှ ငြိုငြင်ခြင်းခံခဲ့ရပါတယ်။ တရားဟောခွင့် ပိတ်ထားခြင်းကို   ဆန့်ကျင်သည်ဟု ဆိုကာ  ဗုဒ္ဓတက္ကသိုလ်မှ ဖယ်ရှားခံခဲ့ရပြီးနောက် ယခု မှော်ဘီတွင် ဝါးတဲဆောက်ကာ သီတင်းသုံးနေထိုင်နေရပါတယ်။

ပြည်တွင်း ပြည်ပရှိ  ဒါယကာ၊ ဒါယိကာမများက မှော်ဘီကျောင်းဆောင်သစ် အမြန်ဆုံး ဆောက်တည်နိုင်ရေးအတွက် ရွှေညဝါဆရာတော်ရဲ့တရားပွဲများမှာတရားနာယူရင်း လှူဒါန်းဒါန ပြုနိုင်ကြောင်းကို အကျိုးတော်ဆောင်များက ဆော်သြထားကြောင်းလဲ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts