ဓာတ်ပုံသတင်း

တရားလွှတ်တော်ရှေ့နေ တကိုယ်တော်ဆန္ဒပြ

မိုးမခအထောက်တော်
အောက်တိုဘာ ၁၉၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်မြို့တွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး တကိုယ်တော်ဆန္ဒပြခဲ့တယ်လို့ သိရပါ တယ်။ ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာအပြင် Hight Court နဲ့ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ခြင်းကြောင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စာသားများကို ဗွီနိုင်းပိုစတာတခုတွင်ရိုက်နှိပ်ထားပြီး ပြည်ခရိုင် တရားရုံးရှေ့၊ အခွန်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးတို့ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်မှုဟာ ညနေ ၄ နာရီဝန်းကျင်ခန့်မှာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts