About MoeMaKa

မိုးမခစာမူဆုပြိုင်ပွဲ (လမ်းခုလတ် ၂၀၁၃) ဖိတ်ခေါ်အပ်ပါသည်

မိုးမခစာမူဆုပြိုင်ပွဲ (လမ်းခုလတ် ၂၀၁၃) ဖိတ်ခေါ်အပ်ပါသည်

မိုးမခမီဒီယာအဖွဲ့၊ နိုဝင်ဘာ ၁၂၊ ၂၀၁၃

            မိုးမခမီဒီယာအွန်လိုင်းက မြန်မာစာပေဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာစာပေ၀ါသနာရှင် လူငယ်များကို အားပေးနိုင်ရေး ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ် မိုးမခစာပေဆုပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးပြီး လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

မိုးမခစာမူပြိုင်ပွဲဆု – ဆောင်းပါး သို့မဟုတ် အက်ဆေး ပြိုင်ပွဲ စည်းကမ်းချက်များ

(က) ခေါင်းစဉ် အကြောင်းအရာ အမည် – “လမ်းခုလတ် ၂၀၁၃”

(ခ) ပေးပို့ရမည့် စာမျက်နှာ – ဇော်ဂျီဖောင့် ၁၁ ပွိုင့်၊ ကွန်ပျူတာ စာမျက်နှာ ၃ – ၄ မျက်နှာ

(ဂ) အသက်အပိုင်းအခြား၊ ကျားမ မရွေး စိတ်ဝင်စားသူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသည်။ တဦးကို စာမူ တခုသာ ၀င်ပြိုင်ခွင့် ရှိသည်။ မိမိ အမှန်တကယ် ကိုယ်တိုင်ရေးသားကြောင်း ၀န်ခံချက် ပါရှိရမည်။ မိမိနောက်ခံအကြောင်းကို စာ ၅ ကြောင်းခန့် ရေးသားပြီး မိတ်ဆက်စေလိုပါသည်။

(ဃ) စာမူကို ဒီဇင်ဘာ ၃၁၊ ၂၀၁၃ နောက်ဆုံးထား ပေးပို့ရမည်။

(င) စာမူပေးပို့ရမည့် လိပ်စာ – MoeMaKa, PO Box 320207, San Francisco, CA 94132-0207, USA. Email – 2013transit@moemaka.info

(စ) ဂုဏ်ပြု ဆုငွေနှင့် လက်မှတ် – မိုးမခစာမူဆု ပြိုင်ပွဲတွင် ဆုရရှိသူအား မိုးမခစာမူဆု ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သတ်မှတ်ထားသော ဆုကြေးငွေကို ထိုက်တန်စွာ ချီးမြှင့်ပေးပါမည်။ ဆုကြေးငွေကို လက်ရှိအယ်ဒီတာအဖွဲ့၏ ထည့်ဝင်ငွေ မြန်မာကျပ်ငွေ ၁ သိန်း ခွဲ သတ်မှတ်ထားပါသည်။ ရွေးချယ်ခြင်း ခံရသော စာမူကို မိုးမခအွန်လိုင်းတွင် ဖော်ပြမည့်အပြင် မိုးမခလစဉ်သတင်းလွှာတွင်လည်း သီးသန့် ဖော်ပြပေးမည် ဖြစ်ပါသည်။

(ဆ) မိုးမခစာမူဆု ဆုရွေးချယ်ရေး အမှုဆောင်များမှာ – ဆရာမောင်စွမ်းရည်၊ ဆရာသန်းဝင်းလှိုင်၊ ဆရာအောင်ဝေး နှင့် မောင်ရစ် တို့ ဖြစ်ကြပါသည်။

(ဇ) မိုးမခစာမူဆု ပြိုင်ပွဲမှာ မြန်မာစာပေဖွံဖြိုးတိုးတက်ရေး၊ မြန်မာစာပေ၀ါသနာရှင်များ အားပေးရေးအတွက် ရည်ရွယ်ပြီး စဉ်ဆက်တစိုက် ဆောင်ရွက်နိုင်ရန် အားပေး ကူညီ ထောက်ပံ့လိုသော အလှူရှင်၊ စေတနာရှင်များကိုလည်း ၀ိုင်းဝန်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts