သတင်းပဒေသာ

ရွေတွံတေးဆရာတော် တနေ့တာမှတ်တမ်း ဂျပန်ရုပ်သံမှတ်တမ်းအဖွဲ့မှရိုက်ကူး

မိုးမခအထောက်တော်

အောက်တိုဘာ ၁၇၊ ၂၀၁၂ 

ဂျပန်နိုင်ငံမှ NHK သတင်းမှတ်တမ်းအဖွဲ့သည် ထိုင်းနိုင်ငံ မဟာချိုင်တွင် သီတင်းသုံးနေသော ရွှေတွံတေးဆရာတော်ထံ  ၆.၁၀.၂၀၁၂ နေ့ မှ ၁၄.၁၀.၂၀၁၂ နေ့ထိ လာရောက်ကာ ဆရာတော်၏ တနေ့တာမှတ်တမ်းကို လေးပိုင်းခွဲပြီး ရိုက်ကူးခဲ့သည်။

ဆရာတော်ထံ နေ့စဉ်လာရောက်ကြသော ပရိသတ်တို့၏ကိစ္စ ၅ ခုမှ ၂၅ ခုကို မေးမြန်းရိုတ်ကူးကြသည်။ အလုပ်လုပ်ခွင့် ပါမစ် (ဘတ်) ရှိ သူ/မရှိသူ ပတ်စ်ပို့လုပ်ပြီးသူ/မလုပ်သူ အလုပ်ရှင်၊ အလုပ်သမား၊ ရဲ၊ လ၀က၊ အာဏာပိုင် ၃ ပွင့်ဆိုင်ပြဿနာ  ပြည်တွင်းပြန်ရေး/မပြန်ရေး  ထိုင်းတွင် ဆက်လုပ်ရေး/မလုပ်ရေး နှစ်နိုင်ငံသဘောတူ MOU အလုပ်သမားကိစ္စ၊ ငွေကြေးပြဿနာ စသည်တို့ကို မေးမြန်းရိုက်ကူးသည်။

ထို့ ပြသ၁နာများအပေါ် ဆရာတော်၏ ဖြေရှင်းပေးမှု၊ အကြံပေးမှု၊ ကူညီပေးမှုတို့ကို မေမြန်းခဲ့သည်။ ရွှေတွံတေးဆရာတော်က“ဒီလိုဆောင် ရွက်နေရတာ စိတ်မညစ်ပါဘူး။ အာဏာပိုင်တွေဒုက္ခပေးတာကို ကိုယ်တိုင်လဲခံခဲ့ဘူးတော့ ဘ၀တူလိုဘဲ ခံစားနိုင်တယ်။ ကိုယ်ချင်းစာနိုင် တယ်။ တသားတည်း ရပ်တည်လုပ်ပေးနိုင်တယ်။ ကိုယ့်ရွာမှထက် နည်းနည်းလေး ပိုလုပ်နိုင်၊ ပိုစားနိုင် မီးရောင်လေးနဲ့နေနိုင်လို့သာ အ သက်သွေးချွေးရင်းပြီး လာရှာစားနေတာ ကောင်းလွန်းလို့တော့မဟုတ်ဘူး။ ဒီမှလဲ ပြဿနာက သောင်းခြောက်ထောင်ပါ။ ဒီပြဿနာအား လုံးရဲ့တရားခံက ကိုယ့်အစိုးရ၊ ထိုင်းအာဏာပိုင်၊ ကြားပွဲစားနဲ့ ကိုယ်တိုင်အတွေအကြုံ အသိဗဟုသုတနည်းလို့ပါ။ အားလုံးအတွက် ၀ိုင်းပြီး အများကြီး ကြိုးစားကြရဦးမှာပါ” လို့ ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရွေတွံတေးဆရာတော် တနေ့တာမှတ်တမ်း ဂျပန်ရုပ်သံမှတ်တမ်းအဖွဲ့မှရိုက်ကူး
  1. ဆရာတော် သက်တော်ရာကျော်ရှည် ပါစေ။ ထိုင်းနိုင်ငံတွင် နေထိုင် စီးပွါးရှာနေကြသော မြန်မာနိုင်ငံသား များကိုကူညီစောင့် ရှောက်နေသည့် အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါသည်။

Comments are closed.