လောကဓာတ်ခန်း

ချောရတနာ၊ အီးတီရုပ်ရှင်၊ ရဲအရာရှိ အလိမ်ခံရခြင်းနဲ့ ဂျာနယ်အပိုင်းအစများ

အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
အောက်တိုဘာ ၁၇၊ ၂၀၁၂

True  ဂျာနယ် – အောက်တိုဘာ ၂
၁၂ တန်း၊ လူကုန်ကူးခြင်း နဲ့ ရဲအရာရှိ အလိမ်ခံရခြင်း
၁။ မြန်မာပြည် အထက်တန်းပညာရေးကို ၁၂ တန်းအထိ တိုးချဲ့မယ် ဆိုတဲ့ သတင်း ကြားပြီးဖြစ်မှာပါ။ True ရဲ့ သတင်းမှာတော့ ပြည့်ပြည့်စုံစုံ ရေးထားတဲ့အပြင် မတူတဲ့ အမြင်နှစ်ခုကိုပါ ထည့်သွင်းထားတဲ့အတွက် မျှတ ဘက်မလိုက်တဲ့သတင်း ဖြစ်နေတာကို တွေ့ရမှာပါ။

၂။ တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးတစ်ယောက်မွေးရမယ်၊ ပြီးရင် သိန်း ၃၀ လောက် ရမယ်၊ အိမ်ပြန်လာရမယ်လို့ စည်းရုံးတယ်။ အဲဒါကို လက်ခံသဘောတူပြီး လိုက်သွားတဲ့သူ အများကြီးရှိတယ်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှူး ဒုတိယရဲမှူးကြီးညွန့်လှိုင်ရဲ့ ပြောဆိုချက်ပါ။ ဒီအကြောင်းအပြင် မြန်မာပြည်မှာ ဖြစ်ပွားမှု အများဆုံး လူကုန်ကူးမှုအမျိုးအစားတွေကို သတင်းမှာ ဖော်ပြထားပါတယ်။

၃။ ရဲအရာရှိတယောက် မန္တလေးကနေ စစ်ကိုင်းကို ပြောင်းတာ ပြောင်းရွှေ့ကြေး သိန်း ၅၀ ပေါက်ဈေးရှိပါတယ် တဲ့။ အမှုတခုမှာတော့ သိန်း ၃၀ ပေးပြီးချိန် ပြောင်းရွှေ့ရေးကိစ္စမှာ ထူးခြားမှုမရှိတဲ့အတွက် ငွေအကုန်ခံတဲ့ရဲက ရဲစခန်းမှာတိုင်တယ်၊ ဒါကြောင့် ဒီအမှုကို စစ်ဆေး
နေတယ်လို့ ဆိုတယ်။ အတော်လေးကို ရယ်စရာကောင်းတဲ့သတင်းမျိုးပါပဲ။
ရဲအလိမ်ခံရ၊ ပြောင်းရွှေ့ရေးလာဘ်ထိုးရတာ ဈေးကြီးနေတဲ့ကိစ္စ၊ နေရာဒေသအပြောင်းအလဲ စတာတွေကို အသေးစိတ် သိရရင် ကောင်းမှာပါ။

ဒီသတင်း ၃ ပုဒ်ကို = Click =   မှာ ဖတ်ပါ။

ရခိုင်ဒေသ လူထု အစည်းအဝေး

ရသေ့တောင်မှာ ကျင်းပခဲ့တဲ့  လူထု အစည်းအဝေးကြီး နဲ့  ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ရေးထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဒီသတင်းကို = Click =   မှာ ဖတ်ပါ။

နားထိုင်းဖို့လိုတယ်

ကျန်းမာရေးအတွက် နားထိုင်းဖို့ လိုနေကြောင်း ဦးဘဂျမ်းကာတွန်းဟောင်းတပုဒ်မှာ သရော်ထားပါတယ်။ = Click =   မှာပါ။
နိုင်ငံရေးသမားများကို သရော်တာပါ။ နိုင်ငံရေးသမားဆိုတာ အစိုးရပိုင်းရော အတိုက်အခံပိုင်းရော ပါဝင်ကြောင်း သတိချပ်နိုင်ရင် ဒီကာတွန်းကို ပိုမိုခံစားနိုင်မှာပါ။

ပြေ (ဆေး ၂) နဲ့ နောက်ကြည့်မှန်

မင်းကိုနိုင်ရဲ့ ၀တ္ထုဖတ်မိတဲ့ စာရေးဆရာ ပြေ (ဆေး ၂) က သူစဉ်းစားမိတာ၊ ခံစားမိတာတွေ ရေးထားပါတယ်။
စကားပြေနဲ့ပတ်သက်တဲ့ သူ့အယူအဆ၊ သူ့ရဲ့ ကျောင်းသားဘ၀တို့ကိုလည်း ဖော်ပြထားတာပါ။
မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ဝတ္ထုကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းဖို့လည်း သူက တိုက်တွန်းထားပါတယ်။
စာ ၁ လင့် – = Click = 
စာ ၂ လင့် – = Click = 

ရည်စားသက် ၁၀ နှစ်ကျော်ပြီ

သရုပ်ဆောင် ချောရတနာက သူ့ချစ်သူနဲ့ လက်ထပ်တော့မယ်၊ ရည်စားသက် ၁၀ နှစ်ကျော်လာပြီ လို့ ဆိုတယ်။
လက်ထပ်မယ့်နေရာ၊ အချိန်တို့ကိုလည်း ပြောပြထားပါတယ်။
လင့် – = Click = 

ပုဂံမှာ ထုံးသုတ်ခြင်း

ဦးလှဝင်း (လေသူရဲတစ်ဦး)က ကျွန်တော်နှင့်ယနေ့ပုဂံ ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးထားပါတယ်။ = Click =   မှာပါ။
သူပြောချင်တာတွေ အကုန်ပြောသွားတဲ့ ဆောင်းပါးပါ။
သို့သော်လည်း အစိုးရပိုင်းက ဒီဆောင်းပါးကို ဖတ်ဖြစ်ပ့ါမလားလို့ တွေးပူမိသလို၊ လိုရင်းကို ဒီထက် ပိုပြီး ထင်ထင်ရှားရှားပေါ်လွင်အောင် ရေးသင့်တယ် လို့လည်း တွေးမိပါတယ်။

အပြောင်းအလဲကာလ နဲ့ အမျိုးသမီးတို့ရဲ့ ပါဝင်မှု

NLD အဖွဲ့ဝင် ၃ ဦးရဲ့ ဆွေးနွေးဟောပြောပွဲအကြောင်း ဆောင်းပါး တပုဒ်ပါ။  = Click =

ဆောင်းပါးရှင်က အတော်လေး အားစိုက်ထုတ်ရေးသားထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။
နိုင်ငံရေးလောကထဲ လူငယ် ၃ ယောက်ရဲ့ အမြင်တွေ၊ လေ့လာချက်တွေကို စုစည်းထားတာပါ။

အလင်းတန်းဂျာနယ် – အောက်တိုဘာ ၁
IC နယူးယောက်ပွဲ
ဘားမားတူဒေးရဲ့ သတင်း လို့ ဆိုပါတယ်။
IC တီးဝိုင်းရဲ့ အမေရိကန်ခရီးစဉ် နောက်ဆုံးပွဲ (နယူးယောက်ပွဲ)အကြောင်း ရေးထားတာပါ။ = Click =


ဂေးတယောက် ပညာသင်ယူပုံ

ဂေးလောကထဲ ရောက်လာတဲ့ ဘိုဘိုနီရဲ့ ပြောဆိုချက်တွေကို ကျော်ရင်မြင့်ရဲ့ ကြော့ကြော့မော့မော့ မှာ ဖတ်ရမှာပါ။ = Click = 


အီးတီရုပ်ရှင်

ခြောက်ထပ်ကြီးဘုရားမှာ လုပ်ခဲ့တဲ့ ကန်တော့ပွဲပေးတဲ့အခမ်းအနားက အကြားအမြင်ဆရာမ အီးတီအကြောင်း ရိုက်မယ့် ဇာတ်ကားအတွက်ပါ တဲ့။
ဒီဇာတ်ကား မြန်မာပြည်မှာ ရိုက်မယ်၊ ထိုင်းမှာ ပြမယ်လို့ သတင်းက ဆိုပါတယ်ခင်ဗျာ။ = Click =


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ချောရတနာ၊ အီးတီရုပ်ရှင်၊ ရဲအရာရှိ အလိမ်ခံရခြင်းနဲ့ ဂျာနယ်အပိုင်းအစများ
  1. ဂျာနယ်တွေထဲကနေ ခုလိုမျိုးကောက်နှုတ်ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Comments are closed.