ကဗျာ ကမာပုလဲ

နှင်း နှင့် မုတ်သုံ (Kama Pale)

နှင်း နှင့် မုတ်သုံ

ကမာပုလဲ၊ အောက်တိုဘာ ၁၇၊ ၂၀၁၂

လရိပ်မှာ

စောင်းခတ်သံတွေ ကြားမိပါစ … နှင်း။

စောင်းကြိုးမှာ တွဲခိုနေတာ

ဂီတမှ မဟုတ်တာ…။

ပန်းကလေးတွေ အိပ်စက်နေတာ

သွားမနှိုးလိုက်ပါနဲ့ … နှင်း။

ဒီလို လောကကြီးမှာ

သူတို့အိပ်မက်တွေလောက် ရိုးသားတာ ဘယ်ရှိနိုင်ပါ့မလဲ …။

ကွက်ကြား အချစ်တွေနဲ့ မုတ်သုံဟာ

ပရိယာယ်ဆံဆံ လက်ပြသွားခဲ့ပြီ … ။

လမ်းကလေးတွေဟာ

သူပေးခဲ့တဲ့ ဝေဒနာတွေနဲ့ ကြေကွဲမဆုံး …။

ဘ၀တွေကို

အသစ်တဖန် ပြန်လည်စတင်ရမယ့် မနက်ဖြန်များစွာ

ပန်းပွင့်ကလေးများအတွက်ဆိုရင်

မင့်မျက်ရည်စတွေနဲ့ …

သူတို့ … အနာတရ ကင်းစေ ။     ။


( ကမ္ဘာ့ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ … သို့)

၁၆၊ ၁၀၊ ၂၀၁၂။

(Photo – This July 2008 photo shows an ethnic Karen student learning English at a school in Mae La camp, near the Thai-Myanmar border in Mae Sot district, Tak province, 600 km (373 miles) north of Bangkok. REUTERS/Chaiwat Subprasom)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts