အောက်တိုဘာ ၁၀၊ ၂၀၁၂
ရုပ်ကိုက
သမိုင်းညှော်နံ့စွဲရုပ်နဲ့
ပြည်တွင်း (၂၄) နှစ်တွေနဲ့
ပြည်ပြေး (၂၄) နှစ်တွေတောင်
ပြန် ဆရာခေါ်ရမယ့်ပုံ …။
သုံးတယ်၊ သမိုင်းစဉ်ကြီးတဲ့
ဗကပ စာအုပ်တွေဖတ်
ဝိတ်သုံး ခြောက်မယ်၊
အမြောက်နဲ့ ချိန်လဲ
အဆံမပါ ဗလာ …။
နာမည်ကြီးတွေလား
လာထားလေ
အကုန်ကပ်ရက်သုံး
ထပ်တူပြုဖွဲ့  …။
ခေတ်ကိုက
ဗြုပ်စ ဗျင်းတောင်းတွေ
အိတ်သွန်ဖာမှောက်
အရောအနှောပြုတတ်ရင်
လူရာဝင်တဲ့ ခေတ် …။
အပြောကောင်းရင်
အပြပါကောင်းရောလား
လေလှည့်တွေကြားမှာ
သူလို
လက်လှည့်မကျွမ်းတော့
ရေငုံလိုက်
မင်းပါးစပ်
အဲ့ဒီလို
ကိုယ့်ကိုယ်ကို ဆုံးမ …။
ခပ်တည်တည်နဲ့
ဟောက်တတ်ဖို့ပဲ
လိုတဲ့ခေတ်က
မကုန်တတ်သေးတော့
ညီအကိုမသိတသိ
အချိန်တဲ့လေ …။
ကဗျာက အရမ်းကောင်းတယ် တကယ့်အမှန်တွေကိုထုတ်ပြတယ်လို့ခံစားမိပါတယ်