ကမာပုလဲ

ရဲဘော်ကြီး ဦးတင် …. သို့

ကမာပုလဲ
အောက်တိုဘာ ၁၀၊ ၂၀၁၂
ဗမာပြည် လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေးမှာ
သူဟာ … အမျိုးသားသူရဲကောင်း။

ပြည်တွင်းငြိမ်းချမ်းရေး စစ်စစ်အတွက်
တိုးတက်တဲ့ လှုပ်ရှားမှုတွေထဲမှာ
သူဟာ
မှိုင်း၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာတို့ရဲ့ ရဲဘော် …။

အလုပ်သမား လယ်သမား
ပစ္စည်းမဲ့ ပြည်သူလူထုကြီးရဲ့ တိုက်ပွဲဝင် တပ်ဦးမှာ
သူက … လက်နက်ကိုင်တော်လှန်ရေးရဲ့ ကြယ်စင်အနီ။

သူ့ဘ၀ရဲ့
အစ … အလယ် … အဆုံး
အဖိနှိပ်ခံလူထုဘက်မှ
တိုက်ပွဲဝင် ရုပ်ပုံလွှာ …။

အဲဒီ ကြယ်စင်အနီကား
တိုက်ပွဲဝင်ရင်း ကြီးမြတ်ဂုဏ်ယူစရာ ကျဆုံးခဲ့လေပြီ…။

သူ့ဘ၀ကို အတုယူ
သူ့ရပ်တည်ချက်ကို ခံယူ
သူပြသည့်လမ်း လွတ်မြောက်ရေးလမ်းကို
တိုက်ရင်း ဆက်ဆက်ချီကြစို့ …။ ။

(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော …. အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts