မိုးမခကို ပေးတဲ့စာ

ကညန၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ်တို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု

ဟင်္သာတမှပေးစာ 
အောက်တိုဘာ ၁၀၊ ၂၀၁၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ၅-၆-၂၀၁၂ နေ့မှစတင်၍ ဆိုင်ကယ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးလျှက်ရှိရာ၌ ကညန၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ်တို့မှ အခွန်ထမ်းပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုများရှိနေကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာလုပ်သား အများစုနေထိုင်ရာဒေသဖြစ်ခြင်းအပြင်၊ နှစ်စဉ်ရေလွမ်းမိုးမှုဒဏ်ကိုခံစားနေရသော တိုင်းဒေသကြီးဖြစ်သောကြောင့် လယ်ယာလုပ်ငန်းကို နှစ်ကြိမ် နှစ်ခါ ပြန်လည်ပြုလုပ်နေရပါသည်။ ထို့ကြောင့် ဆိုင်ကယ်လိုင်စင်ဝင်ရာတွင် (၈) လပိုင်းမှသာလာရောက်၍ လိုင်စင်ဝင်နိုင်ခဲ့သောကြောင့် ဆိုင်ကယ်စီးရေနှင့် ကန့်သတ်ရက်မလုံလောက်မှုကို အခွင့်ကောင်းယူ၍ ဌာန ဆိုင်ရာဝန်ထမ်းများက ပွဲစားများနှင့်ပေါင်းကာ အမြန်ပြုလုပ်ပေးမည်ဆိုကာ ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀ ကျပ်တောင်းခံကာ စီနီယာ ကျော်ပြီး ပြုလုပ်ပေးမှုကြောင့်၊ ရိုးရိုးသာမန်လိုင်စင်ဝင်မည့်သူများ (ထိုပွဲစား၊ ဌာနဆိုင်ရာဝန်ထမ်းနှင့်) မပြုလုပ်သူများမှာ (၆) ရက် မှ (၈) ရက် အထိ ဘုရားဆိုင်ခန်း၊ ဘုန်းကြီးကျောင်း၊ တည်းခိုခန်း အစရှိသည်တို့တွင် တည်းခိုပြီး စောင့်ဆိုင်းနေရမှုကို သည်းမခံနိုင်၍ (၂-၁၀-၂၀၁၂) နေ့မှစတင်ပြီး တောင်းဆိုမှုများပြုလုပ်လာကြရာ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှုး၊ အကောက်ခွန်မှ တာဝန်ခံအရာရှိ ဒု-အကောက် အခွန်မှုး မောင်မောင်ဦးနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့်ညှိနှိုင်းပြီး နံပါတ်စဉ်အလိုက် ပြု လုပ်ရန် ညှိနှိုင်းခဲ့ပါသည်။ သို့သော်လည်း ယခင်ရက်များကတည်းက က.ည.န ၀န်ထမ်းများ၊ အထူးသဖြင့် ဒုဦးစီးအင်ဂျင်နီယာ စက်မှုကျွမ်း ကျင်ဌာနမှ ၀န်ထမ်း၊ လုပ်အားပေး ၀န်ထမ်းများ အဆင့်ဆင့် ပွဲစားများနှင့်ပေါင်း၍ လိမ်လည်မှုတို့ကြောင့် အစီးရေ (၁၂၀၀) ကျော် အမှုတွဲ များထဲမှ (၈၀) လောက်ပျောက်ကာ ၁၀ ရက်အထိ ကြန့်ကြာခဲ့မှုအပေါ် စသုံးလုံးမှ လာရောက်စစ်ဆေးရာ အဓိကမှားယွင်းမှုမှာ ကညနမှ ဖြစ်ကြောင်း ဦးစီးမှူး ဦးအောင်ဝင်းမှ ၀န်ခံပြောဆိုခဲ့ပါသည်။

(၃-၁၀-၂၀၁၂) အစည်းအဝေးတွင် အကောက်အခွန် ဦးမောင်မောင်ဦးမှ ခရိုင်အုပ်ချုပ်ရေးမှူးရှေ့တွင် သူ၏လက်မှတ်မပါဘဲ ဘဏ်ကို ငွေ သွင်းခိုင်းမှုအပေါ် မှားယွင်းကြောင်းတင်ပြရာ က.ည.နဦးစီးမှူး ဦးအောင်ဝင်းမှဝန်ခံပြီး ပြည်တွင်းအခွန်မှ အစီရင်ခံစာရေးတင်ပြရန် ပန် ကြားခဲ့ပါသည်။ ထိုသို့ ကြန့်ကြာမှုဖြစ်ရခြင်းအကြောင်းကို မှုခင်းသတင်းတပ်ဖွဲ့မှုး ဦးထွန်းသိန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး၊ စသုံးလုံးမှ တာဝန်ရှိသူများတင်ပြပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကန့်သတ်ရက်အတွင်း လိုင်စင်ဝင်၍မပြီးလျှင် အဖမ်းခံရမည်။ ပြီးအောင်လုပ်ပေးစေလိုလျှင် ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀ ကျပ်ပေးရမည်ဟု ကညန ဒုဦးစီးမှစ၍ ၀န်ထမ်းအဆင့်ဆင့်နှင့် လုပ်အားပေးအမည်ခံ ပွဲစားများဖြစ်သော မောင်ဝဏ္ဍ (ဘ-ဦးဉာဏ်ထွန်း တာကလေးရပ်ကွက်)၊ အေးမြနန္ဒာ (၄) လမ်းမှ ကိုအောင်ကြိုင် (ပိုင်ကဖီး) နှင့် ဒူးယားမှ နေလင်း လုပ်အားပေးများနှင့် အပြင်ပွဲစားများ ပေါင်းကာ မိမိပြုလုပ်ပေးရသော ဆိုင်ကယ်အမှုတွဲများကို ထင်သလိုပြုလုပ်ခြင်းကြောင့် အပေါ်အောက် ပြောင်းပြန်တွေဖြစ်ကာ အချိန် ကြန့်ကြာ မှုများ ဖြစ်ခဲ့ရပါသည်။

ဆိုင်ကယ်တစ်စီး ခဲခြစ်ပြီးလျှင် နံပါတ်ပြားဘိုး ၇၀၀၀ ကျပ် ပေးရပါသည်။ သို့သော် နံပါတ်ပြားမှာ ချက်ခြင်းမရသောကြောင့် လောလောဆယ် ဓါတ်ပုံရိုက်ရန် အပြင်ဆိုင်မှ ၁၀၀၀/ကျပ် ပေး၍ ၀ယ်ရပါသည်။ ထိုနံပါတ်ပြားဆိုင်နှင့် ကညနပေါင်းကာ ဆိုင်ကယ်အစီးရေ ၂၀၀၀၀ နှစ် သောင်းကျော်အတွက် ကျပ်သိန်းနှစ်ဆယ်ကို မျှစားခဲ့ပါသည်။ ခဲခြစ်ပြီးလျှင် တစ်စီးကို ၇၀၀၀ ကျပ်ရသောကြောင့် တရားမ၀င် စာရွက်စာ တမ်းများနှင့် လမ်းမပေါ်အထိလိုက်၍ ခဲခြစ်ပေးခဲ့သည်အထိ ကညနမှ ၀န်ထမ်းများ၊ ပွဲစားများ သောင်းကျန်းခဲ့ကြပါသည်။

ထိုသို့ ကြန့်ကြာမှုများဖြစ်အောင်၊ အခွန်ထမ်းပြည်သူများနစ်နာအောင်ပြုလုပ်သော က.ည.န၊ ပြည်တွင်းအခွန်မှ ၀န်ထမ်းများအား အရေးယူ ဖော်ထုတ်ပေးရန် တင်ပြအပ်ပါသည်။

မှတ်ချက် ။   ။ အမြန်ကြေး ၁၅၀၀၀ ကျပ်မှာ ၀န်ထမ်းနှင့်ပွဲစား တစ်ယောက်တစ်ဝက်ရပါသည်။

ဌာနပေါင်းစုံမှ ၀န်ထမ်းများအပြင် ကညနမှ လုပ်အားပေးနှင့် ပွဲစားတွဲလုပ်သော လူစာရင်း
(၁) ၀ဏ္ဍ (ဒု-ဦးစီးနှင့် တွဲလုပ်သည်)
(၂) ကျော်ကျော် (အင်ဂျင်နီယာဌာနနှင့် တွဲလုပ်)
(၃) အောင်ကြိုင်-ပိုင်ကဖီး (လူ့အခွင့်အရေးအကြောင်းပြ လိမ်ညာ)
(၄) နေလင်း-ဒူဒယား (လူ့အခွင့်အရေးအကြောင်းပြ လိမ်ညာ)
(၅) ထွန်းထွန်း-အပြင်ပွဲစား


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကညန၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ်တို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု
  1. ဧရာဝတီတိုင်း ဟင်္သတ မြို့ကအဆိုးစုံးပါဘဲ ကျွန်တော်တို့မြို့ကလေးကို နိုင်ငံတော်သမတ နှင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် တို့မှ အရေးယူပေးပါရန် တင်ပြအပ်ပါသည်။

  2. အကိုရေ အောင်ကြိုင် နှင့် နေလင်းကလိမ်တာမဟုတ်ဘူးအကိုရ လိမ်တာထက်ဆိုးတယ် က.ည.န ပျော့ ကွက် ပိုယူကွက်တွေ ကိုနင်းပြီး ကျော်ဇေယျထါန်းတို့ နဲ့ ပေါင်းပြီး ဦးစီးကို ကျွန်တော်တို့ ဆိုင်ကယ်တွေအရင်လုပ်ပေးမပေးရင်
    တိုင်မယ် ပြောမယ်လို့  အကြပ်ကိုင်တာ သူတို့ လုပ်နေတာက လူ့ အခွင့် အရေး သူတို့ အခွင့် အေ၇းအတွက်များဝင်တာလားမသိဘူးဗျာ ဥိးအောင်သင်းကလည်းကြောက်လိုက်တာတုန်ရော

  3. ဒီနေ့ နံနက်က အပြည်ပြည်ဆိုင်ရာသိတင်းမှာ ဖတ်လိုက်ရတယ်။ အီတလီနိုင်ငံမှာလည်း လပ်ပေးလပ်ယူမှုတွေများလွန်း လို့ ဥပဒေပြင်လိုက်ပြီတဲ့။ လပ်ပေးတဲ့လူကို နယ်နှင်ဒါဏ်ပေးပြီး တခြားနယ်တွေမှာ အစိုးရထံမှ မှတ်ပုံတင်ပြီးလုပ်ရတဲ့လုပ်ငန်း ဘာမှလုပ်လို့ မရဘဲ ဘလက်လစ်အဖြစ်ကြေငြာခံရမယ်တဲ့။ လပ်ယူသူကတော့ တည်ဆဲဥပဒေထက်နှစ်ဆတိုးပြီး သက်ဆိုင်ရာတရားရုံးကသတ်မှတ်ရမယ်တဲ့။ သာဓု သာဓု နှစ်ခါခေါ်လိုက်မယ်။
    မြန်မာနိုင်ငံက သမတကြီးနဲ့ လွှတ်တော်အမတ်မင်းများ လပ်ပေးလပ်ယူဆိုင်က အာလူးပူတီမစားဘဲ၊ တကယ် အီတလီလို လုပ်ပြမယ်ဆိုရင် နောက်ဆုံး သာဓု လေးလှူလိုက်မယ်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က Oppar Gangman Style နောင်ကြီး လူ့ ဘော်ကျော့များ (ဘာသာပြန်မှားရင်ခွင့်လွှပါ) ထောင်နှုပ်ခမ်းပေါ်မှာ ကနေတာမြင်ခြင်စမ်းပါဘိ၊ လက်ခုတ်လက်ဝါးတီးပြီး အားပေးခြင်စမ်းပါဘိ Oppar Hinzada Style နောင်ကြီးများရယ် – – –

Comments are closed.