ကဗျာ

ဘ၀အဓိပ္ဗာယ်ဆိုတာ (သို့မဟုတ်) အမေ့လမ်းစဉ် (Zaw Htet (Pyin Ma Nar))

ဘ၀အဓိပာယ်ဆိုတာ (သို့မဟုတ်) အမေ့လမ်းစဉ်
ဇော်ထက် (ဉ်းမနား)၊ အောက်တိုဘာ ၅၊ ၂၀၁၂

အသင့်ပြင်ထားတာပဲ ဖြစ်ဖြစ်
အသင့်ပြင်မထားတာပဲ ဖြစ်ဖြစ်
တစ်နေနေ့မှာတော့
အရာရာအားလုံးဟာ
ဆုံးပါးသွားကြရမှာပဲ…..။

မိုးသောက်အာရုံဦးနေ့သစ်တွေ၊
မိနစ်စက္ကန့်တွေ
နာရီတွေ
ဒါမှမဟုတ်လေ
နေ့ရက်တွေဟာ
ဘာတွေမှ
ရှိကြတော့မှာ
မဟုတ်ပါဘူး……။

မင်းစုဆောင်းထားခဲ့တဲ့
အရာအားလုံးဟာ
တန်ဘိုး ထားခဲ့တာပဲဖြစ်ဖြစ်
ချောင်ထိုး ထားခဲ့တာပဲဖြစ်ဖြစ်
တစ်ယောက်ယောက်ဆီကို
ရောက်သွားရမှာပဲ…..။မင်းရဲ့ချမ်းသာမှု
ကျော်ကြားမှုနဲ့
အာဏာအစုစုဟာ
ဘာမှမသက်ဆိုင်တော့သလိုပဲ
ပျောက်ကွယ်မြဲက
ဓမ္မတာပါပဲ…..။

မင်းပိုင်ဆိုင်ခဲ့တာလား
အကြွေးတင်နေခဲ့တာလား
ဘာမှမထူးခြားတော့ပါဘူး…..။

မင်းရဲ့အာဃာတတွေ
ခါးသီးမှုတွေ
အလိုမကျမှုတွေ
ဝန်တိုမှုတွေဟာ
နောက်ဆုံးမှာ
ပျောက်ကွယ်ရတာပါပဲ…..။

အဲဒီလိုပဲလေ
မင်းရဲ့မျှော်လင့်ချက်တွေ
ရည်မှန်းချက်တွေ
ကြံစည်မှုတွေ
လုပ်စရာတွေ
ကုန်ဆုံးချေပေါ့……။

အရေးကြီးလှ
တစ်ခါကထင်ခဲ့တဲ့
အောင်မြင်မှုတွေ
ကျဆုံးမှုတွေဟာ
ပျောက်ကွယ်သွားရမှာပဲ…..။

မင်း ဘယ်ကလာသလဲ
မင်း ဘယ်လမ်းလျောက်ခဲ့တာလဲ
နောက်ဆုံးမှာ
ဘာကများ
အရေးပါတော့ဦးမှာလဲ…..။

မင်းဘဝ

အရမ်း လှခဲ့ပါစေ
အရမ်း တောက်ပခဲ့ပါစေ
ဘာတွေကများ
အရေးပါနေတော့လို့လဲ…..။

မင်းက
မိန်းမ ဖြစ်ဖြစ်
ယောက်ျား ဖြစ်ဖြစ်
ဘာလူမျိုးဖြစ်ဖြစ်
ဘာတွေဖြစ်ခဲ့တောင်မှ
ဘာများ ဆိုင်ကြတော့လို့လည်း…..။

ဒီတော့ကာ
“ဘ၀အဓိပ္ဗာယ်ဟာဘာတဲ့လဲ”
မင်းပိုင်ဆိုင်တဲ့
ဘ၀ရဲ့တန်ဘိုးတွေကို
ဘယ်လိုတိုင်းတာကြမှာလဲ…..။

အရေးကြီးတာကတော့
မင်း ၀ယ်ထားခဲ့တဲ့ အရာတွေ
မဟုတ်ပါဘူး
မင်း ဆောက်တည်ခဲ့တာတွေ ပါပဲ……၊
မင်း ပိုင်ဆိုင်ခဲ့တဲ့အရာတွေ
မဟုတ်ပါဘူး
မင်းမျှဝေခဲ့တာတွေပါပဲ …..။

အရေးကြီးတာကတော့
မင်းရဲ့အောင်မြင်မှုရခြင်းသာ
မဟုတ်ပါဘူး
မင်းရဲ့အရေးပါမှုသာပဲ….။

အရေးကြီးတာကတော့
မင်းဆည်းပူးခဲ့တဲ့ပညာတွေ
မဟုတ်ပါဘူး
မင်း ပြန်လည်ပို့ချခဲ့တာတွေပါ…..။

အရေးကြီးတာကတော့
သိက္ခာရှိတဲ့လုပ်ရပ်
မြတ်နိုးမှု
သတ္တိရှိမှု
အနစ်နာခံမှုတွေနဲ့
တစ်ပါးသူတွေကို
အားပေးအားမြှောက်ပြုနေတဲ့
တွန်းအားတွေနဲ့
စံပြအစစ်ရဲ့ 
စံပြဖြစ်ခဲ့ခြင်းပါပဲ…..။

အရေးကြီးတာကတော့
မင်းရဲ့ကျွမ်းကျင်မှုမဟုတ်ပါဘူး
မင်းရဲ့အကျင့်စာရိတ္တသာပါပဲ……။

အရေးကြီးတာကတော့
ရှင်သန်စဉ်မှာ မင်းတစ်ယောက်
လူတွေ ဘယ်လောက်များများ
သိထားခဲ့တာ
မဟုတ်ပါဘူး…..
တကယ်တော့
မင်းဆုံးပါးတဲ့အခါမယ်
လူဘယ်နှစ်ယောက်က
ဘယ်လောက်ကြာကြာ
လွမ်းဆွတ်နေမှာလဲ ဆိုတာ
အရေးကြီးတာပေါ့…..။

အရေးကြီးတာကတော့
မင်းရဲ့အမှတ်ရခဲ့တာတွေ
မဟုတ်ပေဘူး
မင်းကိုချစ်ခဲ့ကြလေတဲ့
သူတို့တွေရဲ့
မင်းအပေါ်အမှတ်ရမှုတွေပဲပေါ့…..။

အရေးကြီးတာကတော့
ဘယ်သူဘယ်ဝါတွေက
ဘာအတွက်
ဘယ်လောက်ကြာကြာ
သတိရမှာသာပေါ့…..။

အဓိပ္ဗာယ်ရှိတဲ့ဘ၀ကို
နေထိုင်မှုက
အမှတ်တမဲ့တော့
ဖြစ်မလာခဲ့ဘူးပေါ့…..။
အဲဒါဟာ
အခြေအနေကြောင့်သာ
ဖြစ်လာခဲ့တာမဟုတ်
ရွေးချယ်မှုနဲ့သာ
ဖြစ်လာရတာပဲလေ……။

အဓိပ္ဗာယ်ရှိလှတဲ့
ဘ၀တစ်ခုကိုသာ
ရွေးချယ်ကာလေ
နေလိုက်ကြစို့ရဲ့…….။။

(Michael Josephson

ရဲ “What will matter” ကို မငမ်းစပ်ဆိုထားပတယ်။
အမေတစ်ယောက်ကတောအဓိပာယ်ရိလတဲ  ဘ၀တစ်ခုနဲ  နေထိုင်နေလေရဲ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဘ၀အဓိပ္ဗာယ်ဆိုတာ (သို့မဟုတ်) အမေ့လမ်းစဉ် (Zaw Htet (Pyin Ma Nar))

Comments are closed.