မိုးမခကို ပေးတဲ့စာ

လိုင်စင်မဲ့ကားများ ဖမ်းဆီး

မြ၀တီသား

အောက်တိုဘာ ၂၊ ၂၀၁၂

စက်တင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်း ဘာအံဂိတ်တွေမှာ လိုင်စင်မဲ့ကားများဖမ်းထားတယ်လို့သိရပါတယ်။ ဒီလိုဖမ်းဆီးခံရတဲ့ကား ( ၁၇) စီးကျော်ရှိတယ်။ ဒီလိုင်စင်မဲ့ကားတွေကို အခုလိုဖမ်းဆီးရတာကတော့ လိုင်စင်မဲ့ကားစီးလာပြီး ဂိတ်ကတာဝန်ကျဝန်ထမ်းတွေကို မ ချေမငံပြောဆိုတာတွေလည်းရှိပြီး ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ ပြောပါတယ်။

လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းဆီးနေပြီဖြစ်ပြီး ကောကရိတ်နှင့် မြ၀တီတို့တွင်လည်း စစ်ဆေးမှုများ မကြာမှီပြုလုပ်မည်ဟု သိရသည်။ ဖမ်းဆီးရရှိသည့်ကားများကို လိုင်စင်ပြုလုပ်စေမှာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ (အတိအကျတော့ မသိရသေးပါဘူး) ငြိမ်းအဖွဲ့ တွေကို ကားလိုင်စင်ကိစ္စဆောင်ရွက်ပေးနေပြီးဖြစ်လို့ နောက်ကို ငြိမ်းအဖွဲ့အမည်နဲ့ ကားတွေစီးလို့ ရ မရကိုတော့ မသိရသေးဘူးလို့ ငြိမ်း အဖွဲ့တစ်ဖွဲက တာဝန်ရှိသူတစ်ယောက်ကပြောပြပါတယ်။ မြ၀တီ၊ ကော့ကရိတ်နဲ့ ဘားအံ-မော်လမြိုင်မြို့တွေက လိုင်စင်မဲ့ကားတွေကို ပေါင်းကြည့်ရင် အစီးရေ သောင်ကျော်ရှိ၏တယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကနေ မြ၀တီကို တစ်ညကို ကား အစီးရေ ၃၀ မှ ၇၀ အတွင်း ၀င်ရောက်လျှက်ရှိပါတယ်ခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “လိုင်စင်မဲ့ကားများ ဖမ်းဆီး
    1. ငါတို့ထားဝယ်မှာလည်းအများကြိးဘဲ တနင်သာရီတိုင်းနဲ့ မွန်ပြည်နယ်ခြား
      မလွှဲတောင်ပေါ်ကစစ်ဆေးရေးဂိတ်မှာကားတစ်စီငွေ ၉၀၀၀၀၀နှူံးနဲ့ပေးရတယ်လို့ပြောနေကြတယ် ခန့်ျွှန်းခြေအစီး500လောက်ရှိမယ်ထင်တယ် ဘုန်းကြီးကျောင်းနာမည်ခံwithout တွေကတော့များကြီးဘဲ တိုင်းအစိုးရ၀န်ကြီးအဖွဲ့ဝင်များမသိတာလား မသိကျိုးကျွန်ပြုထားတာလားတော့မသိတော့ပါခင်ဗျား

  1. ဘယ်သူပြောလဲ ? မဲဆောက်ဘက်က ညတိုင်း ကား အစီး ၃၀ မှ ၇၀ လောက် မြ၀တီဘက်ကို ကူးတယ်ဆိုတာ ။ ရောင်းမ
    ကောင်းလို့  တစ်ည ၄ / ၅ စီးဘဲ ကူးနေရတယ် ။ မသိဘဲ မပြောပါနှင့် ။ သတင်းဆိုတာ ကြားတိုင်းမရေးပါနှင့် ။

Comments are closed.