မျက်မှောက်ရေးရာ သတင်းပဒေသာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘုန်းကြီးကျောင်းများ၊ နေအိမ်များကို မူဆလင်တို့ မီးရှို့ – Bangladesh: Muslims torch Buddhist temples, homes

စက်တင်ဘာ ၃၀၊ ၂၀၁၂

 

 ဓာတ်ပုံ – AFP


Facebook တွင် ရှိသော ကိုရမ်ကျမ်းစာအုပ်ကို စော်ကားထားသည်ဟုဆိုသည့် ဓာတ်ပုံတစ်ပုံကြောင့် ဒေါသထွက်နေကြသည့် ထောင်ပေါင်းများစွာသော  ဘင်္ဂလားဒေ့ရှ်မူဆလင်တို့က
မြန်မာနယ်စပ်အနီးရှိ အနည်းဆုံး ဘုန်းကြီးကျောင်း ၁၀ ကျောင်း နှင့် နေအိမ် ၄၀ ကို မီးရှို့လိုက်ကြောင်း အာဏာပိုင်တို့က တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်သည်။

စနေနေ့ညနှောင်းပိုင်းတွင် စတင်သည့် အကြမ်းဖက်မှုသည် တနင်္ဂနွေနေ့အစောပိုင်းအထိ ကြာခဲ့ကြောင်း ကော့ဆက်ဘဇားခဒေသ  ရဲချုပ် Nojibul Islam က ပြောသည်။

ထိုဒေသအတွင်း လူစုလူဝေးမှု တားမြစ်ခြင်း၊ လုံခြုံရေးအစီအစဉ်များ တိုးချဲ့ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်း တနင်္ဂနွေနေ့ခင်းပိုင်းတွင် အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားလိုက်သည်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ အနည်းဆုံး ၂၀ ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆူပူသူတို့က ဓာတ်ပုံကို ဒေသခံ ဗုဒ္ဓဘာသာဝင် အမျိုးသားငယ်တဦးက Facebook တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြကြောင်း၊ သို့သော်လည်း ဓာတ်ပုံကို ထိုကလေးက အမှန်တကယ် ဖော်ပြခဲ့ခြင်း ရှိမရှိ အတိအကျ မသိရသေးပေ။

ဓာတ်ပုံကို Facebook တွင် မတော်တဆ ဖော်ပြမိခြင်းဖြစ်သည်ဟု ထိုကလေးက ပြောဆိုကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘင်္ဂလားဒေ့ရှ် သတင်းစာ Daily Star က ရေးသားထားသည်။
ဆူပူမှုပေါ်ပေါက်ပြီးမကြာမီမှာပင် သူ၏ Facebook အကောင့် ပိတ်သွားကြောင်း၊ သူနှင့် သူ့မိခင်ကို ရဲတို့က လုံခြုံရာသို့ ခေါ်သွားကြောင်း  Daily Star သတင်းစာက ရေးသားထားသည်.

ကော့ဆက်ဘဇားခဒေသ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Joinul Bari က ပြောဆိုရာတွင် အာဏာပိုင်များက ထိုသားအမိကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။

မူဆလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း ၁၅၀ ရှိပြီး ထိုအထဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ ၁% ထက် လျော့နည်းသည်။

AP သတင်းကို မိုးမခမီဒီယာက ဘာသာပြန်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts