ရန်လင်းအောင်

ရန်လင်းအောင် – ကေတုမတီပန်းချီ (၃) ယောက်

ကေတုမတီပန်းချီ  (၃) ယောက်
ရန်လင်းအောင်
နိုဝင်ဘာ ၁၂၊ ၂၀၁၃


တစ်ယောက်က
ကိုယ်ထူကိုယ်ထ
လမ်းတို့ရဲ့ လမ်းပြ ပိတ်ကားစကို
ဖြန့်ကျက်ချလိုက်တယ် ။
တစ်ယောက်က
ဒုတိယခေတ်ဆီအစချီပုံဆန်းကြယ်
လက်မထိပ်ကအပ်သွားရာ
ခုပြောရင်  ခုဖြစ်နေသလိုပဲ ။
အဲ့သလို
ယုံကြည်ရာရဲရင့်လက်များရဲ့ 
ဓါးခြစ်ပန်းချီကားထဲက
ငါတို့ တတွေ
လာခဲ့ကြတာပေါ့ ။
တစ်ယောက်က
အချစ်လည်းဆုံးခဲ့တယ်၊
စစ်လည်းရှုံးခဲ့တယ်၊
တောင်ကညိုလို့ မိုးပြိုခဲ့ရလေသူ
အလွမ်းနဲ့ သစ္စာမဖေါက်ဝံ့သူ၊
သစ္စာနဲ့ ကျမ်းဘယ်လောက်ဆူဆူ
ကဗျာ့ဧကရာဇ်
တစ်ခေတ်ပြီးတစ်ခေတ်
စီးနင်းသိမ်းပိုက်ခရီးတွင်စေသူ
သစ္စာသစ်နဲ့ လမ်းဖေါက်ခဲ့လေသူ
ဝေဒနာတူရင် ရနံ့ဟာမွှေးမြမြဲ ၊
ဤသက်သေဖြင့်
အသက်တွေ မသေကြတော့ပါ ။…………………..။

တောင်ငူမြို့၊ မြို့တည်နန်းတည် (၅၀၃) နှစ်ပြည့်သို့ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts