ရသဆောင်းပါးစုံ

ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် – အပိုင်း(၂)

ရွှေပြည်စိုး

စက်တင်ဘာ ၂၆၊ ၂၀၁၂ 

  ၅။ ဗုဒ္ဓဘာသာဝင် သူတော်စင်
ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်သည့်အလျောက် အနန္တောအနန္တငါးပါးကို ရိုသေလေးစား ဦးထိပ်ထားလျက် ရှိ နေပါသည်။ ဒေါ်စုသည် နိုင်ငံတကာမှ ဆုများမချီးမြှင့်မီကပင် ဆရာတော်သံဃာတော်များအား နေအိမ်သို့ ပင့်ဖိတ်၍လည်းကောင်း၊ ကျောင်းများသို့သွား၍လည်းကောင်း လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသကဲ့သို့ ရပ်ဝေးရှိ ဆရာတော်များ သီတင်းသုံးရာ ကျောင်းများသို့လည်း သွားရောက်ဖူးမြော်လေ့ရှိပါသည်။ အထင်ရှားဆုံးမှာ မွန်ပြည်နယ်ရှိ သာမညဆရာတော်အား သွားရောက်ဖူးမြော်ခြင်း ဖြစ်ပါသည်။

၂၁ ရာစု မြန်မာ့သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အလှူရက်ရောသူ နောက်ထပ်တစ်ဦးတစ်ယောက်မျှမပေါ်ပေါက်နိုင်ဟုယုံကြည်ရပါသည်။ လောလောဆယ် စုဆောင်းမိသမျှ  နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူးများနှင့် ဆုအသီးသီးစာရင်းများ ကို နောက်ပိုင်းတွင် သီးခြားဖော်ပြထားပါသည်။ ဆက်လက်ရှုစားနိုင်ပါသည်။

၆။ စံတင်လောက်သည့် ဝတ်စားဆင်ယင်မှု
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုသည် ၂၁ ရာစု မြန်မာ့သမိုင်း၏ စံနမူနာဖြစ်သည်။ အထူးသဖြင့် ပြည်ပရောက်မြန် မာအမျိုးသမီးများအတွက်လည်း ဒေါ်စုသည် စံနမူနာဖြစ်သည်။ ပြည်ပရောက် မြန်မာအမျိုးသမီးများသည် အိမ်မှအပြင်သို့ထွက်တိုင်း မြန်မာ အမျိုးသမီးဝတ်စုံဝတ်ဆင်သူ အလွန်နည်းပါးသည်။ လူနည်းစုသာတခါတရံ ဘုန်းတော်ကြီးကျောင်းသွားသည့်အခါ မြန်မာအမျိုးသမီးဝတ်စုံ ကို ဝတ်ဆင်ကြသည်။ ကျန်အားလုံးသည် ဘောင်းဘီ (သို့မဟုတ်) စကတ်ကိုသာ ဝတ်ဆင်တတ်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် အိမ်မှအပြင်သို့ထွက်သည့်အခါတိုင်း မြန်မာအမျိုးသမီးဝတ်စုံဖြစ်သည့် ထမီနှင့်ရင်ဖုံးအင်္ကျီကိုသာ အစဉ်အမြဲဝတ်ဆင်သည်။ ထို့ပြင် အလုပ်သွားတိုင်း၊ ပွဲနေပွဲထိုင်သွားတိုင်း၊ အခြားအခန်းအနားများ သွားတိုင်း၊ ဘုရားသွား ဘုန်းကြီးကျောင်းသွားသည့်အခါတိုင်းတွင် ထမီ၊ ရင်ဖုံးအင်္ကျီအပြင် ပုဝါကိုပါ အမြဲတမ်း လွှမ်းခြုံလေ့ရှိသည်။  အခုနောက်ဆုံး ပြည်ပခရီး (ထိုင်းနိုင်ငံ၊ ဥရောပ ၅ နိုင်ငံ) ထွက်ရာတွင်လည်း မြန်မာအမျိုးသမီးဝတ်စုံကိုသာဝတ်ဆင်ပြီး ပုဝါကို အမြဲတမ်းခြုံထားသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင်လည်းကောင်း၊ ဥရောပ ၅ နိုင်ငံတွင်ကျင်းပခဲ့သည့် အခမ်းအနားတိုင်းသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင်လည်းကောင်း ဒေါ်စုသည် မြန်မာအမျိုးသမီးဝတ်စုံကိုဝတ်ဆင်သည်ကိုသာတွေ့ရပါသည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင် ယင်မှုသည် ၂၁ ရာစု မြန်မာအမျိုးသမီးများ၏ စံနမူနာပင်ဖြစ်ပါတော့သည်။

၇။ စွန့်လွှတ်စွန့်စားမှု
ဒေါ်အောင်ဆန်းစုကြည်သည် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရသည့် စွန့်လွှတ်၊ စွန့်စားခြင်းများကိုစွန့်လွှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်အာဏာ ရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီစနစ်ပြည်လည်ထွန်းကားရေး၊ လူ့အခွင့်အရေးများပြည်လည်ရရှိခံစားရရေးတို့အတွက် အ နစ်နာခံ၊ ကိုယ်ကျိုးစွန့်ပြီးလုပ်မှဖြစ်မည်ကို သိရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ဂုဏ်သိက္ခာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုများကိုစွန့်၊ ကိုယ်ကျိုးစွန့်၊မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ပြီးလုပ်ဆောင်ခဲ့သည်မှာ ကမ္ဘာသိဖြစ်၍ အထူးရှင်းပြရန် လိုမည်မထင်ပါ။ အားလုံးအ တွက် တစ်ဦးတည်းအနစ်နာခံပြီး ဦးဆောင်မှုပေးခဲ့သည့်အတွက် ချီးကျူးပါသည်၊ ဂုဏ်ယူပါသည်။

၈။ ရဲစွမ်းသတ္တိ
ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အမျိုးသမီးကမှ ယှဉ်နိုင်စွမ်းမရှိသည့် ရဲစွမ်းသတ္တိရှိသူဖြစ်သည်။ယုံကြည်ချက်၊ ဆုံးဖြတ်ချက်အတိုင်း မကြောက်မရွံ့နောက်မတွန့်ဘဲ ပြီးစီးသည်ထိ လုပ်ဆောင်လေ့ရှိသည်။ မည်သို့သော အတားအဆီး၊ အန္တရာယ်ရှိသည်ဖြစ်စေ ထိုအတားအ ဆီးအန္တရာယ်များကို ရှောင်ကွင်း၍မသွားဘဲ ရဲရင့်တည်ကြည်စွာဖြင့် ရင်ဆိုင်ရဲသည့်သတ္တိရှိသည်။ ထိုသို့ ရဲရင့်သည့်သတ္တိရှင်သည် ဒေါ်စုမှ တပါး အခြားမရှိဟုပြောလျှင် မှားမည်မထင်ပါ။ အထင်ရှားဆုံးသာဓကများမှာ …

က။ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်အတွင်း ၁၉၈၉ ဇန္နဝါရီလ ၂၁ ရက်၊ နံနက်တွင် ပုသိမ်မြို့ ဝေဠုဝန်ကျောင်း တိုက် ရှိရာသို့သွားရန် NLD တိုင်းရုံးမှ ထွက်လာစဉ် လမ်းတွင် ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်၏ လက်နက်ကိုင်တပ်သားများက ကားနှင့်ဖြစ်စေ၊ ခြေလျင်ဖြစ်စေ မသွားရဟု တားမြစ်ခဲ့ကြသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုလျှင် မိမိအသက်ကို ပဓာနမထားသော ဒေါ် အောင်ဆန်းစုကြည်က “အကျဉ်းသားမှလွဲ၍ သွားချင်ရာကို သွားခွင့်ရှိသည်” ဟုဆိုကာ သူ့အားချိန်ရွယ်ထားသည့် စစ်သားများ၏ သေနတ် များ၊ လှံစွပ်များကြားမှ မတုန်မလှုပ်ဘဲ တည်ကြည်စွာ ဖောက်ထွက်သွားခဲ့သည်။

အသက်အန္တရာယ်ရှိမှန်းသိလျက်နှင့် မကြောက်မရွံ့ မတုန်လှုပ်ဘဲ ရဲရင့်တည်ကြည်စွာ ရင်ဆိုင်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား သောရဲစွမ်းသတ္တိပင်ဖြစ်သည်။
ခ။ ၂၀၀၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း မေလ ၃၀ ရက်နေ့ည ဒီပဲယင်းအရပ်၌ နအဖ စစ်အစိုးရ၏ လျှို့ဝှက်စီမံချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် NLD လူငယ်များအား လူရမ်းကားများက တုတ်၊ ဓား၊ လှံ စသည့် လက်နက်မျိုးစုံတို့ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ချိန်တွင် မိမိအားကာကွယ်ပေးနေသော လူငယ်များအစား မိမိသာ အသေခံမည်ဆိုကာ ကားထဲမှ အတင်းပင်တိုးထွက်ခဲ့သည်။ လူငယ်များက ဒေါ်စုအား ကားထဲမှ ထွက်ခွင့်မပေးဘဲ ၎င်းတို့သာ အသေခံ၍ ကာကွယ်ပေးသွားခဲ့ကြသည်။

ကားထဲမှ ထွက်လိုက်သည်နှင့် သူ့အသက်ပါပျောက်သွားမည်ကိုသိလျက်နှင့် ကားထဲမှထွက်ရန် အတင်းကြိုးစားခြင်းသည် ဒေါ်စု၏ ထူးခြား သော ရဲစွမ်းသတ္တိပင်ဖြစ်သည်။ ချီးမွမ်းစရာ၊ ဂုဏ်ယူစရာ ဖြစ်သည်။

၉။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်နိုင်ငံ့တန်းခေါင်းဆောင် အဆင့်ဝင်ဖြစ်လာစေရန် အထောက်အကူပြုမှုများ၏ အဓိကအချက်သည် သန့်ရှင်းမွန်မြတ်သောစိတ်ထားဖြင့် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော မိဘ၊ ဘိုးဘွားများ၏ ဇာတိသွေးကြောင့်ဖြစ်သည် ဟုပြောနိုင်ပါသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်တွင်ဖေါ်ပြပြီးဖြစ်သည့် ဉာဏ်ပညာအရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်စွန့်စားခြင်း …. စသည်များပါဝင်သကဲ့သို့ ဒေါ်စုရေးသားခဲ့သော စာအုပ်စာတမ်းများ၊ အင်တာဗျူးများ၊ မိန့်ခွန်းများ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေး သားထုတ်ဝေသည့် နိုင်ငံခြားသားပညာရှင်များ၏ စာအုပ်များကလည်းများစွာအထောက်အကူပြုပါသည်။ ၎င်းတို့မှာ ….

 

က။ ။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်များ
1. Let’s Visit Burma by Burke Pub Co, ……. 1985
2. Burma and India by India Institute of Advanced Study , Shimla …… 1990.
3. Aung San of Burma by Kiscadale Publication ….. 1991.
4. Freedom from Fear by Penguin Books …… 1993.

(ဤစာအုပ်ကို နယူးယောက်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့တွင် အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေသည်။ နော် ဝေ၊ ပြင်သစ်၊ စပိန် နိုင်ငံတို့တွင်မူ ၄င်းတို့ဘာသာသို့ပြန်ဆို၍ထုတ်ဝေကြာင်းသိရှိရပါသည်။)

5. Letters from Burma by Penguin Books ………. 1995.
6. လက်ရွေးစင်မိန့်ခွန်များ by La Haule Books…….. 1995
7. Voice of Hope by Published : Italy …………….. 2008
8. Let’s Visit Bhuton
9. Let’s Visit Napal Series by Burke Pub Co.
10. Aung San and Leaders of Asia Aeries.

(ဒေါ်အောင်ဆန်းစုကြည်သည် “ လက်ရွေးစင်မိန်ခွန်းများ “ စာအုပ်မှလွဲ၍ ကျန်စာအုပ်အားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောစာအုပ်များဖြစ်သည်။ အင်္ဂလိပ်လိုရေး အခြားစာအုပ်များရရှိနိုင်ပါသေးသည်။)

ခ။ ။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသည့် စာအုပ်များ
1. The Lady, Aung San Su Kyi , Nobel Laureate and Burma’s Prisoner by Barbara Victor …….. (1998)
2. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling ……   (Nov – 1998)
3. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling ……   (Sept – 1999)
4. Aung San Su Kyi by William David Thomas …… (July – 2004)
5. Aung San Su Kyi : Activist for Democracy in Myanmar by Judy L. Hasday ….. (Jan _ 2007)
6. Perfect Hostage: A life of Aung San Su Kyi , Burma’s Prisoner of Conscience by Justin Wintle …… (Mar – 2008)
7. Aung San Su Kyi : Fearless Voice of Burma by Whitney Stewart …….(Jun _2008)
8. Aung San Su Kyi by Frederic P.Miller …… (Jun – 2010)
9. Most Influentia; World Leaders , Vol – 8 and Aung San Su Kyi by Victoria Hockfield ……. (Mar _ 2011)
10. Aung San Su Kyi by Simon Rose …….. (Jul – 2011)
11. Aung San Su Kyi A Treatise by Amy Johnson (Jul – 2011)
12. Honorary Companions of the Order of Australia : Jacques Consteau, J RN Utzon, Aung San Su Kyi by Source Wikipedia …… (Sep – 2011)
13 . Aung San Su Kyi and Burma’s Struggle for Democracy by Bertil Lintner ….. (Oct – 2011)
14 . Aung San Su Kyi by Jesper Bengtsson ……… ( Mar – 2012)
15 . The Lady and the Peacock : The Life of Aung San Su Kyi by Peter Popham …. (Mar – 2012)
Foreword by Aung San Su Kyi Abhaya : Burma’s Fearlessness by James Mackay.
Forworded by Aung San Su Kyi …. (Dec _ 2011)

 

၁၀။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်ကြောင်း ထပ်လောင်းသက်သေထူ
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှရောက်ရှိလာသည့် နိုင်ငံခေါင်းဆောင်များ၊ထင်ရှားကျော်ကြားသည့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အ စည်းကြီးများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်ပင် ခေါင်းဆောင်အချင်းချင်း ဆွေးနွေးသည့်အဆင့်သို့ရောက်ရှိနေပြီဟု အ သိအမှတ်ပြုရာရောက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပသို့ ခရီးထွက်သည်နှင့် ရောက်ရှိရာနိုင်ငံများမှကမ္ဘာ့ထိပ်တန်းနိုင်ငံ ခေါင်းဆောင်များ နည်းတူကြိုဆိုနှုတ် ဆက် ဧည့်ဝတ်ပြုကြသည်ကို တွေ့ရပါသည်။

ပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံက ဒေါ် အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးအနေဖြင့် ကြိုဆိုရန်စီစဉ်ခဲ့သော်လည်း အရပ်သားဟန်ဆောင် မြန်မာစစ်အ စိုးရ၏ဖိအားပေးမှုကြောင့် လူထုခေါင်းဆောင်တဦးအနေဖြင့်သာ ကြိုဆိုကြောင်းသိရပါသည်။

ဒုတိယခရီးစဉ်ဖြစ်သော ဥရောပ ၅ နိုင်ငံခရီးစဉ်များအတွင်း ရောက်ရှိရာနိုင်ငံများ က ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်း ဆောင်အဖြစ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းသာအားရကြိုဆိုကြသည်။ သမတများ၊ ၀န်ကြီးချုပ်များကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ကြသည်ကိုတွေ့ရပါ သည်။ ဂုဏ်ယူ၍မဆုံး၊ ၀မ်းသာကြည်နူး၍မဆုံးပါ။

အထူးခြားဆုံးမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အထက်အောက်လွှတ်တော် ၂  ရပ်ပေါင်း Westminster ပါလီမန်တွင်  ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းပြောကြားခွင့်ပြုခြင်းဖြစ်သည်။ ထိုသို့ ဒေါ်စုအား စကားပြောခွင့်ပြုခြင်းသည် “အဆုံးစွန်ဂုဏ်ပြုမှု” တရပ်ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ကတည်းက ထိုပါလီမန် ၂ ရပ်တွင်စကားပြောခွင့်ရသည့် ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာရှိသည်။ ၎င်းနောက်ပိုင်း စကားပြော ခွင့်ရသူများမှာ လက်ရှိ ဗါတီကန် ပုပ်ရဟန်းမင်းကြီး ၁၆ နှင့် အမေရိကန်သမတ ဘားရက်အိုဘားမားတို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သည်  တတိယမြောက်ခေါင်းဆောင်ဖြစ်သည်။

တဖန် ဗြိတိန်ဘုရင်မကြီး အယ်လစ်ဇဘက်ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်မိန့်ခွန်းပြောခွင့်ရသည့် အမျိုးသမီးဖြစ် သည်။ (အာအက်ဖ်အေ ၊ ၂၁-၆-၂၀၁၂)

ဤသည်များကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တဦးဖြစ်နေပြီဆိုသည်ကို ပြသရာရောက်နေပါ သည်။ မြန်မာနိုင်ငံအတွက်လည်းကောင်း၊ မြန်မာလူမျိုးများအတွက်လည်းကောင်း ဂုဏ်ယူစရာအတိဖြစ်ပါသည်။

အထက်ပါ အထူးခြားဆုံးဖြစ်ရပ်များက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးဖြစ်ကြောင်း ထပ်လောင်းသက် သေထူလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်နက်မပါ၊ အကြမ်းမဖက်သောနည်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာ အရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊နှင့် စွန့်လွှတ်စွန့်စားခြင်း၊ ၎င်းတို့အပေါ် အခြေပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပါအ၀င် နိုင်ငံတကာမှ ဂုဏ်ထူးဆောင်ဆု ၁၂၀ ခန့်ချီးမြှင့်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရေးသားသောစာအုပ်များ (အင်္ဂလိပ်လို) နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသားသောစာအုပ်များ ကမ္ဘာပျံ့နေခြင်း၊ နောက် ဆုံး အင်္ဂလန်နိုင်ငံ၏ အထူးခြားဆုံးဂုဏ်ပြုခြင်း စသည်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် တဦးဖြစ်နေ ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်
(ကျန်ရှိနေသေးသည့် အပိုင်း (၃) တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူး ၁၂၀ ခန့်ကို ယခုအပတ်အကုန် (wwekend) ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် – အပိုင်း(၂)
  1. ရွှေပြည်စိုး ရဲ့တင်ပြမှုတွေကို ကျနော်အလွန်ကြိုက်ပါသည်၊ ဆက်လက်၍မှတ်တမ်းတင်ပေးပါရန်လည်းတိုက်တွန်းပါသည်။ ဆရာလုပ်ထာလည်းမဟုတ်ပါ အမေစုကို သတိပေးစရာလေးများလည်း စုစည်းတင်ပြပေးပါ၊ ပညာရှိသတိဖြစ် ဆိုတာကြားဘူးလို့ ပါ။ နောက်တစ်ခုက စစ်အာဏာရှင်များနှင့် ယှဉ်တွဲဖေါ်ပြပေးပါ၊ လုပ်ပိုင်ခွင့်တွေ ရာနှုံပြည်ရှိနေတုံးက ပြည်သူအတွက်ဘာလုပ်ပေးကဲ့သလည်း – ? -၊ သေနတ်ပြောင်းဝက အာဏာတွေထွက်နေတုံးက အမေစု ပြည်သူ့ ဘက်ကမားမားရပ်နေခဲ့တာတွေ များများရေးစေ့ခြင်ပါတယ်၊ ဒါပေမဲ့ အမေစု ဘုန်းတော်ဘွဲ့ ကြိုးသီချင်း ကြီးတော့မဖြစ်စေခြင်ပါ။ အကြံပြုတာပါ မှားရင်လည်းခွင့်လွှတ်ကြပါ။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ အမေစု ပုံပါတဲ့ ငွေစက္ကူများထုပ်လုပ်ဖို့ အချိန်တန်နေပါပြီ။ သက်ရှိထင်ရှားရှိနေချိန်မှာ ငွေစက္ကူထုပ်လုပ်ခံရသူများကတော့၊ ယူကေ မှ ဘုရင်မကြီးရယ်၊ နယူးဇီလန်မှ ဧ၀ရက်တောင်ပထမဦးဆုံးတက်ခဲ့တဲ့ Sir Edmund P. Hillary တို့ ဖြစ်ထာကြောင့်၊ အမေစု သက်ရှိထင်ရှားရှိနေစဉ် အမေ့ပုံနဲ့ ငွေစက္ကူကို လူထုသုံးနေတာ – မချီ့ မဆန့် ဖြစ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ မျက်နှာ သူတို့ မသေခင်မြင်ခြင်လို့ ပါ။ အမေစု သက်တော်ရာကျော် ရှည်ပါစေ – – –

  2. This is the high class writing .
    Fantastic summary.
    Great composition.
    Thank you Shwe Pyi Soe.

  3. အမေ.အတွက်တသက်လုံးဂုဏ်ယူမဆုံးပါ။ အမေ.ရဲ.အရည်အချင်း၊သတ်တိ၊စွန့် လွှတ်အနစ်အနာခံမှု၊သဘောထားကြီးမှု၊ဥာဏ်ပညာအမျှော်အမြင် စတဲ. ဂုဏ်ပုဒ်တွေကို ချီးကြူး ဝေဖန်ဖို.တော်ရုံအရည်အချင်းနဲ.မဖြစ်နိင်ပါ။

Comments are closed.