ရွှေဆည်သား (မိုးမခပေးစာ)
စက်တင်ဘာ ၂၅၊ ၂၀၁၂
MOU ဆိုတာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောတူညီချက်အရ ချုပ်ဆိုသောစာချုပ်ဟု သိထားပါတယ်။ မြ၀တီကိုရောက်တော့ မြန်မာနိုင်ငံ ဒေသအနှံ့က လူငယ် ကျားမ စုံလို့ပါဘဲ။ အရမ်းကိုစည်ကားနေတာပါ။ ကျွန်တော်မေးကြည့်တော့ MOU တွေပါလို့ ပြောပါတယ်။ ကုမ္ပဏီနဲ့ လုပ်ပြီး ထိုင်းကိုသွားမလို့ဟုပြောပါတယ်။ ဒီတော့ နှစ်နိုင်ငံ နာလည်မှုစာချုပ်ကနေ ဘယ်ကကုမ္ပဏီနဲ့ ထိုင်းကို သွားအလုပ်လုပ်ရမှာလည်း လို့တွေးမိ့ပါရဲ့။ ဒါနဲ့ ကျွန်တော့်မိတ်ဆွေ မြ၀တီမှာ တာဝန်နဲ့ရောက်နေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်နဲ့တွေ့လို့ သူမိတ်ဆွေ MOU တစ် ယောက်ကို စိတ်ဝင်တစ်စားမေးကြည့်လိုက်တော့ . . .
မြ၀တီမှာ မြန်မာနိုင်ငံဒေသအနှံ့က လူတွေဟာ သူတို့နေရပ်တွေမှရှိတဲ့ အေးဂျင့်တွေကနေတစ်ဆင့် ဒီကိုရောက် လာကြတာလို့သိရတယ် လေ။ ဒီလူတွေကို ဒီကနေပြီး ထိုင်းကို တရားဝင်ပတ်စ်ပို့နဲ့ သွားရအောင်ဆိုပြီး ကူညီပေးတယ်ပေါ့ဗျာ။ ဒီကိုရောက်လာဖို့ အောက်အေးဂျင့် (ရွာကခေါ်တဲ့သူ) က သူတို့ကို ၂၅ ရက်အတွင်း သွားရမယ်၊ အလုပ်တွေကလည်း အများကြီး ကြိုက်ရာရွေးနိုင်တယ်၊ မြ၀တီမှာနေပြီး ရုံးကိစ္စ တွေလုပ်တဲ့အချိန်မှာလည်း ကောင်းကောင်းနေ ကောင်းကောင်းစားရမယ် သေချာပြောဆိုပြီး ဒီကိုခေါ်လာကြတဲ့သူတွေဆိုတဲ့အကြောင်း ပြောပြပါတယ်။ ဈေးကတော့ ၂ သိန်းခွဲ ကနေ ၃-၄ သိန်အထိပေးပြီး လာကြတာပေါ့ဗျာ။ ဒီကိုလည်းရောက်ရော ဒီကလက်ခံဆောင်ရွက်တဲ့ အေးဂျင့်လက်ကို အပ်လိုက်ရတယ်။ မြ၀တီမှာက အေးဂျင့်နှစ်မျိုးရှိတယ်။ ကိုယ်တိုင်ကြွေးတယ။် နေဖို့လုပ်ပေးတယ်။ ပြီးတော့ ရုံးကိစ္စကို လည်း သူကိုယ်တိုင်လိုက်လုပ်တယ်ပေါ့ဗျာ။ တချို့ကတော့ ရုံးကိစ္စကိုလုပ်တာကတစ်ယောက်၊ အနေအစားကို ကန်ထရိုက်ပေးပြီး လုပ်ခိုင်း တာပေါ့။ အမျိုးမျိုးရှိပေမယ့် မြ၀တီက ဈေးနှုန်းကတော့ အစားအသောက်အနေအထိုင်အပြီးအစီး ၁ သိန်းခွဲနဲ့ လက်ခံကြပြန်ပါတယ်။ ဒီလိုနဲ့ အောက်ကနေခေါ်လာတဲ့ အေးဂျင့်က ၁ သိန်းကနေ ၁ သိန်းခွဲလောက် အိပ်ထဲထဲ့ပြီး ပြန်သွားပါလေရော။ ပြောရရင် ဇတ်လမ်းက ဒီကစတာပါ ဘဲ။
မြ၀တီကို မျက်စီသူငယ်နားသူငယ်နဲ့ ရောက်လာတယ်ဆိုရင်ဘဲ နယ်ခံအေးဂျင့်က နေဖို့ တမ်းလျှာလေးစီစဉ်ပါတယ်။ (၁၀) ပေပတ်လည် ဆိုရင်တော့ လူ (၆) ယောက်အိပ်ရအောင်လုပ်တာပေါ့။ ပြီးတော့ ဆန်ကြမ်းကိုချက်ပြီး ဟင်ချိုတစ်ခွက် ငပိကြော်ကစပြီးကြိုဆိုတာက မြ၀ တီ MOU ပါဘဲ။ သန့်ရှင်းမှုမရှိတဲ့ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်ကြီးတဲ့ အိမ်သာတွေကထွက်လာတဲ့အနံ့တွေနဲ့ ကျွန်တော်တို့ MOU ဆိုတဲ့အုပ်စုတွေ ရဲ့ MOU ခရီးကြမ်းကို စတင်ပါတော့တယ်။ မနက်ရောက်ပြီဆိုတာနဲ့ အေးဂျင့်ရောက်လာပြီး မှတ်ပုံတင်များလာယူပါတယ် ။ ပြီးတော့ မင်းတို့လုပ်ရမှာက ဆောက်လုပ်ရေးနော်ဟုပြောပါတယ်။ ကျွန်တော်တို့ကို အောက်မှာခေါ်လာတာက ကားပစ္စည်းစက်ရုံဆိုပြီး ခေါ်လာတာလို့ပြောတော့ အဲဒီ ဒီမန်းတွေမရှိဘူး။ ဒါဘဲရှိတယ်။ မြန်ချင်ရင် ဒါဘဲလို့ပြောပြီး နောက် မြန်တယ်ဆိုတာ ရက် ၆၀ ကို ပြောတာ လို့ ထပ်ပြောပါတယ်။ မင်းတို့ဆီက တို့က ငွေ ၁ သိန်းကျော်ဘဲရတယ်။ ကြာသလောက် နေ-ထိုင်-စားသောက်စရိတ်ခံရမှာမို့ သည်း ခံကြပါ လို့ ပြောပြပါတယ်။ ဒီတော့လည်း အောက်ကနေ လူရရင် ပြီးရောခေါ်လာတဲ့သူတွေကို စိတ်ဆိုးမိတာကလွဲပြီး မတတ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ နောက် ၂ ရက်လောက်နေတော့ ပြည်ပအလုပ်အကိုင်အတွက် အလုပ်သမားရုံးကပေးတဲ့ လေဘာစာရွက်ရလာပါတယ်။ ဒီကအခေါ်တော့ (အောက်လေဘာတို) လို့ခေါ်ပါတယ်။ လေဘာတိုလာပေးတဲ့ရက်ကစပြီး အေးဂျင့် ကျွန်တော်တို့ဆီကို မလာတာ ရက် ၂၀ လောက်ကြာသွားပါ တော့တယ။ ပါလာတဲ့ငွေလေးလည်း ကုန်သလောက်ဖြစ်တဲ့အချိန်မှာ တစ်ခေါက်ပြန်ပြီး ပေါ်လာပါပြီ။ လက်ထဲမှာ စာရွက်ထုတ်နဲ့ စာချုပ်မယ် ပြောပါတယ်။ စာချုပ်ကို ကောင်းကောင်းမဖတ်ရပါဘူး။ စာချုပ်က ပထမစာမျက်နာနဲ့ နောက်ဆုံးစာမျက်နာဘဲပါတယ်။ လက်မှတ်ထိုးရတဲ့ နေရာတွေပေါ့။ အလယ်က လက်မှတ်ထိုးရတဲ့နေရာတွေလည်း မပါဘူးလေ။ မြန်ရင် ပြီးရောပေါ့။ လစာလေးတောင် အပြေးမေးရတယ် ၂၈၅ ဘတ်တဲ့ အချိန်ပို ၄၃ ဘတ်။ ဒီလိုနဲ့နောက်ထပ် (၁၀) ရက်လောက်ကြာတော့ တစ်လဆိုတဲ့အချိန်မှာ နေသားထိုင်သားတော်တော်လေး ကျလာပါတယ်။ ဒီအချိန်မှာ အေးဂျင့်ပြန်ရောက်လာပြီး အပေါ်လေဘာတက်မယ်လို့ ပြောပါတယ်။ ဒီလိုပြောတော့ ကျွန်တော်တို့နေတဲ့ နေ ရာကနေ ၁ မိုင်လောက်ဝေးတဲ့ ကျောက်လုံးကြီးရုံးလို့ခေါ်တဲ့နေရာကို ကားပျက်တယ်ပြောတော့ လမ်းလျှောက်ရင်း ရောက်ကြရတာပါဘဲ။ ရုံးက တောင်ကုန်းလေးပေါ်မှာပါ။ အောက်ကနေ ရာတွေမှာ လူတွေနားနေဖို့ အဆောင်ကြီးတွေ ရှိပါတယ်။ အဲဒီအဆောင်ထဲက တဆောင်ကို ၀င်လိုက်တော့ အားပါး ကျွန်တော့်လိုလူတွေ ထောင်ချီလိုပါလား။ ဒီလိုနဲ့ ကျွန်တော်တို့ ကို အေးဂျင့်ရဲ့စာရေးမဆိုတာတွေက ကိုယ်ရေးရာဇ ၀င်တွေမေးပြီး ဖောင်တစ်ထပ်ကြီးဖြည့်ပါတော့တယ်။ နောက် ရုံးပေါ်တက်ပြီး လ၀ကရဲ့ အစစ်အဆေးခံရပါတယ်။ ဓါတ်ပုံလည်း ရိုက်ရပါ တယ်။ ပြီးတော့ပြန်ခဲ့ရတာပေါ့။ ဒီလိုနဲ့ ဟိုနေ့သွားရနိုး ဒီနေ့သွားရနိုး အေးဂျင့်ငွေ လာမပေလို့ ထမင်းမစားရတဲ့ရက်တွေကိုလည်း တင်းခံ တောင့်ခံရင်း ရက် ၉၀ (၃) လတင်းတင်းပြည်ခဲ့ပါပြီလို့ အဲဒီမိတ်ဆွေက ရှင်းပြပါတယ်။
ဒီတော့ ကျွန်တော့်သူငယ်ချင်းက အစိုးရရဲ့အမှန်လုပ်ကိုင်ပုံတွေကို ထပ်ပြီးရှင်းပြပါတယ်။
၁။ လူရောက်လာရင် အောက်လေဘာ (အလုပ်သမားလက်မှတ်) တင်ရပါမယ်။
၂။ လေဘာရရင် ခေါ်စာ (ဒီမန်း) ရွေးရပါတယ်။ (အလုပ်ရွေးရတာပါ) (သေချာစစ်မှန်တဲ့ ဒီမန်းဖြစ်ရပါ့မယ်)
၃။ စာချုပ် ချုပ်ပါတယ် (ထိုင်းကုမ္ပဏီတာဝန်ရှိသူနဲ့ အလုပ် လုပ်မယ့်သူ၊ သက်သေ အလုပ်သမားဦးစီးအရာရှိနှင့် ဒု-ရဲမှူး တိုပါဝင်ပါတယ်)
၎။ အပေါ်လေဘာတက်လို့ရပြီး ဓါတ်ပုံရိုက်ရပါတယ် (စစ်ဆေးတဲ့ သဘောပါ ) စာချုပ်တွေကို နေပြည်တော်ကို ပို့ရပါတယ်။
၅။ နေပြည်တော်က ပြန်စာရောက်ရင်တော့ ထိုင်နိုင်ငံဘက်အခြမ်းက ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊ ထိုင်းအလုပ် သမားဝန်ကြီးဌာ န၊လ-၀-က စတဲ့ ရုံးတွေပါ ပါတယ်။
၆။ သေချာပြီဆိုရင် ဘယ်သူက တာဝန်ယူပြီး လာခေါ်မယ်ဆိုတာ စာတင်ရပါတယ်။ ဒီအချိန်မှာ မြန်မာအလုပ်သမားရုံးက နေပြည်တော်ကို ရည်ညွှန်းပါစာနဲ့ တင်ရပါတယ်။ ခွင့်ပြုပြီး လာလည်းခေါ်ပြီဆိုရင်တော့ ထွက်ခွာပွဲ လုပ်ရပါတယ်။ ရဲမှူးနဲ့ အလုပ်သမားအရာရှိတို့ မိန်ခွန်း ပြောပြီး ထွက်ခွာရပါတယ်။
၇။ ထိုင်းဘက်ခြမ်းမှာ ပါတ်စပို့ကို (၂) နှစ်ဗီဇာလုပ်ပြီး ဘန်ကောက်ကိုသွားနိုင်ပါတယ်။
ဒါကလုပ်ငန်းစဉ် အသေးစိတ်မဟုတ်သေးပါဘူး။ ဒီကြားထဲမှာ ကုမ္ပဏီရှိမှ လူပို့ရတယ်ဆိုတဲ့ပြဿနာတွေလည်း မနဲပါဘူး။ တကယ်တော့ ကုမ္ပဏီရှိတယ်ဆိုပြီး အလိုလို ဘ၀င်မြင့်နေပြီး သူ့ကိုအပ်ထားတဲ့လူတွေ ရာချီရှိနေတာဖြစ်တယ်။ အလုပ်အရမ်းများဟန်ဆောင်နေတဲ့ အေး ဂျင့်တွေကိုတော့ ကျောက်လုံးကြီးရုံးမှာ ခြေချင်းလိမ်နေတာ တွေ့ရပါလိမ့်မယ်။MOU ရဲ့သဘောကတော့ အစိုးရ-အစိုးရလုပ်တဲ့ ( G to G) ဖြစ်ပြီး ကုမ္ပဏီဆိုတာတော့ မလိုပါဘူး။ အခု ကုမ္ပဏီပေါ်လာတော့ (C to C) ဖြစ်ပြီး ကုမ္ပဏီပိုင်တဲ့သူတွေက ဈေးပိုတောင်းပြီး ရက်ပိုကြာ လာတာပါဘဲ။ ပြီးတော့ ဇယာလည်း အရမ်းရှုပ်လာတယ်လို သိရပါတယ်။ ကျွန်တော်လေ့လာကြည့်ရသလောက် ကုမ္ပဏီပိုင်ရှင်တွေနဲ့ အေး ဂျင့်တွေရဲ့ မာနပြိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောကြ၊ ဂျောက်တွန်းကြ၊ ပညာပြိုင်ကြ ဒဲဒီပွဲမှာ ရွာကနွားကို ရောင်း ပြီးတက် လာတဲ့သူတွေ မြေဇာပင်ဖြစ်ရတာပါ။ လူစုံပါတဲ့ အေးဂျင့်တွေမှာလည်း စစ်အရာရှိဟောင်း၊ ကျောင်းဆရာဟောင်း၊ ကွန်ပျူတာ ဆရာဟောင်း၊ ကော့သောင်းကနေလာတဲ့ ၀ါရင့်အေးဂျင့် စသည်ဖြင့် ရာထူးဂုဏ်ရှိန်တို့ကလည်း မပြိုင့်နိုင်လောက် အောင်ပါဘဲ။ နိုင်ငံတော်အကြီးအကဲ အကုန်လုံးက သူမိတ်ဆွေပါဆိုတဲ့ ရန်ကုန်သားကြီးတွေကလည်း ပါသေးတာပေါ့။ မြတ်မယ်ထင်လို့ ထမင်းကန်ထရိုက်လုပ်တဲ့သူတွေလည်း မမြတ်တဲ့အပြင် အိမ်ပါပေါင်ထားရတာလည်း မနဲပါဘူး။
တစ်ကယ်တော့ အားလုံးဟာ မှန်မှန်ကန်ကန်လုပ်မယ် ဆိုရင် ကောင်းပါတယ် ။အချိန်အားဖြင့်လည်း တစ်ကယ်လုပ်ရင် (၁) လဘဲကြာတယ်လို့ သိရပါတယ် အခုတော့ (၄) လကျော်လာတဲ့သူတွေအတွက် ထမင်းကန်ထရိုက်တွေနစ်နာသလို စောင့်ရတဲ့သူတွေလည်း လယ်ရောင်း နွား ရောင်လာကြရတာမို့ အရမ်းနှစ်နာပါတယ်။ ဒီကုမ္ပဏီဆိုတာကို အလုပ်သမားဝန်ကြီးဌာနကလုပ်ပြီးကတိုင်က လုပ်ငန်းလုပ်ပုံတွေပြောင်းပြီး ကုမ္ပဏီမရှိတဲ့ သူတွေမျက်နာငယ်ရ ကုမ္ပဏီပိုင်ရှင်တွေက မနတွေဇွတ်တက် ငွေတွေတောင်း တစ်ကယ်လုပ်ကြတော့ ထိုင်းခေါ်စာ မ သေချာဖြစ်ရတဲ့အတွက် ၄-၅ လကြာတာတောင် မရနိုင်ပါဘူး။ ကုမ္ပဏီတွေက တာဝန်မယူကြပါဘူး။ လိုင်စင်ရှိတယ် ကြိုက်တဲ့ရုံး တရားစွဲ လို့ဘဲပြောတာကတော့ စိတ်မကောင်းစရာဘဲလို့ မြင်ရပါတယ်။ အမှန်တစ်ကယ်ကတော့ အေးဂျင့်တွေ ကုမ္ပဏီတွေမလိုပါဘူး အလုပ်လုပ် မယ့်သူတွေက သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးမှာ အလုပ်သမားလက်မှတ်ထုတ်ပြီး သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးကတစ်ဆင့် ဒီကို လမ်းပို့တဲ့ပုံစံနဲ့ စနစ်တကျလုပ်ပေးရင်တော့ ကျွန်တော်သိရသလောက် ကုန်ကျငွေ မြန်မာကျပ် (၅၀၀၀၀) ငါးသောင်းမကုန်ဘဲ ထိုင်း နိုင်ငံကိုရောက်နိုင်ပြီး လိမ်ညာမှုများလည်း ကင်းဝေးနိုင်မည်ဖြစ်ပါတယ်ခင်ဗျာ။
မြ၀တီကိုရောက်ခဲ့တဲ့ အမှတ်တရပါ။
Awww…. the life of our Burmese people,are down in the poverty,with many desperate situation and lots of problems,what a pitiful to become a Burmese.All this caused by Power Crazy Selfish Greedy Juntas, starting from 1962 till now.