ကဗျာ ကမာပုလဲ

စ စ် ပွဲ များ


ကမာပုလဲ
စက်တင်ဘာ ၂၄၊ ၂၀၁၂

စစ်ပွဲတွေကို ..
ခင်ဗျားခံစားချင်တဲ့ အသားတဖတ်နဲ့
လဲလို့ ရပါသလား …

စစ်ပွဲတွေကို
ခင်ဗျား ရပ်ချင်တဲ့ ခြေလှမ်းတွေနဲ့ ရပ်ပစ်လို့ ရပါသလား …

စစ်ပွဲတွေကို
ခင်ဗျားရဲ့ ရွှေပြည်အေးတရားနဲ့ တားဆီးလို့ ရပါသလား …

စစ်ပွဲတွေကို
ခင်ဗျားရဲ့ ရန်သူ့ သွားကြားထိုးသံနဲ့ ငြိမ်းအေးလို့ရပါသလား …

စစ်ပွဲတွေကို
အဲဒီလို ကလေးမလေးတွေရဲ့ အပျိုရည်ပျက်မှုတွေနဲ့
လဲလှယ်လို့ရပါသလား …

စစ်ပွဲတွေကို ….. ။ ။

(၀င်းမော်ဦး ကျဆုံးတဲ့နေ့မှာ ရေးတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts