မိုးမခကို ပေးတဲ့စာ

အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခပေးစာ 

စက်တင်ဘာ ၂၄၊ ၂၀၁၂

 

 

မြန်မာပြည်မှာ မိမိကိုယ်ပိုင်ကားများကို ထုခွဲရောင်းချကာ ကျောင်းဆောင်သစ်ဆောက်လုပ်နေသော ကျောင်းအုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။

အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီသည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်းသားမိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါသဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။

 

 

ကျောင်းသားမိဘများ အတင်းအကျပ်ဖြည့်စွက်ရသည့်ဖောင်

 

အစည်းအဝေးမတက်ရောက်သော မိဘများကိုလည်း နောက်တစ်နေ့ ကျောင်း လွှတ်ချိန်တွင် ကျောင်းသားငယ်များနှင့် အလှူခံပုံစံ ဖြည့် စွက်စေပါသည်။ ငွေတစ်သိန်းလှူမည်ဟု ကတိပြုစေပြီး အရစ်ကျပေးသွင်းနိုင်ကြောင်းပြောပါသည်။

MRTV 4 မှ ကျောင်းသားမိဘများနှင့်တွေဆုံခြင်းအခန်းတွင်လည်း ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းမှ ကျောင်းအုပ်ကြီးထံပေးအပ်သော အလှူငွေ သိန်း ၃၀၀၀ မှာ စက္ကူပုံးသာရကြောင်း ငွေတစ်ပြားမှမရကြောင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် MTP ဆောက်လုပ်ရေးနှင့် သိန်း ၅၀၀၀ သဘောတူညီပြီး စတင်ဆောင်ရွက်နေကြောင်း၊ လောလောဆယ် သိန်း  ၅၀၀၀  ကို MTP ဆောက်လုပ်ရေးမှ စိုက်ထုတ်ထားသဖြင့် အရစ်ကျပြန်ပေးရမှာဖြစ်ကြောင်း ၊ မိမိ(ကျောင်းအုပ်ကြီး) suzuki R + ကားများကိုလည်း ရောင်းချပြီး စိုက်ထုတ်ထားရသဖြင့် မိမိမှာလည်း ကုန်ပြီဖြစ်ကြောင်း၊ အလှူငွေများပြန်ရလျှင် မိမိကားဖိုးပြန်ဖြတ်ယူမည်ဖြစ်ကြောင်း၊ မိမိသတင်းများ အင်တာနက်ပေါ်တွင် ပလူပျံနေသည်ကို သိရှိပါကြောင်း၊ အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောက်လုပ်နေဖြင်းဖြစ်သဖြင့် လူကြီးများလည်းသိရှိပြီးဖြစ်ပါသဖြင့် အင်တာနက်သတင်းများကို ဂရုမစိုက်ကြောင်း၊ မိမိမှာလည်း ပင်စင်ယူရန် လပိုင်းသာလိုသဖြင့် ပြုတ်မှာမကြောက်ကြောင်း၊  ပင်စင်မယူခင် အပြီးဆောက်မှာဖြစ်သဖြင့် အမြန်ဆုံးလှူဒါန်းကြရန် တိုက်တွန်းကြောင်းပြောကြားသွားပါသည်။

အစည်းအဝေးခန်းမ အတွင်း Projector ဖြင့် အဆောက်အဦကိုရှင်းပြစဉ် ကျောင်းသားမိဘ အင်ဂျင်နီယာတစ်ဦးမှာ ယင်းခြောက်ထပ် အ ဆောက်အဦ သိန်း ၅၀၀၀ ကုန်သည်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါသည်။

၎င်းဆရာမကြီးသည် နှစ်စဉ် သူငယ်တန်းကျောင်းသား မြို့နယ်ကျော် ၂၀၀ အတွက် ကျောင်းသားတစ်ဦးလျှင် အသားတင် ၅ သိန်းနှုန်းဖြင့် သိန်း ၁၀၀၀ အပြင် ၄ တန်းမှ ၅ တန်းပြောင်းရွှေ့လာသော မြို့နယ်ကျော်ကျောင်းသားများ တစ်ဦး ၅ သိန်းနှုန်းဖြင့် ၂၀၀ ဦးအတွက် သိန်း ၁၀၀၀ နှစ်စဉ် ကန်တော့ငွေများ (လာဘ်ငွေများ) ရရှိနေကြောင်း၊  ၎င်းဖြစ်စဉ်ကို အထက (၂) ကမာရွတ်ကျောင်းသားမိဘတိုင်း သိရှိပါ ကြောင်း၊ ကျောင်းဖွင့်ရာသီတွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကျောင်းသားမိဘများ
အထက (၂) ကမာရွတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ
  1. အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ တာမဟုတ်ပါဘူး။ မိုက်ကြေးခွဲတာ ဆက်ကြေးတောင်းတာ ပါဘဲ။ လမ်းမတော် ဖိုးတုတ် လို ကမာရွတ် ဒေါ်တုတ် လာနေပြီဆိုတာ သိဘို့ လိုတယ်။ ရွှေကျောင်း ပြောင်ပြောင် ၀မ်းခေါင်ခေါင်တော့ မလုပ်ပါနဲ့  ဒေါ်တုတ်ရယ်။ လူတွေဟာ အာဏာရှင်စစ်အစိုးရ ဘိနှိပ်လို့  ချွတ်ခြုံကျပြီးမွဲတေနေပါပြီ၊ ကုန်းကောက်ခြင်တာတောင် – မွေးရာပါပေါ်သွားမှာကြောက်လို့  မကောက်ရဲတဲ့ ဘ၀ပါ။ ၆ ထပ်တိုက်ကြီးက ပကာသနပါ။ တကယ် တပည့်တွေအပေါ်မှာေ စတနာထားတယ်ဆိုရင် ၆ ထပ်တိုက်ကြီးမလိုပါ။ လမ်းမတော် ဖိုးတုတ် ရဲ့နောက်ဆုံနေ့ များ ဟာ ထောင်ထဲမှာတင် ကုန်ဆုံးသွားတယ်ဆိုတာ ကမာရွတ် ဒေါ်တုတ်သိစေခြင်ပါတယ်။ ပင်စင်ယူပြီး ရင် အမှု့ တွေအားလုံးပျောက်သွားမယ်လို့ ထင်ရင် မှားသွာပါလိမ့်မယ်။ တရားဥပဒေဘက်က အမေစုဆိုတဲ့ နံရံကြီးကို ခေါင်းနဲ့ ဝင်မတိုက်ခြင်ပါနဲ့  ဒေါ်တုတ်ရယ် – – – –

  2. What is Bo Hmu Aye Kyu, now, Deputy Education Minister,doing ? He is alsosamelike this lousy Head Mistress May Hla Yi. How to believe Burma, is changing, on move into way of Democracy.Can’t believe it.Every thing is neary the same, like Junta’s time,starting from 1962 till now.

  3. အေးဗျာ အတော်တုပ်တဲ့ ဒေါ်တုပ်ဘဲဗျို့။ ပင်စင်ယူခါနီး နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားချင်ထင်ပါနဲ့။ နောက်ဘ၀ကူးကောင်းအောင်တော့ သတိထားဘို့တော့လိုတာပေါ့ဗျာ။ ။

  4. လိုင်စင်ရဓါးပြတွေလေနောက်ဆုံးပိတ်အိတ်နဲ့လွယ်မလို့ဇတ်ကြမ်းတိုက်နေတာ၊ သူ့နောက်မှာဓါးပြခေါင်းဆောင်နဲ့အဖွဲ့ ၀င်တွေအများကြီးရှိသေးတယ်။ဒီလိုလုပ်ဖို့အရင်ကတည်း ကြုကို တင်စီစဉ်ထားကြတာမသိကြသေးဘူးထင်တယ်

Comments are closed.