မျက်မှောက်ရေးရာ သတင်းပဒေသာ

ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်၊ အိုဘားမားနှင့်တွေ့ဆုံ – Daw Suu meets with Obama


မိုးမခအထောက်တော် အမှတ် ၀၀၄
စက်တင်ဘာ ၂၀၊ ၂၀၁၂


ဓာတ်ပုံ – Brendan Hoffman/The New York Times

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ပြီး သမ္မတ အိုဘားမားနှင့် ခေတ္တတွေ့ဆုံသည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်နှစ်ဦး ဆွေးနွေး ပြောဆိုကြသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြခြင်း မရှိသေးပေ။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney ၏ ထုတ်ပြန်ချက်ကိုသာ သတင်းများတွင် ဖော်ပြထားကြသည်။

“ဒီလို လာရောက်မှုဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ တရားမျှမှုရှိတဲ့ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် သူနဲ့တခြားပုဂ္ဂိုလ်များရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ကာလကြာရှည်
ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုလိုက်နိုင်တာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မှထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် မြို့အများအပြားတွင် ၁၇ ရက်ကြာ နေထိုင်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်သို့ ပြန်မည်ဖြစ်သည်။


ဓာတ်ပုံ – AP

ဓာတ်ပုံ – AFP


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်၊ အိုဘားမားနှင့်တွေ့ဆုံ – Daw Suu meets with Obama
  1. ကွန်ဂရက်ကျူလေးရှင်းပါ အမေ။ မြန်မာနိုင်ငံအတွက် အရမ်းကိုဂုဏ်ယူစရာကောင်းပါတယ် အမေ။
    မြန်မာပြည်သူပြည်သားတွေအတွက် အမေ အားတင်းထားပါဦး၊ ကြိုးစားပေးပါဦးနော် အမေ။
    အမေ့ကျန်းကျန်းမာမာနဲ့ မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူပြည်သားအရေးတွေကို အများကြီးလုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ် အမေ။

Comments are closed.