သတင်းပဒေသာ
လူသေအလောင်း ဖျောက်ဖျက်မှုတစ်ခု ဟင်္သာတမြို့ လက်သမားရပ်ကွက်အတွင်းဖြစ်ပွား
မိုးမခအထောက်တော်
စက်တင်ဘာ ၁၈၊ ၂၀၁၂
ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ကုန်းဘေးနားရှိ တာဘေးသို့မနေ့ည (၁၅-၉-၂၀၁၂) ည (၉) နာရီခွဲဝန်းကျင်ခန့်တွင် ဆိုက်ကားတစ်စီးမှ လူသေအလောင်းတစ်ခုအား လာရောက်ပစ်ချရာတွင် အနီးပတ်ဝန်းကျင်အိမ်မှ နေထိုင်သူများမှ တွေ့ရှိပြီးဆိုက်ကားသမားအား ဖမ်းမိခဲ့ပါသည်။
ရပ်ကွက်တာဝန်ရှိသူများရောက်ရှိပြီး လာရောက်ပစ်ချခဲ့သည့် ဆိုက်ကားသမားအားမေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦးမှ ခိုင်းစေခဲ့သည့် အ တွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း လာရောက်ကြည့်ရှုသူများမှ တဆင့်သိရှိရပါသည်။ အဆိုပါ စွန့်ပစ်ခံလူအား ဆေးရုံသို့ပို့ဆောင်စစ်ဆေးပြီး သေပြီဟုသိရပြီး ယနေ့ ၁၆-၉-၂၀၁၂ နေ့လည်တွင် နာရေးကူညီမှုအသင်း၏အကူအညီဖြင့် သင်္ဂြိုလ်ခဲ့ပါသည်။ အဆိုပါ သေဆုံးသူ၏ အ မည်မှာ အောင်စိုးမိုး (အသက် ၄၀ ၀န်းကျင်ဟုခန့်မှန်း) နှင့် ဇနီးအမည်မှာ မဌေးကြည်ဟုသိရပါသည်။  အဆိုပါအလောင်းအား ဖျောက်ဖျက်ရန်
ဆိုက်ကားသမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အတွင်းမှပြည်သူများမှမေးမြန်းရာ စေခိုင်းခဲ့သူ ရဲဝန်ထမ်းမှာ ဒုရဲအုပ်အောင်ရည် သွေး ဟု ပြောကြားခဲ့ပါသည်။
ထပ်မံသိရှိရသည်မှာ လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက အလက (၁) ယခင် နေရှင်နယ်ကျောင်းဘေးတွင် အဆိုပါသေဆုံးသူမှာ ရှိနေခဲ့ သည်ကို ကျောင်းအုပ်ကြီးနှင့် ဆရာများသိရှိသော်လည်း သက်ဆိုင်ရာသို့အကြောင်းကြားခြင်းမပြုခဲ့ပါ။ သေဆုံးသူအား ရဲဝန်ထမ်းမှ ဆေးရုံ သို့ပို့ဆောင်ခြင်းမပြုပဲ ဆိုက်ကားဖြင့်စွန့်ပစ်ခိုင်းစေခြင်းမှာ မည်သို့သော လျို့ဝှက်ချက်များရှိသလဲဟု မြို့ခံလူထုမှ စိတ်ဝင်စားလျှက်ရှိပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
6 thoughts on “လူသေအလောင်း ဖျောက်ဖျက်မှုတစ်ခု ဟင်္သာတမြို့ လက်သမားရပ်ကွက်အတွင်းဖြစ်ပွား
  1. ဒါတွေကို တိတိကျကျ ဆက်တိုက် သတင်းလိုက်ပြီး တင်ပေးစေချင်တယ်။
    1. မောင်ဗလာသိချင်တာလေး ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ဂုံးဘေးနားရှိ တာဘေးသို့ မနေ့ည(၁၅-၉-၂၀၁၂)ည (၉)နာရီ ခွဲ ၀န်းကျင်ခန့်တွင် ဆိုက်ကားတစ်စီးမှ လူသေအလောင်းတစ်ခု အား လာရောက် ပြစ်ချရာတွင် အနီးပတ်ဝန်းကျင်အိမ်မှ နေထိုင်သူများမှ တွေ့ရှိပြီး ဆိုက်ကားသမားအား ဖမ်းမိခဲ့ပါသည်။
      ရပ်ကွက်တာဝန်
      ရှိသူများရောက်ရှိပြီး လာေ
      ရာက်ပြစ်ချခဲ့သည့် ဆိုက်ကားသမားအား မေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦးမှ ခိုင်းစေခဲ့သည့်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း လာရောက်ကြည့်ရှုသူများမှ တဆင့်သိရှိရပါသည်။ အဆိုပါ စွန့်ပစ်ခံ လူအား ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပြီး သေပြီဟု သိရပြီး ယနေ့ ၁၆-၉-၂၀၁၂ နေ့လည်တွင် နာရေးကူညီမှု အသင်း၏ အကူအညီဖြင့် သဂြိင်္ုလ်ခဲ့ပါသည်။ အဆိုပါ သေဆုံးသူ၏ အမည်မှာ အောင်စိုးမိုး (အသက် ၄၀ ၀န်းကျင်ဟုခန့်မှန်း) နှင့် ဇနီးအမည်မှာ မဌေးကြည်ဟု သိရပါသည်။ အဆိုပါအလောင်းအား ဖျောက်ဖျက်ရန် ဆိုက်ကားသမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အတွင်းမှ ပြည်သူများမှ မေးမြန်းရာ စေခိုင်းခဲ့သူ ရဲဝန်ထမ်းမှာ ဒုရဲအုပ် အောင်ရည်သွေး ဟု ပြောကြားခဲ့ပါသည်။
      ထပ်မံသိရှိရသည်မှာ လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက အလက(၁) ယခင် နေရှင်နယ် ကျောင်း ဘေးတွင် အဆိုပါသေဆုံးသူမှာ ရှိနေခဲ့သည်ကို ကျောင်းအုပ်ကြီးနှင့် ဆရာများသိရှိသော်လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းမပြုခဲ့ပါ။
      သေဆုံးသူအား ရဲဝန်ထမ်းမှ ဆေးရုံသို့ ပို့ဆောင်ခြင်းမပြုပဲ ဆိုက်ကားဖြင့် စွန့်ပစ်ခိုင်းစေခြင်းမှာ မည်သို့သော လျို့ဝှက်ချက်များရှိသလဲဟု မြို့ခံလူထုမှ စိတ်ဝင်စားလျှက်ရှိပါသည်။
      1. လျှို့ဝှက်ချက်ကိုဖေါ်ထုတ်ပေးပါ။
        ဖြူးမြို့နဲ့အခြားမြို့တွေမှာလဲ ရဲရိုက်လို့သေပြီး
        အလောင်းစွန်ပစ်တဲ့အမှုတွေရှိခဲ့တယ်။
      2. အလောင်းမပြောနဲ့  လက်နက်ကိုင်ရမ်းကားတဲ့ သူကိုတောင်အရေးမယူဘူး ဧရာဝတီတိုင်းဒေသကြိး။ဟင်္သာတမြို့  တွင်21.92012 ညနေ5း00 အချိန်တွင်you and me လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော မိုးလုံလေလုံ အားကာခန်းမ အားကာ ခရိုင်ဦးစီးအရာရှိ
        ဗိုလ်ကြီးကျော်ဆန်း
        အားဟင်္သာတ ခရိုင်ဒန သတင်းပေးခင်မောင်မြင့် လူအများရှေ့ တွင်
        (စစ်တပ်ကလာမကြီးစိုးနဲ့  စစ်တပ်ခေတ် ကကုန်သွားပြီလို့ )အကြိမ်ကြိမ်ပြောဆိုပြီး လက်ဘက်ရည်ဆိုင်ဘေးက ကားကိုမဖယ်နိုင်ဘူးလို့ အော်ကြီးဟစ်ကျယ်ပြောဆိုပြီးအားကာခန်းမ
        ကိုဖယ်ခိုင်းရာမှစပြီးစကားများအော်ဟစ်ပြောဆိုခြင်းခံရပါတယ်၎င်းကိစကိုအမှတ်(၁)စခန်းမှူးကို
        ဗိုလ်ကြီးကိုယ်တိုင်သွားရောက်တိုင်ကြားသော်လည်းအမှု့ ဖွင့် ပေးခြင်းမရှိပါဘူးခရိုင်သတင်းတပ်
        ဖွဲ့ မှုးရဲအုပ် ထွန်းသိန်း စစ်ဖက်ရေးရာလုံခြုံရေးတပ်ဆွယ်မှူးဗိုလ်ကြီးဝမ်းမောင်တို့ ရောက်ရှိလာ
        သော်လည်း ဘာမျအရေးယူဆောင်ရွက်ခြင်းမရှိပါ ခင်မောင်မြင့် ဆိုသူမှာဆိုင်ကယ်တွင် ငှက်ကြီး
        တောင်ဓါးရှည်ကို ကြိုးနဲ့ ချီပြီး မြို့ ပေါ်တွင် ပြောင်ကျကျသွားနေခြင်းအများပြည်သူစိတ်အနှောက်အ
        ယှက်ဖြစ်စေပြီးဥပဒေစိုးမိုးရေးကိုဖျောက်ဖျက်ရာ ရောက်ပါတယ် ရဲအရာရှိများကလက်နက်မှု့ ကျူး
        လွန်သည့် ခင်မောင်မြင့် ဘက်ကရပ်တည်ပြီးပြစ်မှု့ ဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ၁၅၄ ကိုဖေါက်ဖျက်ခြင်းရဲဥပဒေပုဒ်မ ၁၇ ကိုဖျောက်ဖျက်ခြင်းတို့ အားသက်ဆိုင်ရာမှစီစစ်အရေးယူပေးပါရန်တင်ပြအပ်ပါတယ်
        1. အခုရက် ဟင်္သာတမှာတစ်ခုပြီးတစ်ခု ဖြစ်နေတယ်ဒါကလဲ လာဒ်စားလို့ ဖြစ်တာလေမျန်မျန်ကန်ကန်ဘယ်ဖြစ်မလဲဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  အမှတ်(၁) စခန်းပိုင် ဘုရားကြီး(၃)လမ်းနေ ဦးမင်းဥာဏ်
          (ယင်းမာဆွေ)အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအိမ်
          မှ အိမ်အကူ မသူဇာမွန် ပျောက်ဆုံးနေမှု့ မှာသွေးရိုးသားရိုးမဟုတ်ကြောင်း အမှု့ ကိုငွေနဲ့ လိုက်နေကြောင်း လူပျောက်မဟုတ်ဘဲလူဝှက်ဖြစ်နေအုန်းမယ် ကိုကိုရဲတွေရဲ့ 
          သို့ သတင်းပေးပို့ ထားလို့ တင်ပြအပ်ပါတယ် ဆက်သွယ်မေးမြန်းချင်ရင်ရဲစခန်းဖုန်း044 21504
Comments are closed.