သတင်းပဒေသာ

စံပြုထိုက်ဖွယ် ဆရာမတစ်ဦး၏ ကြီးမားလှသော မေတ္တာဂုဏ်ရည် (The great lady teacher with LOVE and responsibility)

ပုသိမ်လှကြည် (မြို့နယ်သတင်းထောက်
စက်တင်ဘာ ၁၃၊ ၂၀၁၂
ငပုတောမြို့၊ အ.ထ.ကမှ အလယ်တန်းပြဆရာမ၊ ဒေါ်အုန်းအုန်းသန်းသည် အန္တရာယ်ကြားမှ တပည့်ကလေးများကို အသက်စွန့်၍ကယ်ခဲ့ သော စံပြုထိုက်ဖွယ် ဆရာမတစ်ဦးဖြစ်သည်။


၂၀၀၉ ခုနှစ် ငပုတောမြို့နယ် အဆင့် ပန်းချီပြိုင်ပွဲတွင် ဆရာမ ဒေါ်အုန်းအုန်းသန်း၏ တပည့်များဖြစ်ကြသော သတ္တမတန်း (A) မှ ဒုရဲအုပ် ရဲမြင့် + ဒေါ်ယဉ်ယဉ်ဌေးတို့၏ သမီး မပပငြိမ်း (ခ) မမို့မို့ငြိမ်းနှင့် တပ်ကြပ် ထွန်းထွန်းနိုင် + ဒေါ်ရင်ရင်ရွှေတို့သမီး မယဉ်မွန်နိုင်တို့ နှစ်ဦးသည် လည်း ပြိုင်ပွဲဝင်ရန် စီစဉ်ထားသည်။ ထို့ကြောင့် ဆရာမ ဒေါ်အုန်းအုန်းသန်းသည် တပည့်များ လိုအပ်ချက်များ၊ ဖြည့်စွမ်းပေးနိုင်ရန်အတွက် နိုဝင်ဘာလ ၁၅ ရက် နံနက် ၄ နာရီအချိန် ဟိုင်းကြီးကျွန်းမှ ပုသိမ်မြို့သို့ထွက်ခွာလာသော ရှပ်ပြေးယာယာဉ်ဖြင့် တပည့်များကို ခေါ်ဆောင် လာခဲ့သည်။ ပုသိမ်မြို့လိုအပ်ချက်များ ပြည့်စုံသည်နှင့်တပြိုင်နက် ထိုနေ့ည ၇ နာရီအချိန်တွင် ပုသိမ်မြို့၊ ညောင်ပင်လေးဆိပ်ကမ်းမှ သက္ကယ်သောင်သို့ ထွက်ခွာသည့် နေမျိုးထွန်းကြီး တစ်ထပ်သင်္ဘောဖြင့် ဆရာ၊ တပည့်သုံးဦး ရင်အုပ်မကွာ ပြန်လည်လိုက်ပါလာခဲ့သည်။ ထိုနေ့ညကလည်း မှောင်မှောင်မည်းမည်း ဖြစ်နေ၏။ ရေစုန်ခရီးနှင်ရသော သင်္ဘောကလည်း အရှိန်မြန်လွန်းလှသည်။ သင်္ဘောထွက်၍ တနာ ရီခန့်အကြာ ပုသိမ်ဆိပ်ကမ်း နယ်နမိတ်အလွန် ကန့်မလာထောင့်ကွေးသောင်ပြင်ကို ပဲ့ကိုင်သူက ကွေ့ဝိုက်လိုက်ရာ၊ ရေတက်ချိန်စောင့် နေသော ဒီဇယ်တင် စီဘီရေယာဉ်အား သင်္ဘောဦးနှင့်တိုက်မိသွားသည်။ သင်္ဘောဦးပိုင်း ကြေမွသွားပြီး၊ ရေထဲသို့ တဖြေးဖြေး မြှပ်ဝင်သွား သည်။ ခရီးသည်များမှာ ငိုသူ၊ အော်သူ၊ ကယ်ပါ၊ ယူပါ၊ တစာစာဖြင့် ဆူညံနေသည်။ ထိုစဉ် ရှမ်းစုကျေးရွာမှ ရွာသားများက ပိုက်ချလှေ၊ စပါးသယ်လှေ၊ စက်လှေများ စုံလင်စွာဖြင့် ဓါတ်မီးတ၀င်းဝင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အားချင်းဆောင်ရွက်ကြသည်။ လူပေါင်း ၁၀၀ ကျော် အသက်ချမ်းသာခဲ့ကြသည်။

ရင်နင့်ဘွယ် ဖြစ်ရပ်တစ်ခုမှာ ရှမ်းစုကျေးရွာ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များဖြစ်ကြသော ကိုနိုင်လင်းသိန်း၊ ကိုသန်းဇော်လင်း၊ ကိုကျော်ဝင်းနိုင်၊ ကိုမျိုးမင်းသူတို့၏ ကယ်ဆယ်ရေးလှေကို ရေနစ်သူများက ဘယ်ညာဝိုင်းတွယ်၍ တက်ရောက်ခဲ့ကြရာ၊ ကမ်းစပ်သို့ပို့ပေးရန် မောင်းနှင်နေ စဉ်တွင် အမျိုးသမီးတစ်ဦးက စက်လှေနံကို ဖက်တွယ်လာပြီး … “သမီး .. ပပ၊ .. ပပ.. ယဉ်မွန် …ရေ” ဟု မောချည်ပမ်းချည်နှင့် ခေါ်သံကြား ရသည်။ စက်လှေပေါ်ရှိသူများက “ မိန်ခလေး တစ်ယောက်မှမပါဘူး” ဆိုလိုက်တော့ ထိုအမျိုးသမီးမှာ စက်လှေနံကို တွယ်ဖက်ထားရာက လက်ကိုဖြုတ်ချသွားသည်။ အရံမီးသတ် တပ်ဖွဲ့ဝင်တို့က လက်နှိပ်မီးနှင့် ထိုးကြည့်လိုက်ရာ ကျောက်စိမ်းရောင် ၀မ်းဆက်နှင့် အမျိုးသမီးဖြစ်၍ ပုဆိုးကွင်းပစ်ပေးကာ ဆယ်ယူသော်လည်းမရ၊ ရေကူးကျွမ်းကျင်သူပမာ..အမိုးပျပျ ပေါ်နေသော၊ သင်္ဘောဝမ်းထဲသို့ မျှောဝင်သွားသည်။ ကိုသန်းဇော်လင်းတို့ မီးသတ်အဖွဲ့ကလည်း မည်သို့မှမတတ်နိုင်၊ စက်လှေပေါ်၌ ဆယ်ယူထားရှိသူများမှာ အအေးပတ်၍ ဖျားနာနေသူများ ဖြစ်နေခြင်းကြောင့် အချိန်မီ ရှမ်းစု စာသင်ကျောင်းသို့ အမြန်ပို့ဆောင်ပေးကြရတော့သည်။

နေမျိုးထွန်းကြီးသင်္ဘောနှင့် လိုက်ပါသူ ခရီးသည်ပေါင်း၊ ၁၇၆ ဦး ရှိသည်။ ရှမ်းစုရွာသားများ ကယ်ဆယ်မှုကြောင့် ၁၂၆ ဦး အသက်ရှင်သန်ခဲ့ရ သည်။ လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးနေသူများထဲတွင် ငပုတောအထက ဆရာမ ဒေါ်အုန်းအုန်းသန်းနှင့် သတ္တမတန်း ကျောင်းသူလေး မပပငြိမ်း (ခ) မို့မို့ငြိမ်းနှင့် မယဉ်မွန်နိုင် တို့ ဆရာတပည့်သုံးဦး ပါဝင်ကြောင်း သိရှိရသည်။ ထို့ကြောင့် ရှမ်းစုရွာသားများနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်တို့က ရေစုန်ရေဆန်၊ ခရီးဝိုင်းဝန်းရှာဖွေကြရာ၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲတနာရီအချိန်ခန့်တွင်၊ ကျောက်စိမ်း ရောင်ဝမ်းဆက်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် ကျောင်းသူနှစ်ဦးတို့ သင်္ဘောထဲ၌ သေဆုံးနေသည်ကို တွေ့ရှိကြရသည်။ ထိုအမျိုး သမီးမှာ ရှမ်းစုကျေးရွာ အရံမီးသတ်တပ်ဖွဲ့ဝင် သန့်ဇော်လင်းတို့ မြင်တွေ့လိုက်ရသော စက်လှေနံကိုတွယ်ဖက်ရင်း .. “သမီး .. ပပ၊ .. ပပ.. ယဉ်မွန် …ရေ” ဟု လိုက်လံရှာဖွေနေသော မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လွင်မောင်သိန်း၏ဇနီး၊ ဆရာမ ဒေါ်အုန်းအုန်းသန်းဖြစ်ကြောင်း သိရှိလိုက် ရသည်။

အဆိုပါ ဆရာမ ဒေါ်အုန်းအုန်းသန်းမှာ မိမိတကိုယ်ကောင်း၊ အသက်ရှင်နိုင်ခွင့် ရရှိခဲ့ရပါသည်။ သို့သော် တပည့်နှစ်ဦး၏အသက်ကို တာ ၀န်ရှိစွာ ရှာဖွေကယ်ဆယ်ရန် ကြိုးစားခဲ့ရာ၊ လွတ်လမ်းမရှိ၊ တပည့်များနှင့်အတူ၊ သေဆုံးသွားရခြင်းဖြစ်သည်။ စံပြုထိုက်ဖွယ် ဆရာမတစ်ဦး၏ ကြီးမားလှသော မေတ္တာဂုဏ်ရည်ဖြစ်ပေသည်။

Daw Ohn Ohn Than, a secondary school teacher from Myanmar (Burma), Na-pu-taw town and two of her students (grade 7) travel by ferry to Pa-thein on 16Nov2009 for “school painting competition”. Time is mid-night with 176 travelers.

A big ship and this ferry hit accident caused the ferry to sink slowly. Night is still dark but nearby village came by small boats and save the travelers.

100 over people were saved but around 50 people were missing.

When, a life boat was moving to a shore, a lady hand gripped the life-boat from river and shouted with tired voice, “…my young daughters, ..Pa Pa … Mon Mon .. “ .. On-board people answered, “no girl on this life-boat”. Suddenly, this lady released her hands and swam back to the sinking ferry. Under the touch light of the life boat men, the lady was seen with green uniform. She was swimming and diving under the nearly sink ferry. Due to many shivering people on board, life-boat had to return to shore.

Next day, dead bodies are recovered from ferry and two young students Pa Pa and Mon Mon together with their teacher Daw Ohn Ohn Than were found together.

She is the great teacher. This story is to be role model and she is a martyr teacher. World-class teacher. Take all responsibility like Titanic Pilot. She sacrificed her life together with her students.

She is like our public leader Daw Aung San Suu Kyi who sacrificed her life to her people. Daw Ohn Ohn Than, .

End Msg (Received from U Myo San, Bangkok Christ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “စံပြုထိုက်ဖွယ် ဆရာမတစ်ဦး၏ ကြီးမားလှသော မေတ္တာဂုဏ်ရည် (The great lady teacher with LOVE and responsibility)
  1. ဆရာမနဲ့တပည့်တွေကောင်းရာသုဂတိသို့ရောက်ပါစေ။ စိတ်မကောင်းလိုက်တာ။

  2. ဆရာမကို လေးစားပါတယ် ဗျာ ။ဒါမျိုးတွေ မြန်မာတွေမှာ ရှိနေပါသေးတယ် ။

Comments are closed.