ဓာတ်ပုံသတင်း

သမ္မတထောက်ခံပွဲ ဒုတိယနေ့နှင့် တတိယနေ့များ

မိုးမခမိတ်ဆွေ
စက်တင်ဘာ ၅၊ ၂၀၁၂

● ပွဲမိန့် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း (ဒုတိယနေ့)
ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုထောက်ခံပြီး မစ္စတာကင်တားနားကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒ ဖော်ထုတ်ပွဲ ဒုတိယနေ့ကို ယနေ့ ၃.၉.၂၀၁၂ ရက်နေ့ မွန်းလွဲ (၁း ၀၀) နာရီတွင် ဆက်လက်ကျင်းပဆင်နွှဲနိုင်ခဲ့ကြောင်း သိရပါတယ်။

 

 

 

 

 

 

မန္တလေးမြို့၊ ငါးမြို့နယ်နှင့် အမရပူရမြို့နယ်တို့မှာ ကျင်းပဖို့ ခွင့်ပြုမိန့်ချထားပြီးဖြစ်သော်လည်း ၂.၉.၂၀၁၂ ရက် ညသန်းခေါင်ကျော်ကြီးမှာ ဆိုင်ရာခေါင်းဆောင်များကိုခေါ်ယူကာ ပွဲမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြခြင်းဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်ရုပ်သိမ်းခဲ့ရမှန်းမသိသေးသော သံ ဃာများ၊ ပြည်သူများက စုရပ်မှာရောက်ရှိနေကြပြီး ပွဲပျက်မှန်းသိရချိန်တွင် မကျေမနပ်ဖြစ်ကာ လုံခြုံရေးများတားမြစ်နေသည့်ကြားမှ လမ်း ၈၀ အတိုင်း ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။

လမ်း ၈၀ အတိုင်း ဆက်လက်ချီတက်ရာ ၃၃×၃၄×၃၅×၃၆×၃၇×၃၈×၃၉×၄၀×၄၁×၄၂ တို့ကို ကျော်ဖြတ်ကာ ၇၉×၈၀×၈၁× ၈၂×၈၃ ×၈၄-လမ်း (ဗိုလ်ချုပ်လမ်း) အတိုင်း မြောက်သို့ချီတက်ကြပြန်ပါတယ်။ ၄၂ လမ်းမှ ၄၁×၄၀×၃၉×၃၈×၃၇×၃၆ တို့ကိုကျော်ဖြတ်ကာ ၃၅ လမ်းအရောက်တွင် အနောက်ဘက် မြတောင်ကျောင်းအရောက်မှ လူစုခွဲလိုက်ကြခြင်းဖြစ်ပါတယ်။

လူစုခွဲချိန်မှာ မွန်းလွဲ (၂) နာရီ ထိုးပြီဖြစ်ပါတယ်။

နိုင်ငံတော်သီချင်းဆိုခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်းဖြင့် ချီတက်ကြခြင်း ဖြစ်ပြီး “နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ အမိမြန်မာပြည်ကို ကာကွယ်ပါ၊ ရိုဟင်ဂျာအလိုမရှိ” စတဲ့ကြွေးကြော်သံများ ဟစ်ကြွေးကြခြင်း ဖြစ်ပါတယ်။

အမှန်တရားကို မြတ်နိုးသူ၊ အမျိုးသားရေးအမြင်ရှိသူ၊ မျိုးချစ်စိတ်ဓာတ် နိုးကြားတက်ကြွသည့် လူထုကြီးကပါ ရှေ့ပြေးဆိုင်ကယ်များဖြင့် ရှေ့ဦးလမ်းရှင်းခြင်း၊ လိုက်လံအားပေးခြင်း၊ လက်ခုပ်လက်ဝါးတီး၍ အားပေးခြင်း၊ မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်ကြတာ တွေ့ရပါတယ်။

သံဃာရော လူထုပါ အင်အားတစ်ထောင်ခန့်ရှိသည်ဟုခန့်မှန်းရပြီး မူဆလင်နှင့်ပတ်သက်သည့် စကားများ တစ်ခွန်းတစ်ပါဒမျှပါဝင်ခြင်း မရှိ ကြောင်းလည်း သိရပါတယ်။ မြတောင်ကျောင်းတိုက်သို့ အပြန်တွင် ဒဟတ္တောကျောင်းမှ ဒဟတ္တောဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ကာ ဆန္ဒပြသံဃာများကို သောက်ရေသန့်များ၊ အအေးများ တိုက်ကျွေးနေတာကို တွေ့ရပါတယ်။

ယနေ့သံဃာများတွင် မြတောင်သံဃာများက အများစုဖြစ်ပြီး ဘုရားကြီးတိုက်နှင့် တောင်ပြင်တစ်ဝိုက် ကျောင်းတိုက်များကလည်း ပါဝင် ကြောင်း သိရပါတယ်။

ဆန္ဒပြပွဲမစခင်မှာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများက လာရောက်ဟန့်တားသေးခဲ့ကြောင်းလည်း သိရပါတယ်။

ခွင့်ပြုမိန့် မရုပ်သိမ်းလျှင် လျှောက်လှမ်းက (၆) ပြသာရှိလို့ နာရီဝက်မျှဖြင့် ပြီးဆုံးသွားနိုင်ကြောင်း ခွင့်ပြုမိန့်ရုပ်သိမ်းလိုက်မှ လမ်းကြောင်းပိုပြီး ရှည်သွားကြောင်း၊ လူထုအားပေးမှု ပိုရခဲ့ကြောင်း၊ ဝေဖန်မှုများလည်း ရှိခဲ့ကြောင်းပါခင်ဗျာ။

 

● မိုးထဲရေထဲ ဆန္ဒပြပွဲ (တတိယနေ့)
ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး သမ္မတကြီးဦးသိန်းစိန်၏ရပ်တည်ချက်ကိုထောက်ခံပြီး မစ္စတာကင်တားနားကို ကန့်ကွက်သည့် ဆန္ဒဖော် ထုတ်ပွဲ တတိယနေ့ကို ယနေ့ (၄.၉.၂၀၁၂) ရက်နေ့ မွန်းတည့် (၁၂) နာရီမှာ ဆက်လက်ဆင်နွှဲနိုင်ခဲ့ကြောင်းသိရပါတယ်။

 

 

 

 

 

 

 

အင်အားငါးရာခန့်ရှိသော သံဃာထုကြီးသည် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး မြတောင်ကျောင်းတိုက်မှ စတင်ချီတက်ကာ ၈၄ လမ်း (ဗိုလ်ချုပ် လမ်းမကြီး) အတိုင်း ဈေးချိုဘက်ကိုချီတက်သွားကြပါတယ်။

ဈေးချိုကို ဖြတ်ကျော်ပြီး (၂၆) ဘီလမ်းအတိုင်း အနောက်ဘက်ကိုသွား လမ်း ၉၀ (ရတနာပုံလမ်း) အတိုင်း တောင်သို့ချီတက်ကြပြန်ပါတယ်။

၃၅ လမ်းရောက်သည့်အခါ မြတောင်ကျောင်းရှေ့မှာခဏနားပြီး ကြိုတင်စောင့်ဆိုင်းနေသော သံဃာများနှင့်ပြန်လည်ပူပေါင်းကာ ဗိုလ်ချုပ် လမ်းမကြီးအတိုင်း တောင်ဘက်သို့ဆက်လက်ချီတက်ကြပြန်ပါတယ်။

အာဇာနည်ကုန်းသို့ရောက်လုခါနီးမှာ ဦးပွားဂုံးကျော်တံတားဘက်သို့ ချီတက်သွားပါတော့တယ်။ လာတုန်းက အာဇာနည်ကုန်းသွားဖို့ မောင်းတင်ထားခဲ့သော်လည်း အာဇာနည်ကုန်းမှာ မျက်ရည်ယိုဗုံးအပါအဝင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော လုံခြုံရေးများနှင့် ထိပ်တိုက်မတိုးချင်လို့ ရှောင်ကွင်းသွားတာလို့ ယူဆရပါတယ်။

၎င်းနောက် ဘုရားကြီးသို့ဝင်ကာ ရခိုင်ပြည်သူနှင့် ရခိုင်ဒုက္ခသည်များကိုရည်စူးပြီး မေတ္တာပို့ ပရိတ်ရွတ်ဆုတောင်းပြီးမှ အေးချမ်းစွာ လူစုကွဲ သွားကြတာဖြစ်ပါတယ်။

သံဃာတော်တွေ ဘုရားကြီးရောက်တော့ မိုးသည်းထန်စွာ ရွာသွန်းနေပြီး၊ မိုးရွာထဲမှာ မေတ္တာပို့ဆုတောင်းကြတာဖြစ်ပါတယ်။ မိုးရေစိုရွှဲ နေကြလို့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ရှေ့တော်မှောက်သို့မဝင်ဘဲ ရင်ပြင်တော်ထဲမှာပဲ ဆုတောင်းမေတ္တာပို့သကြတာဖြစ်ပါတယ်။

ဒီကနေ့ဆန္ဒပြပွဲတွင် လမ်းတစ်လျှောက် ဆိုင်ကယ်အုပ်ကြီးက ရှေ့ရော နောက်ပါဆို ရှစ်ရာခန့်ရှိပြီး လူထုနှင့်သံဃာထုကလည်း ရှစ်ရာခန့်ရှိ ကြောင်း သိရပါတယ်။

ကမ္ဘာမကြေသီချင်းနှင့် “သမ္မတကြီးဦးသိန်းစိန် ကျန်းမာပါစေ။ အမိမြန်မာပြည်ကို ကာကွယ်ပါ။ ရိုဟင်ဂျာ အလိုမရှိ” စတဲ့ ခါတိုင်းကြွေး ကြော်သံများအပြင် “ရခိုင်ပြည်သည် ဒို့ပြည်၊ ရခိုင်လူမျိုးသည် ဒို့လူမျိုး၊ ရခိုင်အရေး ဒို့အရေး” စသော ကြွေးကြော်သံများလည်း ကြွေးကြော်ကြ ကြောင်း သိရပါတယ်။

ချီတက်ရာလမ်းတစ်လျှောက်မှာ ပြည်တွင်းသတင်းထောက်များအပြင် နိုင်ငံခြားသတင်းထောက်များပါ သတင်းယူကြကြောင်း၊ ရိုက်ကူးရင်း တိုက်ရိုက်ထုတ်လွှင့်ကြောင်းလည်း သိရပါတယ်။

ဆန္ဒပြချီတက်ပွဲ (၃) ရက်တွင် ဒီနေ့ချီတက်ပွဲသည် အချိန်ကာလလည်းရှည်ပြီး၊ လမ်းကြောင်းကလည်း ရှည်လျားလှတာမို့ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်တွေ့နိုင်သော်လည်း လုံခြုံရေးများက နောက်မှကားများဖြင့် လိုက်လံကြည့်ရှုရုံသာရှိကြောင်းနှင့် သံဃာရော လူပါစည်းကမ်း ရှိကြကြောင်း၊ မိုးထဲရေထဲမှာ မေတ္တာပို့ဆုတောင်းကြခြင်းဖြစ်ကြောင်း၊ စီတန်းလမ်းလျှောက်ချိန် (၃) နာရီကျော်ကြာကြောင်း သိရပါတယ်။

ခွင့်ပြုမိန့်ပြန်မရုပ်လျှင် လမ်းကြောင်းလည်းတို၊ အချိန်လည်းတိုမှာဖြစ်ပြီး လမ်းလျှောက်၍မဝခင် ပြီးဆုံးရမှာဖြစ်ကြောင်း၊ အခုတော့ လမ်း ကြောင်းလည်းရှည်၊ မိန်းလမ်းမကြီးများကိုလည်း လျှောက်လိုက်နိုင် ကြောင်း၊ ပထမနေ့ကလောက် အင်အားမများသော်လည်း ဒီနေ့ပွဲဟာ အကြီးကျယ်ဆုံးပွဲဖြစ်ကြောင်း ပြောစမှတ်ပြုနေကြတာဖြစ်ပါတယ်။

လမ်းကြောင်းလည်း ရှည်၊ အချိန်လည်း ကြာ၊ ကြွေးကြော်သံလည်း မြိုင်ဆိုင်၊ အဆုံးသပ်တာလည်း လှပလို့ သမိုင်းတွင်မည့် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ရမှာဖြစ်ကြောင်းပါခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမ္မတထောက်ခံပွဲ ဒုတိယနေ့နှင့် တတိယနေ့များ
  1. မြန်မာဆိုတာ…အချင်းချင်း..ဘယ်လိုပဲ..သတ်နေပါစေ….အရေးကြီးရင်သွေးစည်းတယ်ဆိုတာ…တာလီဘန်တွေသိစေချင်တယ်

Comments are closed.