ကဗျာ

တောအရက်ဆိုင်လေး

ဘိုဟန်
စက်တင်ဘာ ၃၊ ၂၀၁၂

ပုခုံးပြဲရင် ပြဲမယ် … ဒူးကွဲရင်ကွဲမယ် …
ဟေ့ … အသိဉာဏ်ဘယ်တော့မှမမွဲဘူး
ဒီရွာသား ဒီလယ်လုပ်တယ် ကိုယ့်ထမင်းကိုယ်စား -ီးမိုလို့ ဂျီးတော်နွားကျောင်းရမှာလား …။

အစိုးရတဲ့ …. ပြည်သူတွေကို ဖင်ချနေတာ
ဟိုခေတ်က ပေါ်တာ … နောက်တော့ လုပ်အားပေး … ကိုယ်ထူကိုယ်ထ …
အခုတော့
ဟို NGO အားကိုးရ … ဒီ NGO အားကိုးရနဲ့ …
မင်းတို့မှာ ဘာများအစိုးရပါလိမ့်
ငါတို့ရွာကျောင်းကြီးဟာ လေးတန်းမအောင်တာကြာပြီ
ရွာဦးကျောင်း ဆွမ်းစားချိန် ခွေးတွေမအူနိုင်တာကြာပြီ
တောင်ပိုင်းက မိညိုလှတို့တစ်သိုက် နယ်စပ်ဖာခံထွက်သွားတာကြာပြီ
ရွာထဲကဟာမတွေလည်း ဖရဲစိုက်တရုတ်က ဖရဲသီးလို ခွဲစားနေတာကြာပြီ
လူစင်စစ်တွေ ကန်ရေသောက်ပြီး မြက်ခြောက်စားနေရတာကြာပြီ
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား …..

ဒီမိုကရေစီတဲ့ … ဘာလဲ ငါတို့ရွာကို ဘယ်တော့မှ မရောက်မယ့်ခြေလှမ်း
ဆင်လီးခွေးမျှော်သလို ဘာကိစ္စ ငါတို့ ဘယ်ကိုထွက်ပြီးအော်ရမှာလည်း
ဘာလူ့အခွင့်အရေးမှမသိဘူး ဘာဒီမိုကရေစီမှလည်းမသိဘူး
စုလည်းမစုချင်တော့ဘူး … သိန်းလည်းမသိန်းချင်တော့ဘူး
ငါတို့လယ် ငါတို့ပြန်ပေး … လွတ်လပ်စွာ စိုက်ချင်ရာစိုက်ခွင့်ပေး
ဓာတ်မြေသြဇာပေး စက်မရှိလည်း လက်နဲ့ထွန်ခွင့်ပေး
ငါတို့ဘိုး ငါတို့ဘွားကတည်းက လယ်စိုက်စားလာတာ လယ်စိုက်စားတဲ့လယ်သမားတဲ့ဗျာ အရပ်ရပ်နေပြည်တော် ကြားလို့တော်နေသလား စပါးမပြောနဲ့ နွားတောင် ကောက်ရိုးမစားရတာကြာပြီ

နှစ်သီးစား သုံးသီးစားတဲ့ ဘာမှနားမလည်ပဲ လွှတ်တော်ထဲ ပဲကြီးလှော်သွားဝါးနေတဲ့ကောင်တွေ နံတယ်
သူ့အချိန်သူ့အခါ စပါးပြီးရင် နှမ်းစိုက်စိုက် ပဲစိုက်စိုက် မြေဆီမြေသားတက်ခွင့်ပေးမှ စပါးထွက်မယ် နှမ်းထွက်မယ်ဆိုတာ မသိဘူးလား
အခုတော့ စပါးပြီး စပါး .. စပါးပြီး စပါး .. ရူးများနေကြသလားမသိဘူး
ရူးရင်လည်း ကိုယ့်ဖာသာရူးကြဟေ့ … တိုင်းပြည်နဲ့ချီပြီးတော့ ရူးအောင်မလုပ်နဲ့
ဘယ်မင်းတက်တက် ဘယ်သူလာလာ ကျားကြောက်လို့ ဆင်ကြီးကိုးမှ ဆင်ကြီး -ိုးတော့ စောက်ကျိုးတွေနည်းကုန်တာပေါ့ …

ထင်းခုတ်တဲ့ဓားက မင်းတို့အတွက်ဖြစ်သွားမယ် ဘယ်ခွေးမှ လူမထင်ဘူး
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် … မင်းအသားပဲ့ပါသွားသလား ….
ဘယ် … ဥက္ကဌ ဖြစ်ဖြစ် ငှက္ကဌဖြစ် မင်းကိုကြောက်နေရမှာလား

မင်းက ငါတို့ရွာသား … ဒီရွာမှာနေ ဒီရွာရေသောက် … ဒီမြေပေါ်သေးပေါက်တဲ့ကောင် ဒီစောက်ချိုးပဲချိုးရမယ်
ဟိုယောင်ယောင် ဒီယောင်ယောင် ဇရက်လိုလို ကြက်လိုလိုအကောင်တွေ သတိထား …
ဆောက်ဖြစ်မှကျောင်းတကာရယ် သူတို့လမ်းကြောင်းနဲ့သူတို့ရှိပြီးသား
ကိုယ်လမ်းကိုယ်ပြင် ကိုယ့်လမ်းကိုမြင်ကြ ဘယ်သူ့ဖင်မှ သွားယက်မနေနဲ့

အောင်မာ …. စောက်ကြီးစောက်ကျယ်နဲ့ လမ်းပေါ်ထွက်ဖို့ဆိုတာ ဝေလာဝေး
ခွေးဟောင်တာတောင် ထမကြည့်ရဲတဲ့ကောင် များ ….

ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် …. မင်းအသားပဲ့ပါသွားသလား ….
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် …. မင်းအသားပဲ့ပါသွားသလား …
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် …. မင်းအသားပဲ့ပါသွားသလား ….

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts