ဆောင်းယွန်းလ

ဆောင်းယွန်းလ – ကြေကွဲစိတ်ကို လေထဲ ချိန်မိခြင်း

ကြေကွဲစိတ်ကို လေထဲချိတ်မိခြင်း
ဆောင်းယွန်းလ
နိုဝင်ဘာ ၁၄၊ ၂၀၁၃


စာရွက်ဝါ၀ါတွေပေါ် ဖိတ်စင်လွင့်ကျသွားတဲ့
စိတ်တွေကို
တရွက်ချင်း ပြန်ကောက်စီရင်း
တကိုယ်စာ အခန်းကျဉ်းထဲမှာ ကဗျာနဲ့သီနေလိုက်မိတယ်…
မေမေ..အပျင်းဖျားတဲ့အခါမှာတော့
ညီလေးနဲ့ ညီမလေးတို့ အနားမှာရှိနေပေးပေါ့
မေမေ..ဘုရားသွား ကျောင်းတက်လုပ်ချင်တဲ့အခါကျရင်
ဖေဖေ အနားမှာရှိနေပေးစေချင်ပါတယ်…
တိုးသာဆုတ်သာရှိအောင် ခပ်ဟဟစေ့ထားတဲ့
အဲဒီ…..တံခါးရွက်တွေကို
အလွမ်းသက်သက်နဲ့တော့
တွန်းလည်းဖွင့်မိမှာမဟုတ်သလို ဆွဲလည်းဖွင့်ကြည့်မှာမဟုတ်ဘူး…
ကမ္ဘာမကုန်သရွေ့တော့
တနေ့နေ့ တချိန်ချိန်ရဲ့ တနေရာရာမှာ
အိမ်အသစ်တလုံးပြန်ဆောက်ပြီး

ငြိမ်းချမ်းရေးစာတမ်းကို မိသားစုတံခါးဝမှာ ချိတ်ကြမယ်…..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts