ကဗျာ
ဝင်းမော်ဦး မော်ကွန်း
နီလွင်သွေး (ဒဿနိက)
သြဂုတ် ၂၉၊ ၂၀၁၂
ရှစ်လေးလုံး နှစ်ဆယ့်လေးနှစ်တိုင်ခဲ့သလို
စက်တင်ဘာသွေးသစ် နှစ်ဆယ့်လေးနှစ်တိုင်ခဲ့ပေါ့
သူ့သမိုင်းစာမျက်နာကို အသက်သွေးနဲ့ရေးခြစ်သူ
လုံချည်စိမ်းနဲ့ အင်္ကျီအဖြူ
ကလေးသာသာအရွယ် လူမမယ်လေး
လူ့အခွင့်အရေးကို နှလုံးသွေးနဲ့စတေးခဲ့
ဆပ်လို့မကုန်တဲ့ရာဇဝင်ကြွေး။
စစ်ဘီလူးတွေရဲ့ ပြစ်ခတ်သံတွေကြားမှာ
ဖခင်ဗိုလ်ချုပ်ဓါတ်ပုံပိုက်ရက်သား
ခန္ဓာကိုယ်ပြိုလဲသွားခဲ့ပေါ့
ဒီတသက် ဘယ်တော့မှမမေ့စရာမြင်ကွင်း
ငါတို့နှလုံးသွေးကို စွန်းထင်းစေခဲ့ပြီ။
ငါတို့ရဲ့ကျစ်ကျစ်ဆုပ်ထားတဲ့လက်တွေ
နာကျည်းတက်ခေါက်သံတွေ
ခံပြင်းငိုကြွေးသံတွေဟာ
သြဂတ်စ် စက်တင်ဘာရောက်တိုင်း
သွေးမုန်တိုင်းကျရာ လမ်းမတွေထက်
သွေးခင်းလမ်းကို ဆက်လျှောက်ဖို့ရာ
သစ္စာသံဓိဌာန်
ဒေါင်းအလံနဲ့မြန်မာပြည်
ခက်လက်စိမ်းမြ ရဲမြနီစေ။
ညီမလေးရေ
ဝင်းမော်ဦးရေ
နင်က ငါတို့ရဲ့ညီမလေး
ငါတို့သွေးကို ရဲစွေးနီမြစေခဲ့
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရမှ
အမျှဝေစေချင်တဲ့ နင့်ဆန္ဒ
အစဉ်အလာအတိုင်း ကျောင်းသားသမိုင်းရဲမြ
ဖေါက်ပြန်သူမှန်သမျှ ကျဆုံးရမယ်။
မြန်မာပြည်
အာဏာရှင်စနှစ်အောက်က ခေတ်စနှစ်တည်တိုင်း
လုံချည်စိမ်းနဲ့ အင်္ကျီအဖြူဝတ်
ကျောင်းသားလူငယ်တွေရဲ့နှလုံးသားမှာ
ဝင်းမော်ဦး ကိုယ်ပွားဝိညာဉ်
ရှင်သန်ဖူးသစ် ဒေါင်းပျိုသစ်စေ
လွတ်လပ်မှအမျှဝေတော့ ။
(ညီမလေး ဝင်းမော်ဦးသို့ ….)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
5 thoughts on “ဝင်းမော်ဦး မော်ကွန်း
  1. ဒေါင်းမလေး ရန်ကုန်ဆေးရုံကြီးရှေ့ မှာ ကနေသည်၊
    ကျောင်းသား လူငယ်များရင်မှာ၊
    သမီးကလေး ၀င်းမော်ဦး၊
    ညီမလေး ၀င်းမော်ဦး၊
    မောင်လေး ညီမလေးတို့ ရဲ့ မမ၀င်းမော်ဦး၊
    ဘယ်တော့မှ မသေ၊
    စစ်အာဏာရှင်များနှင့် စနစ်သာသေရမည်။
  2. ၀င်းမော်ဦး အ.လ.က (၄) ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်း၊ မကြီးကြီးရပ်ကွက်။
  3. If possible I would like to know the brave boys helping her in the phptos,and brief on the event.
    i really wish the girl be in highest heaven.
    1. Leomaung မ၀င်းမော်ဦးကို ကူညီနေတဲ့ လူငယ်နှစ်ဦးဟာ ဆေးကျောင်းပြီးခါစ ဟောက်စ်ဆင်းနေတဲ့ ဆရာဝန်နှစ်ဦးသာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးကို စစ် ထောက်လှန်းရေးက စစ်ဆေးမေးမြန်းပြီး ကို့ ကိုယ်ကို သတ်သေတယ်ဆိုပြီး အပြောက်ရှင်းလိုက်ပါတယ်။ အဲဒီ့အကြောင်းတွေရေးထားတဲ့စာဆောင်တွေရှိပါတယ်၊ ရှာဖတ်ကြည့်ပါ။
Comments are closed.