နိုင်ငံတကာရေးရာ

ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားမိသားစုတွေ့ဆုံပွဲ ပိုစတာထွက်ပြီ

မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၆၊ ၂၀၁၂
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်နဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း လာမယ့် စက်တင်ဘာ
၂၂ မှာ နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားမိသားစုများနဲ့ ချစ်ခင်ရင်းနှီးစွာ
တွေ့ဆုံပွဲ ကျင်းပမှာ ဖြစ်ရာ၊ နယူးယောက်မြို့တော်က ကွင်းစ်ကောလိပ်ခန်းမ၊ နေ့ခင်း ၁၀နာရီခွဲကနေ
၁၂ နာရီအထိ ကျင်းပမည့်အကြောင်း အတိအကျ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
သူတို့အတွက် သတင်းပြန်ကြားရေးအတွက် ထုတ်ပြန်ချက်တွေကို
http://Suu-NYC.blogspot.com မှာ တင်ဆက်ပေးနိုင်အောင်
ဆန်ဖရန်တွေ့ဆုံပွဲဖြစ်မြောက်ရေးက ဘလောဂ့်လေးတခု ပြင်ဆင်ပေးလိုက်ပါတယ်။ နယူးယောက်မိတ်ဆွေတွေ
လိုအပ်ရင် အသုံးပြုနိုင်ဖို့ပါ။ ဆန်ဖရန်ဘေးဧရိယာတွေ့ဆုံပွဲက စီစဉ်သူလုပ်အားပေး
စေတနာရှင် ကိုမိုးကျော် (သုံးရောင်ခြယ်)က ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts