ဝေဖန်ရေးရာ

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၃) (U Aung Htoo)

ရှေ့နေဦးအောင်ထူး၊ သြဂုတ် ၂၄၊ ၂၀၁၂ 

ယခုအချိန် လူသားချင်းစာနာထောက်ထားမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကို ထပ်ခါ ထပ်ခါ ကိုးကား သုံးစွဲလာပြီဖြစ်သော သမတဦးသိန်းစိန် နှင့် ဆက်စပ်လျှက် နောက်ထပ် မြန်မာ ဆိုရိုးစကား တခုကို သတိရမိပါသည်။ “ပါးစပ်က ဘုရား ဘုရား လက်က ကိုးရိုး ကားယား” ဟူ၍ဖြစ်သည်။ ဤဆိုရိုးစကားက အပြောနှင့် အလုပ်ညီဘို့လို ကြောင်း ထောက်ပြထားခြင်းပင်။ ရခိုင် အဓိကရုဏ်းကို ဤဆိုရိုးစကားနှင့် ချိန်ထိုးပါမည်။

              ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် ဘုရား ဘုရား ဟူ၍ပင် ရှေ့ကနေ၍ပြောသွားခဲ့ခြင်းမရှိပါ။ လက်က ကိုးရိုး ကားယား အရင် လုပ်ခဲ့ပြီး နောက်ပိုင်းမှ ပါးစပ်က ဘုရား ဘုရား တခြင်းသာ ဖြစ်သည်။ သာဓက တခုကိုပြောပါမည်။ ယခုသြဂုတ် လ (၁၅) ရက်နေ့အင်တာဗျူးတွင် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့်တွေ့ပြီး ပြောဆိုကြောင်း၊ ရခိုင်လူထုကို ၄င်းက စကားဆယ်ခွန်း ဆယ့်ငါးခွန်းပြောတာထက် ခင်ဗျားတို့တခွန်းပြောတာထိ ရောက်ကြောင်း ဆိုခဲ့ သည်။ အတိအကျအားဖြင့် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား “ခင်ဗျား တို့က၀င်ပြီး အမြင် မှန်ရလာအောင် ပြောင်းလဲလာအောင် ပြောပေးပါ” တောင်းခံနေပြီ ဖြစ်သည်။

             ဤသို့ဆိုလျှင် အဓိကရုဏ်းကြီးအတွင်း အမြင်မှားခဲ့သူမှာ မည်သူနည်း။ ရခိုင်လူထု ဖြစ်သည် ဟု ဦးသိန်းစိန်က ဆို နေခြင်းဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင်လူထုအပေါ် အပြစ်ပုံချ၇န် လမ်းခင်းနေခြင်းဖြစ်သည်။ ရခိုင်လူထု အမြင်မှား နေ သည်ဟု ဆိုပါလျှင် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသည် အစောပိုင်းကာလများကထဲက ယခုကဲ့သို့ ဘာကြောင့် ရှင်းပြဘို့ မကြိုးစားခဲ့သနည်း။ မိမိ အစိုးရကိုယ်တိုင်၏ တာဝန်ရှိမှုကို ၀န်မခံဘဲ နိုင်ငံတကာ ဖိအားများ သက်ရောက် လာနိုင်သည့် အခြေအနေရောက်လာမှ ရခိုင်လူထုက အမြင်မှားပြီး ပြစ်မှုကြီးများကို ကျူးလွန်နေသယောင် အဘယ်  ကြောင့် ပြောဆိုလာပါသနည်း။

             ယခုမှသာ ရခိုင်လူထုအပေါ် အပြစ်ပုံချဘို့ ကြိုးစားနေသော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အဓိက ရုဏ်း စဖြစ်ခါစတွင် ပြသနာ ၏ တရားခံအဖြစ် လက်ညှိုးထိုးခံခဲ့ရသူမှာ (ရိုဟင်ဂျာ) မွတ်ဆလင်များဖြစ်သည်။ သာဓက တခုပြပါမည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၉) ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ (၂၀) ကို ကြည့်ပါ။ ရခိုင်ပြည် နယ် ဘူးသီးတောင် မောင်းတော မြို့များ၌ ဆူပူသူ အင်အား ၁၀၀၀ ကျော်က အကြမ်းဘက်မှုများကို မည်သို့ ကျူးလွန် နေကြောင်း သတင်းအဖြစ် ဖေါ်ပြထားပြီး အဆိုပါ စာမျက်နှာ တခုတည်းမှာပင် ယင်းသတင်းနှင့် ကပ်လျှက် အောက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် သာသနာရေး အဖွဲ့ကြီး မေတ္တာရပ်ခံပန်ကြားလွှာ နှစ်စောင်ကို တွဲထည့်ပေးထားသည်။ ယင်းပန်ကြားလွှာများတွင် နိုင်ငံတ၀ှမ်းနေထိုင်ကြသော အစ္စလမ်သာသနာဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ် သာသနာရေး အဖွဲ့ကြီး က ထုတ်ပြန်သော အထူးမေတ္တာရပ်ခံချက်နှင့် အညီ နေထိုင်ကြရန်လိုကြောင်း ပါရှိသည်။ သို့ ရာတွင် သတင်းစာ၏ အဆိုပါ စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင်များ အတွက် သံဃာ့နာယက အဖွဲ့ကြီးက ထုတ်ပြန်သော မေတ္တာရပ်ခံချက် မပါရှိပါ။ ဤသည်မှာ စစ်အစိုးရက ဦးဆောင်၍ သတင်းပညာအရ လုပ်ကြံထားခြင်းဖြစ်ကြောင်း ထင် ရှားသည်။ ဆူပူအကြမ်းဘက်သူများသည် မွတ်ဆလင်ဘာသာဝင်များသာ ဖြစ်သည် ဟု သတင်းစာ ဖတ်သူအားလုံး ထင်ယောင်မှား ဖြစ်စေ၇န် လုပ်ကြံထားခြင်းဖြစ်သည်။  

           ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ၏ တာဝန်ရှိမှုအောက်တွင် အဓိကရုဏ်းကြီးအတွင်း အသက်စွန့်လွှတ် သွားခဲ့ရ သူ လူထု အရေအတွက်ကို မည်သူမျှ အတိအကျမပြောနိုင်။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ရသူ အနည်းဆုံးခြောက်သောင်း ကျော်အနက် ဒုက္ခသည်စခန်းမှ နေ၍ ပြန်စရာ နေအိမ်ပင် မရှိတော့သူ ဦးရေမှာလည်း များလှစွာသည်။ အဓိကရုဏ်း ကြီး၏ ရိုက်ခတ်မှုကြောင့် ရှေ့ခရီး ဘယ်လိုဆက်၍ ဘာတွေ လုပ်ကိုင်စားသောက်ရမည် မသိတော့သူ ဦးရေ မှာ သိန်း တချို့ ချီ ရှိမည်ဟု မှန်းရသည်။ 

            အဆိုးဆုံးမှာ ဦးသိန်းစိန်က ယခုအချိန်အထိ စစ်အစိုးရ၏ တိကျသော မူဝါဒကို မကြေငြာသေးခြင်းပင်။ ရခိုင်ပြည်နယ် အတွင်း၌ ရှိနေပြီဖြစ်သော မွတ်ဆလင် ဘာသာဝင်ဦးရေ အနည်းဆုံး ရှစ်သိန်းကျော်ကို တကယ်ဘဲ ဆက်လက် မောင်း ထုတ် သွားမှာလား။ မောင်းထုတ်သွားမည် ဆိုပါက လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုကို ရရှိစေပြီး နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မည်သို့ ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှုအောင်မြင်စေရန် ဒေသခံ လူထုက မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်းအစီအစဉ်အောင်မြင်စေရေးအတွက် အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကူအညီ နှင့် နိုင်ငံတကာ၏ အကူအညီတို့ကို မည်သို့ရှာဖွေသွာမည်ဖြစ်ကြောင်း တပြည်လုံး လူထုအား ဦးသိန်းစိန်၏ စစ်အစိုးရက အတိအကျ ရှင်းပြ၇န်လိုသည်။

         သို့ မဟုတ် ယင်းပထမ မူဝါဒကို တရားဝင်ရုပ်သိမ်းပြီး နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ အတူတကွ ဆက်လက် နေထိုင်ရေး ကို ဖေါ်ဆောင်မည်လား။ ဒုတိယ မူဝါဒ သို့ ပြောင်းလဲကျင့်သုံးမည် ဆိုပါက ယခု ဦးသိန်းစိန် အင်တာဗျူးတွင် ပြောခဲ့ သကဲ့သို့ လွယ်လွယ် ပြော၍ မရနိုင်ပါ။ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့သူ လူထုကြီးတရပ်လုံး ထမင်းစားဘို့၊ နေစရာရ ဘို့အတွက် ဟိုက သည် က တောင်းခံပေးရုံ၊ လုံခြုံရေးအရ စစ်တပ်၏ သေနတ်ပြောင်းအောက်တွင် ဒူးထောက် ခိုလှုံ နေခွင့်ရရုံနှင့် လုံးဝ မလုံ လောက်ပါ။

       (၁) အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ အမှန်အတိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကို လူထုကြီးရော နိုင်ငံတကာပါ အတိအကျ သိခွင့်ရအောင် ဆောင်ရွက်ပေးဘို့ လိုသည်။ ကုလသမဂ္ဂမှ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် အား လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့် ပေးဘို့ လိုသည်။

       (၂) ပြစ်မှုကျူးလွန်သူများသည် လမ်းများပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်သွားလျှက်ရှိကြသည်။ ထိုသူများအား ပြစ်မှု ကျူး လွန်ခံရသူများကလည်း နေ့စဉ်တွေ့မြင်နေရဆဲဖြစ်သည်။ သို့ ဖြစ်၍ ပြစ်မှုကျူးလွန်ခံရသူ လူထု၏ စိတ်အစဉ်တွင် မည်သည့် အခါတွင်မျှ ငြိမ်းချမ်းမှုရမည် မဟုတ်။ တချိန်ချိန်မှာ ထပ်မံကျူးလွန်ခံရလိမ့်မည် ဟူသော စိုးရိမ်ထိတ်လန့်မှု များ ရှိနေမည် ကန်ဖြစ်သည်။ ဥပဒေစိုးမိုးေ၇းကို တကယ်တန်းတည်ဆောက်မည် ဟု သက်သေပြလိုလျှင် ကျောသား ရင်သား မခွဲခြားဘဲ ပြစ်မှုကျူး လွန်ခဲ့သူ မှန်သမျှကို ဖေါ်ထုတ်အရေးယူ၇န်လိုသည်။

        (၃) အမှန်တရားများ ပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား အရေးယူစစ်ဆေးစီရင်နေသည့် တချိန်တည်း တွင် နှစ်ဘက်ပြန်လည်သင့်မြတ်ကြရေးအတွက် အခြေခံလူထုများအတွင်း တွေ့ဆုံမှုများ၊ ညှိနိုင်းမှုများ၊ တဘက်၏ နစ် နာချက်ကို အခြားတဘက်မှ ကြားသိစေခြင်းများ စီစဉ်ပေးဘို့လိုသည်။ ယင်းသို့ဖြင့် ကိုယ်ခြင်းစာနာစိတ်များ၊ အပြန် အလှန်ကူညီလိုမှုများ၊ မေတ္တာတရားများ ပွားများခွင့်ရလာအောင် စီစဉ်ပေးရန်လိုပါမည်။

       (၄) ရခိုင်ပြည်နယ်အတွင်းရှိ တရားစီရင်ရေးအပါအ၀င် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်အားကောင်း လာအောင် ပြောင်းလဲဖွဲ့စည်း၊ လေ့ကျင့် တည်ဆောက်ဘို့ လိုသည်။ ဤသည်ကို အင်္ဂလိပ်ဘာသာဖြင့် Institutional Reform ဟု ခေါ်သည်။

အဓိကရုဏ်းကြီးနှင့်စပ်လျှဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေးသည်မှာ မှန်သလား။

         ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆွေးနွေးပွဲ မှတ်တမ်းတခု ပေါ် ထွက်လာခဲ့သည်။ ဤမှတ်တမ်းသည် ယခုအချိန်တွင်အတော်ပင်ကျယ်ပြန့်စွာ ပျံ့နှံ့လျှက်ရှိသည်။ ဤမှတ်တမ်း သည် လည်းကောင်း၊ မှတ်တမ်းတွင် ဖေါ်ပြရေးသားထားသည့် အကြောင်းအရာများသည်လည်းကောင်း၊ အစစ်အမှန် မဟုတ် မှားယွင်းနေ သည်ဟု ဆိုလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ နှစ်ခုလုံး အနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ခေါ်ယူကာ အသေးစိပ်ရှင်းပြရန်တာဝန်ရှိပါသည်။ အဘယ်ကြောင့် ဆို သော် ၄င်းမှတ်တမ်းတွင် ရေးသားထားချက်များသည် မတရားမှုများကို ဖုံးကွယ်ထားသလား ဟူ၍ အများပြည်သူက မှတ်ယူနိုင်စရာ အကြောင်းရှိသောကြောင့် ဖြစ်သည်။

        အဆိုပါမှတ်တမ်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ်လ (၆) ရက်နေ့စွဲ ဖြင့် ဒေါက်တာ အေးမောင် ဥက္ကဌ အဖြစ်တာဝန်ယူသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား အစည်းအဝေး ဖိတ်ကြားခဲ့ သည်။ ဥက္ကဌ ဒေါက်တာအေးမောင် မဖြစ်မနေ တက်ရောက်ရန် ဟူသော စကားလုံးကို သုံး၍ ဖိတ်ကြားခဲ့ ကြောင်းနှင့် ကြောင်းတွေ့ရသည်။

၁။ ဒေါက်တာအေးမောင် (ဥက္ကဌ)

၂။ ဦးအုံးတင်           (ဒုဥက္ကဌ)

၃။ ဦးဘရှိန်             (ဗဟိုအလုပ်အမှုဆောင်)

၎။ ဦးဖေသန်း           (ဗဟိုအလုပ်အမှုဆောင်)

၅။ ဦးထွန်းအောင်ကျော်  (ဗဟိုအလုပ်အမှုဆောင်)

          ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ——————ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း တင်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်အရေးအခင်းအပေါ် ပါဝင် ပတ်သက်မှုကို အကျယ် ဆွေးနွေးခြင်း မရှိဘဲ “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ပြောကြားခဲ့ ကြောင်း မှတ်တမ်းတွင် ရေးသား ထားခဲ့သည်။

            ရခိုင်အရေးအခင်းအတွင်း နှစ်ဘက်အပြန်အလှန်သတ်ဖြတ်မှုကြီးများ ပေါ်ပေါက်ခဲ့ကြောင်း မည်သူမျှ အငြင်းမပွားပါ။ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံခဲ့ပြီး သေဆုံးသူဦးရေမှာ တရာထက်တော့မပိုကြောင်းနှင့် မီးရှို့ကြသည့်အတွက် အိုးမဲ့ အိမ်မဲ့ဖြစ်ကြသူဦးရေမှာ အဆမတန်များပြားကြောင်း ဆိုသွားခဲ့သည်။

            ဤသတင်းများ လှိုင်လှိုင်ကြီးထွက်ပေါ်နေသည့် အချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီအား အစည်းအဝေး ခေါ်ယူပြီး “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု သတိပေးခံလိုက်ရခြင်းမှာ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို များစွာ ထိခိုက်ပါ သည်။ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုကြီးများ ကျူးလွန်ရာ၌ အဓိက ဦးဆောင်သော အဖွဲ့အစည်းမှာ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ ဖြစ်သည် ဟု ရွေးကောက်ပွဲ ကော်မရှင်က အတိအကျ စွပ်စွဲလိုက်သည့် သဘောဆောင်သည်။ အဆိုပါ မှတ်တမ်းသည် စစ်မှန်သည်ဆိုပါက ပေါ့ပေါ့မထားသင့်ပါ။  ရခိုင်သမိုင်းတခု၏ အစိပ်အပိုင်းဖြစ်သွားပါပြီ။

         မစစ် မှန်သော မှတ်တမ်းဖြစ်သည်ဆိုလျှင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် အမြန်ဆုံးရှင်းလင်းဘို့ လိုပါ မည်။ စစ်မှန်သော မှတ်တမ်းဖြစ်သော်လည်း “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်းမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်းဖြစ်ပွားခဲ့သော သတ်ဖြတ်၊ မီးရှို့မှုကြီးများနှင့် လုံးဝ ပတ်သက်ခြင်း မရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် စပ်လျှဉ်း၍ အခြား မည်သည့်ကိစ္စရပ်အတွက် ကော်မရှင်က ခေါ်ယူ သတိပေးခြင်းသာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် လူထုတရပ်လုံးအားခြေခြေမြစ်မြစ် ရှင်းပြဘို့ လိုပါမည်။

          ထို့အပြင် ပို၍ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ဘဲ အဓိက ဦးဆောင်ကျူးလွန်နေသယောင်ယောင် သဘောသက်ရောက်စေသည့် မှတ်တမ်းကို ရေးသားသူ၊ အများသိအောင် ထုတ်ပြန်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပါတီ က ဥပဒေကြောင်းအရ အတိအကျ ပြန်လည် တရားစွဲဆိုသွားသင့်ပါသည်။

       (အပိုင်း ၄ ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)

သြဂုတ်လ (၁၇) ရက် ၂၀၁၂ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၃) (U Aung Htoo)
  1. are u unemployed or what ?
    do u really work as a lawyer?
    or you are working as ‘ odd job ‘ in foreign country.
    It does not look like you talk like a professional lawyer.
    are you just an ex-lawyer?
    don’t waste ur time.
    write something useful to Myanmar People, like . English Legal term with Myanmar words.
    Like…..
    rort
    corruption
    simple hurt
    grievous hurt … with Myanmar words. so people with get knowledge.

    ..what u re doing is rubbish and non sense. Attacking Thein Sein – specifically.
    you should go to Myanmar and work better than others. Some people are going to go.
    Are you still taking ‘ special benefit ‘ from foreign government or you are earning from own professionals/works? if u currently work as a lawyer, please state where and what u work.
    Otherwise. …..don’t say ‘ lawyer ‘ . Just state ‘ Ex Lawyer ‘ . you need a license to practice. If you don’t , you can not be called ‘ a lawyer’ . Don’t try to lie to readers. If you are true lawyer, say clearly to readers.

    don’t just bullshit rubbish here. We hope you understand. Do not spoil the game. Respect yourself and others Myanmar people and readers and Moe Ma Kha.
    Your writing is very rubbish and not useful for anyone.

Comments are closed.