ဝေဖန်ရေးရာ

ဦးသိန်းစိန်နှင့် ဗွီအိုအေ အင်တာဗျူး သုံးသပ်ချက် (အပိုင်း ၂)

အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စစ်အစိုးရ၏ မူဝါဒသည် အဘယ်နည်း
အောင်ထူး (ရှေ့နေ) 

သြဂုတ် ၂၀၊ ၂၀၁၂ 

သမတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်း စာနာမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲ သုံး၍ ပြောလာ နေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မူလ ကထဲက ဦးသိန်းစိန်ခေါင်းဆောင်သည့်  စစ်အစိုးရ မှာ ဤ သဘောထား သို့  မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါ မည်။

            အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍  သြဂုတ်လ (၁၅)ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာသည့်အချိန်အထိ နှစ်လ ကျော်မျှ ကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှု နှင့် လူ့အခွင့် အရေး အခြေခံတို့မှ  ချည်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခု ကဲ့သို့လေးလေးနက်နက် တိတိ ကျကျ ဖြောင့်ဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါ သနည်း။ အဓိကရုဏ်းတွင် စစ် အစိုးရ၏ ပါဝင်ပတ်သက်မှုကို  လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိကျကျထောက်ပြလာပြီး နောက်ပိုင်း နိုင်ငံတကာ၏ ထိထိရောက်ရောက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဘွယ် ရှိကြောင်း ယခုအချိန် တွင် ရိပ်စားမိလာသောကြောင့်သာ   ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။

      ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် လူမျိုးရေး ဘာသာရေး ပိပက္ခ မဟုတ်ဟု ဦးသိန်းစိန်က ငြင်းသွားခဲ့သည် နှင့် ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါတိုင်း မေးမြန်းခဲ့သည်။

         “လူမျိုးရေး ဘာသာရေး ပိပက္ခ မဟုတ်ဘူး ဆိုပေမယ့် တဘက်နဲ့တဘက် ရေရှည် မုန်းတီးမှုတွေ ရှိတာတော့ ငြင်းလို့ မရတဲ့ကိစ္စပါ။ ဒေသထဲမှာ အတူနေထိုင်လာကြတဲ့ အခါကျတော့ မုန်းတည်းမှုတွေ သည်ထက်ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက်  အတူယှဉ်တွဲနေထိုင် နိုင်အောင် ဘယ်လို စီမံချက်တွေ ဖြေရှင်းမှုတွေ ရေရှည် လုပ်ဆောင်သွားဘို့ရှိပါသလဲ။”


ယခင်သီတင်းပတ်က ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင်တွေ့ရသည့် သမ္မတကြီး ဦးသိန်းစိန်

        ဤမေးခွန်းအား မေးဖြစ် ဖြေဖြစ်သည့် အခြေအနေမည်သို့ ရောက်သွားကြောင်းတော့ မေးသူ ဖြေသူ နှစ်ဦးသာ သိပါ မည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်း နေစေပြီး တတိယနိုင်ငံသို့ ပိုးပေးမည်ဆိုပါက ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးအား အစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကမ္ဘာသိကြေငြာထားခဲ့ပြီး ဖြစ် သည်။ ယခုဤသည်ကို အကောင်အထည် မဖေါ်တော့ဘူးလား။ စစ်အစိုးရ သဘောထားပြောင်းသွားပြီလား။ ပြောင်း သွားလျှင်လည်း ပြောင်းသွားပြီ   ဖြစ်ကြောင်း ကမ္ဘာသိကြေငြာရန်လိုပါသည်။

            ရခိုင်လူထုထံမှ နိုင်ငံရေးအရထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီးနောက် ကြေငြာခဲ့ခြင်းလည်း ဖြစ်သည်။ အစိုးရ၏ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း များက  အစောပိုင်းကထဲက ထောက်ပြချက်များနှင့် ဦးသိန်းစိန်၏ ဤကြေငြာချက်ကို ဆက်စပ်ကြည့်လျှင် စစ်အစိုးရ သည် ရိုဟင်ဂျာများ (ဦးသိန်း စိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသား မောင်းနှင် ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏ အစကထဲကပင် ကျင့်သုံးဖေါ် ဆောင်ခဲ့ကြောင်းသုံးသပ်နိုင်သည်။  ယင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက် ခိုက်မှုများ၊  အပြန်အလှန် သတ်ဖြတ်မှုကြီးများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင် တာဝန်ရှိသည်။

      ယခုမူ ဦးသိန်းစိန်၏ ရုပ်သွင်ကို အင်တာဗျူးတွင် တွေ့မြင်လိုက်ရသောအခါ ၄င်း၏ စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်ခု ၏ အလယ်တွင် နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကို ထိမ်းသိမ်းနေသည့် သဘော မှင်သေသေ ရှင်း လင်းဆွေးနွေးသွားခဲ့သည်။ ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖေါ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာ ရောက်စစ်ဆေးမည် ဆိုသည်ကို ဦးသိန်းစိန် အဘယ်ကြောင့် လက်မခံနိုင်ပါသနည်း။ ဦးသိန်းစိန် ရည်ညွှန်းသည့်       လူ့အခွင့်အရေးကော်မီရှင် လွတ်လပ်မှုရှိသည်ဆိုသည်မှာ လုံးဝပင်လွဲမှားနေသည်။ လူ့ အခွင့်အရေးကော်မီရှင်ဟူသည် မှာ သမ္မတရုံးအဖွဲ့ ၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သည့် အမှုတွင်  လူ့အခွင့်အရေး ကော်မရှင်မှာ  သူကြီးတူ အဆင့်လောက်သာ ရှိကြောင်းတင်ပြခဲ့ပါပြီ။  လူ့အခွင့်အရေး ကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှ မရှိသလို သမတ ကိုယ်တိုင်ကျူး လွန်သည့် ပြစ်မှုမှန်သမျှကိုလည်း မည်သည့် အခါမျှ ဖေါ်ထုတ်မည် မဟုတ်ပါ။

          ပို၍ဆိုးသည်မှာ ဦးသိန်းစိန်၏ ကြေငြာချက်ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌ လုံးဝပင် နှစ်ခြမ်းကွဲသွားခဲ့သည်။ ရိုဟင်ဂျာ ဆိုသူ (သို့မဟုတ်) ဘင်္ဂါလီ မွတ်ဆလင်ဆိုသူများ ကို ရခိုင်ပြည် နယ်မှ အပြီး အပိုင် မောင်းထုတ်လိုက်ခြင်းသည် ပြသနာ၏ အဖြေဖြစ်သည်ဟူ၍ ရခိုင်လူထုအများစုကြီး၏ စိတ်တွင် စွဲထင်သွား စေသည်။ ယင်းသို့မောင်းထုတ်ခြင်းမှာ တရားသောလုပ်ဆောင်ချက် ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။ ယင်း အတွက်တာဝန်ရှိသူမှာ    ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ တဖွဲ့လုံးဖြစ်သည်။ ယင်းကို ပထမ ရှင်းပြ သင့် သည်။ ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည် နှင့် စပ်လျှဉ်း၍ မည်သို့မျှရှင်းလင်း ဖြေကြားခဲ့ ခြင်းမရှိပါ။

        သာဓကအားဖြင့် လူတဦးက အခြားတဦးအား “ထမင်းစားပြီးပြီ လား” ဟု ပထမ မေးပြီးမှ ”ဘာဟင်းနဲ့ စားခဲ့လဲ”  ဟုမေးလေ့ရှိပါသည်။ ပထမ မေးခွန်းကို မမေးဘဲ ဒုတိယ မေးခွန်းကို တန်းပြီး မေးပါက မေးမြန်းခံရသူ သည် ထမင်း စားပြီးဖြစ်ကြောင်း  မေးမြန်း သူက ကြိုတင်သိထားနှင့်သည့် သဘောသက်ရောက်သည်။
           ပထမမေးခွန်းကိုကျော်ပြီး ဒုတိယ မေးခွန်းကို မေးခြင်းအားဖြင့် ဦးသိန်းစိန်၏ အစိုးရတွင် နှစ်ဘက် အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ရှိနေပြီဟု မေးသူ ဦးသန်းလွင်ထွန်းက  ကြိုတင်သိနေ ၍ ဖြစ်ကောင်းဖြစ်ပါမည်။  ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန် ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသို့ တရားမ၀င်ခိုးဝင်နေသည့် ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ ပြန်ပို့မည် ဟူ၍ လည်းကောင်း၊ လက်ခံမည့် တတိယ နိုင်ငံများသို့ သွားနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့ခြင်းဖြစ်သည်။

           အဆိုပါ မေးခွန်းအား သမတ ဦးသိန်းစိန်က “ရေရှည် ဖြေရှင်းသွားရမှာပါ။ရခိုင်တိုင်းရင်းသားပါတီအကြီးအကဲ တွေနဲ့ တွေ့ပါတယ်။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွား ပြီ။ ရွာကြီးတရွာလို ဖြစ်နေ တယ်။ ကျွန်တော်တို့ က သူ့လူမျိုး ကိုယ့် လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလို့ မရ ဘူး။ လူသားဆိုတဲ့ အမြင် နဲ့မြင်ပါ။ လူသား ဆိုတဲ့ အမြင် နဲ့ မြင်ရမယ်။ ကမ္ဘာမှာ လဲ လူ့အခွင့်အရေးကို ရှေ့တန်း တင်ပြီး ပြောလာကြတယ်။ လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဘို့ လိုပါတယ်။” ဟု ဖြေသွားခဲ့သည်။

         စာရေးသူတို့ ကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင် ပြောကြသည့် စကားလုံး တခုရှိသည်။ “ဒီ ထက် ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ” ဟူ၍ ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ အား   ဦးသိန်းစိန်ထက် ကောင်းအောင် မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပါ။ ဦးသိန်းစိန်ထက် ကောင်းအောင် ရှင်းပြဦး တော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။

            (အပိုင်း ၃ ကို ဆက်လက် ဖတ်ရှုပါရန်)

               (ဤဆောင်းပါးမှာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ မိုးမခ၏ အာဘော်မဟုတ်ကြောင်း သိစေအပ်ပါသည်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “ဦးသိန်းစိန်နှင့် ဗွီအိုအေ အင်တာဗျူး သုံးသပ်ချက် (အပိုင်း ၂)
  1. စာရေးသူကိုအောင်ထူးအနေနဲ့ မွတ်စလင်နိုင်ငံတွေကို (ထိုင်းကနေ ခင်ဗျားနေတဲ့ ဥရောပကိုအသွား ခရီးတထောက်ပဲဖြစ်ဖြစ်) အလည်ရောက်ဖူးမယ်ထင်ပါတယ်။ သူတို့နိုင်ငံတွေမှာ ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့ဥပဒေအတိုင်းပဲနေရပါတယ်။ သူတို့နိုင်ငံမှာ အနေကြာလို့ဆိုပြီး နိုင်ငံသားပေးတာရှိပါသလား။ သူတို့နိုင်ငံမှာ ယောက်ျားမိန်းမ တန်းတူ အခွင့်အရေးရှိပါသလား။ ကိုယ်သူများကိုမပေးနိုင်ရင် သူများစီကမတောင်းနဲ့ ရှင်းပါတယ်။

    မြန်မာနိုင်ငံမှာ အမွေမှု၊ လင်မယားကွာရှင်းမှုတွေကို ကိုးကွယ်ရာဘာသာနှင့် ရိုးရာဓလေ့ထုံးစံကိုအခြေခံပြီး စဉ်းစားဆုံးဖြတ်တာရှိပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံတွေမှာတောင် ဒါမျိုးမရှိပါဘူး။ မြန်မာနိုင်ငံမှာလိုအပ်နေတာ တရားဥပဒေစိုးမိုးရေးပါ။

    ကုလားလို့ခေါ်တာရိုင်းသတဲ့၊ တရုတ်လို့ခေါ်တာရိုင်းသတဲ့။ ခင်ဗျားမေ့နေတယ်ထင်တယ် တရုတ်ပြည်သူ့သမတ္တနိုင်ငံဆိုတာ တရားဝင်နာမည်ပါ။ ချိုင်းနားပြည်သူ့သမတ္တနိုင်ငံလို့ ခေါ်တာကြားဘူးလား။ မြန်မာတွေက အသားမည်းရင် ကုလားခေါ်တာဘာဖြစ်လဲ ချစ်လည်းခေါ်တတ်ကြတယ် မုန်းလည်းခေါ်တယ်။ ချစ်ရင် ကုလားစင်လေးတဲ့ မုန်းရင် ကုလားစုတ်တဲ့။ ကုလားဆိုတာမှားသလား။ ကုလားဟာ ကုလား၊ တရုတ်ဟာ တရုတ် မွေးရာပါပဲ ပြောင်းချင်လို့မရဘူး။

    မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အကူးအပြောင်း စပ်ကူးမတ်ကူးကာလအားနည်းချက်ကို အခွင့်ကောင်းယူပြီး၊ မရှိခဲ့တဲ့တိုင်းရင်းသားရပိုင်ခွင့်ကိစ္စကို ဘာသာရေးနဲ့ရောပြီး အတင်းလုပ်ယူလို့မရနိုင်တာကို မွတ်စလင်အကြမ်းဖက်အဇွဲ့တွေကခြိမ်းခြောက်လိုက်၊ မွတ်စလင်နိုင်ငံစုံအဖွဲ့ကြီးကငွေပေးဝယ်လိုက်၊ မြန်မာအမျိုးသား သစ္စာဖေါက်တွေက တောချောက်လိုက်နဲ့ မပြီးနိုင်တော့ဘူး။

    ဟိုတပါတ်က ဒီဘင်္ဂါလီအရေး အခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာပဲ ထိခိုက်တော့မလိုလို၊ အခုတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာပဲ ထိခိုက်တော့မလိုလို၊ လိုလိုတွေတယ်များပါ့လား ကိုအောင်ထူးရယ်။ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ခင်ဗျားရဲ့သစ္စာကဘာလဲ။

  2. R MaChaung Neth.
    In a few weeks or months or so, take responsibility for what you have said.

    You don’t have any responsibility anyway, as you are not in Myanmar. You can talk whatever you like.

    But you will be paid for what you have said by yourself.

    don’t just use ‘ rights , rights , rights ‘as a persevere manner – that is you are abusing it without careful global views. Don’t you think yourself a great ‘ philosopher’ .

  3. Moe ma kha should stop posting this.
    there will be a very huge repercussion.
    this is a very controversial issue and author is nothing but instigating. He just want to be popular among the readers. Make no mistake about it.
    you all will regret. Please don’t.
    Myanmar country is more important than that stupid Aung Htoo. If he can, he should go to Myanmar and do more. In stead of ‘ barking ‘ here in Moe Ma Kha.

  4. မင်းတို့ကဝေဘန်ဘို့ဘဲတတ်တာ။အချွန်နဲ့မမယ်၊ နှိုက်မယ် ဖွမယ်ဒါမင်းတို့ရဲ့အလုပ်။တို့တိုင်းပြည် အတွက်တော့ဘာမှအကျိုးမပြုဘူးမင်း တို့ဝေဘန်ချက်က

  5. Lawyer U Aung Htoo, you dramatically criticize to U Thein Sein word by word.
    To be legalized your voice, firstly you’ve to appear at lawful court to clarify Northern AB affair.
    Otherwise, we do not trust you are righteous man and spoke person in country’s affair.

  6. အလွယ်ကူဆုံး ဥပမာတစ်ခုပေးချင်ပါတယ်…မိမိရဲ့မိသားစုအိမ်ထဲကို တစိမ်းယောက်ကျားတစ်ယောက်ဝင်လာပြီး နေစရာနှင့်စားစရာပေးဘို့ပြောမယ်…အလွယ်တကူလက်ခံနိုင်ပါသလား…
    အဲဒီတစိမ်းယောက်ကျားက မိမိရဲ့ သမီးပျိုလေးကို ထိကပါးရိကပါးပြောမယ်…အလွယ်တကူလက်ခံနိုင်ပါသလား…
    အဲဒီတစိမ်းယောက်ကျားကပဲ မိမိရဲ့ မိသားစုဝင် တစ်ယောက်ယောက်ကို ထိုးနှက်ကန်ကျောက်ပြီးနေမယ်ဆိုရင်ရော..
    အလွယ်တကူလက်ခံနိုင်ပါသလား… ဒါဟာ မိမိရဲ့ ကိစ္စပဲရှိသေးတယ်….လူအများနှင့်မဆိုင်သေးဘူးနော်…..
    ဆောင်းပါးရှင်ကြီး ဆိုရင်ရော…အလွယ်တကူလက်ခံနိုင်မှာ ဟုတ်ရဲ့လား…..ကြီးကြီးကျယ်ကျယ်မပြောပါနဲ့အုံး……
    ကိုယ့်ဘ၀ ကိုယ့်မိသားစုကိုဘဲ အရင်စဉ်းစားပါအုံး….လူ့အခွင့်အရေးလေး…အဲဒီလူကိုပေးလိုက်ဘို့ကောင်းပါတယ်လို့လေ….သနားပါတယ်..
    စားစရာလဲမရှိ..နေစရာလဲမရှိ…လူသားချင်းစာနာရမှာပေါ့ ဆိုပြီး….လုပ်ပေးလိုက်မှာလားမေးချင်ပါတယ်….
    ဒါပါဘဲ..”ကိုယ်ချင်းစာ နာမှသိမှာလေ”

  7. can u tell the reades where u live and work as a lawyer?
    we need a good lawyer like you outside Burma.
    do u work as a lawyer?
    it will be useful for us to know where you work. Burmese who need legal advice can come and see you.
    tell ur fee as well.
    thanks

Comments are closed.