ဓာတ်ပုံသတင်း

ဥက္ကလံ၊ ဓမ္မဧရိပ်၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ကလေးများသင်တန်းဆင်း ဆုပေးပွဲအခမ်းအနား မြင်ကွင်း


ကျော်နိုင်၊ ဓာတ်ပုံသတင်း၊ သြဂုတ် ၂၀၊ ၂၀၁၂

မြန်မာသက္ကရာဇ် (၁၃၇၄)ခုနှစ်ဝါခေါင်လဆန်း(၁)ရက် ၈-၁၈-၂၀၁၂ခုနှစ် စနေနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို (ဗေးဧရိယာ)ဥက္ကလံမြို့ မှာ စတုတ္ထအကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပူဇော်ပွဲနှင့် ဒုတိယအကြိမ်မြောက်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင် တန်းဆင်းပွဲကို ကျင်းပခဲ့ရာ ရွှေည၀ါဆရာတော် ဘဒ္ဒန္တပညာသီဟ၊ ဓမ္မာနန္ဒ(ဟတ်မွန်းဗေး)ဆရာတော် ဦးသြသဓ၊ မုဒိတာရွှေကျောင်းဆရာတော် အရှင်ဉာဏိကာ ဘိဝံသတို့  ကြွရောက်ချီးမြှင့်ပေးခဲ့ကြပါတယ်။

အခမ်းအနားမှာ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီးနောက် ၀ါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ရွှေည၀ါဆရာတော်ဘုရားကြီးမှလည်း အနုမောဒနာတရားတော်များကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယအကြိမ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်း ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ကြရာ ကြွရောက်လာကြသော ဆရာတော်ကြီးများမှ ဆုရရှိသောကလေးများအား ဆုများကို ချီးမြှင့်ပေးခဲ့ကြပါတယ်။

ဆန်ဖရန်စစ္စကို ဗေးဧရိယာဒေသရှိ မြန်မာအမေရိကန် အမျိုးသမီးများ မဟာမိတ်အဖွဲ့ ၊ မြန်မာလူငယ်များအစည်းအရုံး၊ ထေရ၀ါဒ ဓမ္မအသင်းတို့ နှင့်တကွ ဓမ္မမိတ်ဆွေများမှ ဆုပေးပွဲအတွက်လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပံ့ပိုးလှူဒါန်းပေးခဲ့ကြပါတယ်။ ဓမ္မအေးရိပ်ကျောင်း ပစ္စည်းလေးပါး ဒါယိကာ၊ ဒါယိကာမများမှလည်း ကြွရောက်လာသော ဆရာတော်ကြီးများအား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts