အောင်ထူး (ရှေ့နေ)
သြဂုတ် ၁၉ရက်၊ ၂၀၁၂
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမ္မတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကိုတလေးတစား ဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။
ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ “လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆို လာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများအား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။
ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျှဉ်း၍ ဦးသိန်းစိန်က “တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြသနာဖြစ်တယ်။ အမျိုးသား လုံခြုံရေး ရှုဒေါင့်ကနေ ကြည့်ရမယ်။” စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။
ယခု ဦးသိန်းစိန် ကိုယ်တိုင်၏ အတိအလင်းထုတ်ဖေါ် ချက်အရ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ လူသားချင်းစာနာမှု အယူအဆ နှင့် လူ့အခွင့်အရေး အတွေးအခေါ် တို့ အား ရှေ့ တန်းကနေတင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွား တော့ဟု ဆိုနိုင်သည်။ အင်တာဗျူး အသေးစိပ်ကို ကို ဤလင့်ခ်တွင် နားဆင်ပါ။
ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီး ကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်းမှ နေ၍ စစ်အစိုးရလေသံအတိုင်း ပြောဆိုနေကြသော အချို့ လွှတ်တော်ကိုယ်စားလှယ် များ၊ အုပ်ချုပ်ရေးအာဏာ ပိုင် ပုဂ္ဂိုလ်များ သည်
“လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။ လူ့ အခွင့် အရေး ချိုးဖေါက် မှုများအား အားပေး သည့် သဘော ဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများအား အမြန်ဆုံးရပ်တန်းက ရပ်သင့်ပြီ ဖြစ်သည်။
စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသားဂုဏ်သိက္ခာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခြဲ့
ပီးအဓိကရုဏ်းအားငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက်အထောက်အကူပြုသည့်အနေဖြင့်နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ရှစ်ချက်ကို တင်သွင်းခဲ့သည်။ ပထမဆုံး အချက်မှာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တို့နှင့် စပ်လျှဉ်း၍ ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။
(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက်ရှင် ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာလုံးဝ မဖြစ်သင့်ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်ရန် စဉ်းစားဆောင်ရွက်သင့်ပါသည်။
ဤတင်ပြချက်ကိုထောက်ကာစာရေးသူအားရိုဟင်ဂျာများဘက်ကလိုက်ပြီးရေးသည်ဟုထိုစဉ်ကဝေဘန်သူတချို့ရှိခဲ့သည်။ဖြေရှင်းခွင့်မကြုံခဲ့ပါ။ရင်းနှီးသောမိတ်ဆွေတချို့တလေကလည်းစာရေးသူအားခင်ဗျားဒီကိစ္စကြီးသွားပြီးမရေးနဲ့ဗျ၊သိတ်ရှုတ်တယ်ဟုသဘောရိုးဖြင့်သတိပေးကြပါသည်။ဝေဘန်သူတချို့ကိုမည်သို့မျှအာဃာတမရှိသလို၊စေတနာရိုးဖြင့်သတိပေးသောမိတ်ဆွေများကိုလည်းကျေးဇူးတင်ရပါမည်။ သို့ရာ တွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖေါ်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ်ဆောင်းပါး တစောင် ထပ်ရေးခြင်းဖြစ်သည်။
ရိုဟင်ဂျာလည်းလူဖြစ်ပါသည်။ကုလားဟုအလွယ်တကူခေါ်နေကြသူများလည်းလူဖြစ်ပါသည်။တရုတ်လည်းလူဖြစ်ပါသည်။ဤပုဂ္ဂိုလ်များအားလုံးကိုလူဟူ၍အရှိအတိုင်းမြင်စေလိုသောစေတနာဖြင့် စာရေးသူက အထက်တွင်ဖေါ် ပြခဲ့သည့် ဆောင်းပါးကိုရေးသားခဲ့ခြင်းဖြစ်သည်။ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ်လူ့ဂုဏ်သိက္ခာနှင့်အညီသဘောထားစေခြင်၊ဆက်ဆန်စေခြင်၍လည်း ဖြစ်သည်။ လူ့အခွင့်အရေးကို လက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။
လူ့အခွင့်အရေးကိုအမျိုးသားရေးနှင့်ဆက်စပ်၍လည်းတန်ဘိုးထားသင့်ပါသည်။ယနေ့ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သော Globalization ခေတ်ကိုရောက်နေပါပြီ။ ဤသည်ကိုမည်သူမျှအငြင်းမပွားပါ။စစ်အာဏာရှင်နေ၀င်းကြီးစိုးခဲ့သည့်အချိန်ကလိုကိုယ့်နိုင်ငံကိုကိုယ်တံခါးပိတ်ထားပြီးဝါးလုံးခေါင်းထဲမှာလသာလို့ရသောခေတ်မဟုတ်တော့ပါ။ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သောခေတ်ကြီးတွင်အားကောင်းချက် များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေးအတွေးအခေါ်အယူအဆကမ္ဘာတ၀ှမ်းသို့အရှိန်အဟုန်နှင့်ပျံ့နှံ့သွားသည်ကိုမူအားကောင်းချက်အဖြစ်တကမ္ဘာလုံးကအငြင်းမပွားဘဲလက်ခံကြပါသည်။
လူ့အခွင့်အရေးကိုလက်ခံကျင့်သုံးသောလူမျိုးသည်ကမ္ဘာတွင်ဂုဏ်တင့်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက် နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ်ပြုစေခြင်ပါသည်။ သမိုင်းတွင်ယဉ်ကျေးမှုအားကောင်းကောင်းကျင့်သုံးခဲ့သောရခိုင်လူမျိုး၊မေတ္တာတရားကြီးမားသောဗုဒ္ဓဘာသာဝင်များဖြစ်သည့် ရခိုင်လူမျိုး အဖြစ် ကမ္ဘာက ရှုမြင်စေခြင်ပါသည်။
လူ့အခွင့်အရေးကိုလေးစားလိုက်နာကြောင်းပြခြင်းသည်လူမျိုးတမျိုး၏အမျိုးသားဂုဏ်သိက္ခာကိုပါမြင့်တက်သွားစေသည်။ဤသို့ဖြင့်ရခိုင်လူမျိုး၏လူမျိုးဂုဏ်သိက္ခာကိုသာမကမြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအားလုံး၏အမျိုးသားဂုဏ်သိက္ခာကိုပါမြှင့်တင်စေခြင်သည်။စာရေးသူကအမျိုးသားရေးကိုဤသို့ရှုမြင်ပါသည်။
ရခိုင်ပြည်နယ်၏လှပသောရေမြေတောတောင်များ၊မြစ်ချောင်းများ၊ပင်လယ်ကမ်းခြေများ၊သဘာဝကျွန်းငယ်ကျွန်းစုများအားလူသတ်ကွင်းများအဖြစ်ပြောင်းမသွားစေလိုပါ။ငြိမ်းချမ်းသည့်ဒေသများ၊လုံခြုံရေးအတွက်ပူပင်ရန်မလိုအပ်သောနေရာများ၊ဥပဒေစိုးမိုးရေးရှိသည့်ဝန်းကျင်များအဖြစ်ကမ္ဘာကရှုမြင်စေလိုသည်။သို့မှသာနိုင်ငံခြားခရီးသည်များလာရောက်ကြပါမည်။ရင်းနှီးမြှုပ်နှံလိုသူများဝင်လာကြပါမည်။စက်ရုံအလုပ်ရုံများအားကောင်းကောင်းပေါ်လာပါမည်။ကုန်ရောင်းကုန်ဝယ်များဖြစ်ထွန်းပါမည်။စာရေးသူကရခိုင်အမျိုးသားများ၏အမျိုးသားအကျိုးစီးပွားကိုဤသို့မျှော်မှန်းပါသည်။
(အပိုင်း ၂ ကို ဆက်လက် ဖတ်ရှုပါရန်)
ဒီဘင်္ဂါလီအရေးမှာ တိုင်းပြည်ပြင်ပက မြန်မာ့အရေးလှုပ်ရှားသူအချို့ဟာ ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) တွေကို “လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေး” စတဲ့ရှုထောင့်တွေကနေ ရှေ့နေလိုက်ပေးနေတာ တွေရတယ်။ ဒီလိုလုပ်ကြသူတွေအချင်းချင်း သူတို့ကိုသူတို့ အမျှော်အမြင်ကြီးသူတွေ၊ လူသားစစ်စစ်ကြီးတွေ၊ သဘောထားကြီးကျယ်မြင့်မြတ်သူတွေအဖြစ် ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်လုပ် နေကြတာတွေ့ရတာ အတော်စိတ်ပျက်ဖို့ကောင်းတယ်။
နောက်ပြီး တိုင်းပြည်နဲ့ဒေသခံတိုင်းရင်းသားတွေရဲ့သမိုင်းကို ထည့်သွင်းစဉ်းစားတာ၊ ရေးသားတာမျိုး သူတို့စာတွေမှာ မတွေရတာ ဒီလူတွေရဲ့ ရပ်တည်မှု နောက်ခံကိုထင်ရှားစေပါတယ်။
နိုင်ငံတခု၊ တိုင်းရင်းသားတစု၊ လူတယောက်ရဲ့သမိုင်း ဘယ်လိုသမိုင်းမျိုးကိုမှ မိမိကြိုက်သည်ဖြစ်စေ မဖြစ်စေမေ့လိုက်လို့မှမရတာ။ စာရေးသူကိုအောင်ထူးအနေနဲ့လည်း ကိုယ်သမိုင်းကိုယ်တောင် ဖြောက်ဖျက်ပြစ်လို့မရတာ ရခိုင်ဒေသရဲ့ သမိုင်းကို ဖြောက်ဖျက်လို့၊ ပြန်ပြင်ရေးလို့ရမယ်နေထင်လား။
တိုင်းပြည်ပြင်ပက အခြားမြန်မာ့အရေးလှုပ်ရှားသူတွေလည်း သူတို့ရဲ့ရင်ထဲက သဘောထားကို ဖေါ်ထုတ်ပြဖို့အချိန်တန်ပြီထင်ပါတယ်။ ကျီးအာသံကိုပျောက်အောင် အမျိုးသားရေးတာဝန်အရ မိမိနိုင်ရာ ဒေသကနေ သမိုင်းမှန်၊ အခြေအနေမှန်ကို နိုင်ငံတကာကသိအောင် လုပ်ဖို့လိုပါတယ်။
ဒီမိုကရေစီရဖို့ ပေးဆပ်လိုက်ရတဲ့တန်ဖိုးတွေများပါပြီ နောက်ထပ်တိုင်းပြည်ကို ဖဲ့ရောင်းရတာမျိုးမဖြစ်ဖို့လိုပါတယ်။
All are nonsense. Why for Muslim country don’t know human right. Har Har.?
ကျနော်ရခိုင်သားစစ်စစ်ပါဗျာ။ ကိုအောင်ထူးပြောတာ reasonable ဖြစ်ပါတယ်။ globalize ဖြစ်စဉ်နဲ့အတူ တွင်ကျယ်လာတဲ့ human right ဆိုတာကိုလည်း ငြင်းမယ့်သူမရှိလောက်တော့ပါဘူး။ သို့ပေမယ့် မနုဿဘာဝဆိုတာ လိုအပ်ချက်တွေက များသားကိုအောင်ထူးရယ်။ physical needs တစ်ခုတည်းနဲ့မပြီးဘူးလေ။ socio-economic needs, cultural needs, spiritual needs အများကြီးပါဘဲ။ ဒါပေမယ့် ဒီကိစ္စကို အားလုံးအတွက် အတိုင်းအတာတတစ်ခုထိ အဆင်ပြေအောင်တော့ လုပ်ကြပါလိမ့်မယ်။ ဒီနေ့ကမ္ဘာမှာ ဒီလိုဘဲဖြစ်ကြရတော့မှာပေါ့ဗျာ။ ဒါပေမယ့် ဒီနေရာမှာ မေတ္တာကြီးမားတဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ရခိုင်သူရခိုင်းသားတွေအနေနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမျိုး လျှောက်ပြောနေရုံနဲ့ မလုံလောက်ဘူးဆိုတာတော့ ကိုအောင်ထူးစဉ်းစားကြည့်ရင် နောက်ထပ်ဆောင်းပါးတစ်ပုဒ်တောင် အဆစ်ရဦးမယ်လေ။ မေတ္တာကြီးခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သမိုင်းကိုတစ်ချက်လှန်ကြည့်လိုက်ပါ။ သူတို့တကယ်ကြီးခဲ့ကြပါတယ်ဗျာ။ ဒါ့ကြောင့်လည်း…….
[quote]“လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။[/quote]
ဒါမရေရာတဲ့ဆင်ခြေမျိုးလား၊ သတ်တိရှိရင် ခင်ဗျားမိသားစုကိုခေါ်ပြီး မောင်တောမှာသွားနေလိုက်၊ အဲလိုမနေရဲဘဲနဲ့ လျှောက်မအော်နဲ့၊ ဒီမှာကြည့်လိုက် ကုလားတွေ ဘယ်လောက်ရက်စက်သလဲဆိုတာ။
http://www.youtube.com/watch?v=mz9qnqXv778
ရေးပါ ခင်များတို့ ကြိုက်တာ ရေးပြီးတင်နိုင်တယ် ကိုယ်နိုင်ငံက ကိုယ့်တိုင်းရင်းသားတွေတောင် လူသားအခွင့်အရေး အပြည့်အဝမရကြသေးဘူး အဲဒီဘင်္ဂါလီကို လူအခွင့်ရေးတွေ အသက်ရှင်နေထိုင်ခွင့်တွေ ပေးချင်နေလား… ကျုပ်တို့ မြန်မာလူမျိုးတွေသူများနိုင်ငံမှာ ကျွန်လို အလုပ်လုတ်နေကြရတာ အလုပ်ရှင်က မတရား အဲဒီနိုင်ငံသားတွေက အနိုင်ကျင့် ဘာပြောလဲ ဘယ်သူအော်လဲ လူအခွင့်အရေးလို့ ….ပြည်ပမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတယ်ကြားတိုင်း ဘာပြောလဲ ဘယ်သူအော်လဲ လူအခွင့်အရေး ….အင်ဒိုနီးရှား မလေးရှား ဖီလစ်ပိုင် … ဗုဒ္ဓဘာသာနိုင်ငံတွေကနေ Islam နိုင်ငံတွေဖြစ်သွား ဘယ်လောက်ကြာသေးလို့လဲ အဲဒီနိုင်ငံတွေမှာ Buddhist monastery တည်ထောင်ဖို့ ဘယ်အစိုးရကမှ လက်မခံဘူး အဲဒါကိုကော ခင်များတို့ ဘာဖြစ်လို့ မအော်လဲ လွတ်လပ်စွား ယုံကြည်ကိုးကွယ်ခွင့်တို့ လူသားအခွင့်အရေး တို့ အော်ကြပါ့လား ဘာကိုပေးချင်နေကြတာလဲ ဘာဖြစ်လို့ ကိုယ်လူမျိုးတွေဘက်က မနာတတ်ကြတာလဲ ဘာဖြစ်လဲ ခင်များတို့က မြန်မာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်တွေမဟုတ်ကြဘူးလား… မြန်မာနိုင်ငံက အစ္စလာမ်စ် နိုင်ငံဖြစ်သွားရင်ခင်များ တို့ ပြန်လုပ်ပေးနိုင်မလား ဗုဒ္ဓဘာသာနိုင်ငံဖြစ်အောင် မှတ်ထား ကုလားဆိုတာ ၁၀ယောက်လောက်စုမိရင် ဗလီထောင်ဖို့လောက် ပိုက်ဆံစုကြတာ မြန်မာလူမျိုး ၁၀ယောက်လောက်စုမိရင်တော့ ဘုန်းကြီးကျောင်းတစ်ကျောင်းတစ်ဆောင်တည်ထောင်ပေးနိုင်လား …..နေရာတိုင်းလိုက်ပြီးတော့လူအခွင့်အရေးအော်မနေကြပါနဲ မေတ္တာရပ်ခံပါတယ်…
မူ စ လ င် နို င် ငံ တော့ အ ဖြ စ် မ ခံ နို င် ဘူး
လူ့အခွင့်အရေးဆိုတာလူစိတ်ရှိသူတွေနဲ့
့ဘဲထိုက်တန်တယ်။လူဖြစ်ပြီး လူစိတ်မရှိသူတွေနဲ့ ဒီစကားလုံးဟာ အလှမ်းနဲနဲဝေးပါတယ်။ဒီနေ့ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို
ဘယ်လူမျိုးနဲ့မှ ရည်ရှည် လက်တွဲနေထိုင်လို့မရတာဘယ်သူတွေလဲ။ဗုဒ္ဓဘာသာဝင်တွေလား,ခရစ္စယာန်ဘာသာဝင်တွေလား,အစ္စလာမ်ဘာသာဝင်တွေလား။အဲဒီဘာသာဝင်တိုင်း လူမျိုးတမျိုးစီရဲ့စိတ်ဓတ်ဘယ်လိုရှိတယ်
ဆိုတာ ဦးအောင်ထူးလဲအားလုံးနဲ့ပေါင်းသင်းဆက်ဆံဘူးမှာပါဘဲ။ဗမာဖြစ်စေ ရခိုင်ဖြစ်စေကိုယ့်ဘေးမှာအမှီးနန့်ပြီးလာနေတဲ့ခွေးကိုတော့ဘယ်သူမှခဲနဲ့ပေါက်ထုတ်မဲ့စိတ်မျိုးမရှိတာသေချာပါတယ်။လူ့အခွင့်အရေးဆိုတဲ့စကားလုံး
တခုထဲနဲ့ဒီပြဿနာကြီးပြေလည်သွားမှာမဟုတ်ဘူး။