ခေတ်ပြိုင်အတွေ့အကြုံ

ဒီမိုကရေစီ ရေစီးထဲက ပညာတတ်တွေ (Pyay Say Nit)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပြေ၊ဆေး၂၊ သြဂုတ် ၁၇၊ ၂၀၁၂

လွန်ခဲ့တဲ့လေးနှစ်လောက်ကကျွန်တော်တို့မြို့လေးမှာ အဖြစ်ပျက်တခုဖြစ်ခဲ့ပါတယ် ။ အဲဒါဘာလဲဆိုတော့ တနေ့မှာ ကျွန်တော့်ဆေးခန်းလေးဆီကို မြူနီစပယ်က စာတစောင်ရောက်လာပါတယ် ။ စာပါအကြောင်းအရာကတော့ ဆေးခန်းတွေကပစ်တဲ့ အမှိုက်တွေကိုကောက်ခအတွက် မြူနီစပယ်က တနှစ်ကို ၆သောင်းကောက်မယ်လို့ ဆိုပါတယ်။ ဒါကို မပေးဆောင်တဲ့ဆေးခန်းတွေ ဆမသိမ်း ၊ဆေးခန်းပိတ်ဖို့ထိ လုပ်ဆောင်သွားမယ်လို့ အမိန့်စာလိုလို ရေးထားပါတယ်။

 ကျွန်တော်ဒီစာကိုဖတ်နေရင်းကကို လက်တွေတဆတ်ဆတ်တုန်လာတယ်။ ဒေါသတွေ တဟုန်းဟုန်းထလာတယ်။ ကျွန်တော်တို့ ကိုခြိမ်းခြောက်တာလို အမိန့်ပေးတာလိုရေးထားတဲ့စာမို့ပါ။ ပြီးတော့ မြူနီစပယ်ခွန်ဆိုတာက ဒီလိုကောက်ချင်သလိုကောက်ရတာမျိုးမှ မဟုတ်တာပဲ။ ကျွန်တော်တို့ ဆေးခန်းအမြတ်ခွန်တောင်မှ အဲဒီတုန်းက တနှစ် ၃သောင်းကျော်ကျော်ပဲကျပါတယ် ။ ဒါလည်း နှစ်စဉ်သွားဆောင်နေတာပါ။ စောဒကတက်မနေပါဘူး။ အခုဟာက မြူနီစပယ် ညွှန်မှူးအသစ်ရောက်လာလို့မူသစ်လို့ဆိုပါတယ်။ သူက ဗိုလ်ကြီးတယောက်ပါ။

ဒါနဲ့ ကျွန်တော်လည်းမနေနိုင်တာနဲ့ မြို့လေးမှာ ရှိတဲ့ ဆရာဝန်၃၅ယောက်ကိုလိုက်စည်းရုံးင်္ပြီး မကျေနပ်တဲ့အကြောင်း စာတင်ဖို့ လက်မှတ်လိုက်ထိုးခိုင်းတာပေါ့။ပထမဆုံး ကျွန်တော်တယောက်တည်းပဲ မြူနီစပယ်ရုံးသွားမေးတယ်။ ညွှန်မှူးမရှိဖူးလို့ပြောတယ်။ ဦးစီးအရာရှိနဲ့တွေ့တယ်။ သူက သူ့ကိုပြောပြပါဆိုတာနဲ့ အမှိုက်ပစ်ခ တနှစ်၆သောင်းတောင်းတဲ့ကိစ္စနဲ့ အမိန့်လို ရာဇသံလို ရေးတဲ့စာအကြောင်း လာဆွေးနွေးတာပါဆိုတော့ သူက သူနဲ့အရင်ဆွေးနွေးပါတဲ့လေ။ ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲပြောပါတဲ့။ ကျွန်တော်က တနှစ်၆သောင်းမပေးနိုင်ဖူးလို့ပြောလိုက်တယ်။

 ဒီနေရာမှာ ကျွန်တော်တို့ဆေးခန်းဆိုတာက ခြောက်တီးခြောက်ချက်ပါ။ ဆေးခန်းသုံးအမှိုက်က ဂွမ်းနဲ့ ပလတ်စတာလေးနည်းနည်းသာထွက်တယ်။ တခါသုံးပလတ်စတိတ်ဆေးထိုြးွပန်၊အိတ်၊ဒရစ်ဆက်ကပိုက်တွေ၊နဲ့ ထိုးဆေးဗူးခွံ့တွေကို ရီဆိုက်ကယ်ပြန်လုပ်မယ့်သူတွေက လာဝယ်ကြတယ်။ဆိုတော့ အမှိုက်က တပတ်နေလို့မှ ဂျွတ်ဂျွတ်အိတ်တလုံးစာပဲရှိတယ်။ ဒီအိတ်လေးလုံးစာကို တနှစ် ၆သောင်းပေးမယ်ဆိုတော့ အနိုင်ကျင့်ရာကျတယ်ထင်တယ်လို့ပြောပြလိုက်တယ်။

ဒီတော့ ဦးစီးက အခုအသစ်ပြောင်းလာတဲ့ ညွှန်မှူးကတိကျသတဲ့လေ။ သူကကြားကနေညှိပေးမယ်တဲ့ ဆရာက ဘယ်လောက်လောက်မှန်းထားလဲမေးတယ် ။ ကိုယ်လည်း စိတ်ထဲတွေ့ရာ ၃သောင်း လောက်ဆိုမဆိုးဖူး။ ဒါပေမယ့် ဒါ တခြားဆရာဝန် ၃၄ ယောက်ကိုအသိမပေးရသေးဖူးလို့ပြောလိုက်တော့ သူက ပြုံးပြီး ဒီလိုလုပ်ပါလား။ဆရာတယောက်ထဲတ တနှစ်၃သောင်းဆောင်လေ ကျန်တဲ့ ဆရာဝန်တွေက ၆သောင်းဆောင်ပါစေ။ ဒါဆိုကျေနပ်မလားလို့ပြောတယ်။

ကျွန်တော်ချက်ခြင်းပဲ သွေးတွေ ပွက်လာတယ်။ ခင်ဗျား ကျွန်တော့်ကို သိသလားဆိုတော့နံမယ်တော့ကြားဖူးနေတာကြာပါပြီတဲ့ လူကတော့ အခုမှ မြင်ဖူးတာပါတဲ့လေ။ ကျွန်တော်က ၃သောင်းလည်း မဆောင်ဖူး။ ကျန်တဲ့ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ညွှန်မှူးနဲ့လာတွေ့မယ်လို့ပြောပြီး ညွှန်မှူးကို ပြောပြထားလိုက်ပါလို့ပြောကာ ပြန်ချလာခဲ့လိုက်တယ်။

တညလုံး အိပ်မပျော်ဖူး။ ဒေါသတွေ တလှိုက်လှိုက် တက်နေလို့။ ပြောရက်လိုက်တာလေ။ နောက်နေ့ကျတော့ မြို့နယ်ဆေးရုံလေးကိုသွားတယ် ဆရာဝန်တွေ အားလုံးကိုခေါ်လိုက်တယ်။ ဒါပေမယ့် အကုန်မလာကြပါဖူး။ ၁၅ယောက်လောက်ပဲလာကြတယ်။

ကျွန်တော်လည်း မြို့နယ်ဆရာဝန်ကိုပြောပြတော့ သူလည်းသိပါတယ်တဲ့ ဒါပေမယ့် ဆရာဝန်တွေ စုပြီး မြူနီစပယ်ရုံးသွားပြောကြမယ်ဆိုတော့ ရှက်စရာကြီးတဲ့ မလုပ်ဖို့ တားတယ်။ သူနဲ့ ညွှန်မှူးကလည်း မယကရုံးမှာတွေ့နေကျဆိုတာပဲ။ကျွန်တော်က ပိုက်ဆံပေးရတာကိုပြောနေတာမဟုတ်ဖူး ။မူအရ အနိုင်ကျင့်တယ် ဗိုလ်ကျတယ်ထင်လို့ လို့ပြောတယ်။

တိုတိုဆိုရရင် ကျွန်တော်နဲ့အတူ ဆရာဝန် ၄ယောက်လိုက်လာတယ် ။ မြူနီစပယ်ရုံးကိုသွားတယ်။ ညွှန်မှူးက ယဉ်ယဉ်ကျေးကျေးချိုချိုလွင်လွင်ပါပဲ။ ပြုံးစစလေး။ သူကလိုရင်းကိုမပြောဘဲ ဆေးခန်းအမှိုက်အတွက် ကားတစီးသက်သက် စီစဉ်မယ့်အကြောင်း မြို့လေးမှာ မနက်လင်းရင် လမ်းမပေါ် အမှိုက်နေတွ စုပုံနေတဲ့အကြောင် နေရာတကာမှာ အမှိုက်တွေပြည့်နေတဲ့အကြောင်း ။ အမှိုက်သိမ်းနည်းတွေ စွန့်ပစ်တာ တွေကိုဘယ်လို လုပ်ပြန်ဖျက်ဆီးရတဲ့အကြောင်းတွေ စီကာပတ်ကုန်း ပြောနေလိုက်တာ ၄၅ မိနစ် လောက်ရှိပါတယ်။

ကျွန်တော်လည်း မနေသာတော့ဘဲ အမှိုက်နဲ့ပတ်သက်ပြီး ဆရာဝန်တွေဟာ နောက်ဆုံးနှစ်အပိုင်းကမှာ ဘာသာရပ်တခုအနနဲ့ကိုသင်ခဲ့ရတဲ့အကြောင်းပြောပြလိုက်ပါတယ် ။ ကျွန်တော်တို့ အားလုံးသိပြီးသားတွေပါ ပြီးတော့ ကျွန်တော်တို့ ဆရာဝန်တွေရဲ့ဆမကိုသိမ်းဖို့ ဆေးခန်းပိတ်ဖို့ဆိုတာတွေက မြူနီစပယ်နဲ့ မဆိုင်ပါဘူး ကျန်းမာရေးဝန်ကြီးဌာနနဲ့ပဲဆိုင်တာပါလို့ပြောလိုက်တယ်။ အခုအချိန်မကုန်ရအောင် တနှစ် ၆သောင်းမပေးနိုင်တဲ့အကြောင်း ညွှန်မှူးသိစေချင်လို့လာပြောတာပါဆိုလိုက်တော့ သူကပြုံးပါတယ် ။

ဆရာအခုပြောနေတာက ဆရာဝန်၃၅ယောက်ကိုကိုယ်စားပြုပြီးပြောနေတာလားတဲ့ ။ကိုယ်လည်း ဟုတ်ပါတယ်ဆိုလိုက်တော့ သူက စာရွက်တရွက်ထုတ်ပြတယ် ။ တနှစ်စာတောင်ဆောင်ပြီးသွားတဲ့ ဆရာဝန် လေးယောက်အမည်တွေကိုပြတယ်လေ။ ကျွန်တော်က အဲဒီဆောင်ထားတဲ့ဆရာဝန်တွေက မဆောင်ရင် ဖမ်းမယ် အချုပ်ထဲထည့်မယ် ။ဆမသိမ်းမယ်။ဆေးခန်းချိတ်ပိတ်မယ်ဆိုတာကိုကြောက်လို့ ဆောင်ကြတာပဲ ဆောင်ချင်လို့တော့ မဟုတ်ပါဘူးလို့ပြန်ပြောလိုက်တယ်။

သူကတဆက်တည်း အထူးကုသမားတော်တယောက်ဆေးခန်းဆိုတနေ့ လူနာအနည်းဆုံး ၃၀လာရင်တနေ့တသိန်းဝင်တယ်ထား တလ သိန်း၃၀ ။ကဲ ဒါကိုတနှစ် ၆သောင်းကမများပါဖူးတဲ့လေ။ ဟာ။သူက ရခိုင်မောင်တောကနေပြောင်းလာတာပါတဲ့။ဒီမြို့ကိုမလာခင်ကတည်းက ကြိုစုံစမ်းထားပြီးပါပြီတဲ့။ ဒီမြို့ကဆရာဝန်တွေ တအားချမ်းသာကြတယ်လို့ သူကြားတယ်တဲ့လေ။ ကျွန်တော်က မြူနီစပယ် အခွန်ကောက်တဲ့နေရာမှာ ဒီလိုတွက်ကောက်ရတာမဟုတ်တဲ့အကြောင်း ကျွန်တော်ဆရာဝန်လုပ်စားနေတာ နှစ်ပေါင်း၃၀ကျော်ပြီ၊ရန်ကုန်မှာတောင် ဒီလိုမပေးခဲ့ရဖူးပါဘူးဆိုတော့ ဒါက မြို့နယ်တခုနဲ့တခု မတူပါ ဖူးတဲ့။ ထားပါတော့လေ နောက်ဆုံးဘယ်လိုမှ ညှိလို့မရဘူး။ ကိုယ်တို့တွေကလည်း မပေးနိုင်ဖူးပဲ။ ဒါနဲ့သူက အခုလာပြီးတောင်းဆိုတဲ့ဆရာဝန်တွေကို သုံးသောင်းစီဆောင်ကျန်တဲ့သူတွေကတော့ ၆သောင်းဆောင်ပေါ့ အဲလိုနဲ့ နောက်ဆုံးပြီးသွားတယ် ။

တကယ်တော့ ဒါကလည်း တရားနည်းလမ်းကျတာတော့မဟုတ်ပါဘူး။ဘယ်လိုမှညှိမရတော့ ပြန်ခဲ့ကြတာပေါ့လေ။ ဒါပေယ့် ဖြစ်ချင်တော့အဲဒီအပတ်မှာပဲ ပြဿနာတခုဖြစ်သွားခဲ့တယ်။

မြို့လယ်ခေါင်ဈေးထိပ်မှာ လေးဖြူတို့ ဂီတပွဲလုပ်ဖို့ ကြော်ငြာကိစ္စကို ညွှန်မှူးကသဘောမတူဖူး။ဒါနဲ့ ပွဲစီဉ်သူတွေက ဦးစီးနဲ့ညှိလိုက်ကြတယ်။ လေးဖြူဆိုင်းဘုတ်ကို ဈေးထိပ်မှာတင်နေတုန်း ညနေနေညိုချိန်မှာ ညွှန်မှူးက ကားနဲ့အဖြတ် မြင်လိုက်လို့ ကားပေါ်ကဆင်းပြီး ဆိုင်းဘုတ်ထောင်နေတဲ့ ဦးစီးကို ၀င်ထိုးတော့တာပါပဲ။ ဒီမှာ ဦးစီးကလည်း အပေါ်တက်တိုင်တော့ ညွှန်မှူးပြောင်းရတယ်။

ကျွန်တော်နဲ့ ထမင်းဆိုင်မှာဆုံတော့သူက နှုတ်ဆက်သွားပါသေးတယ်။ မျက်နှာမသာမယာနဲ့ပေါ့။ဒါနဲ့ မြူနီစပယ်ကို အရင်က တလတထောင် ပေးနေရာကနေ တလ ၂၅၀၀ ပေးရတော့မယ်ပေါ့လေ။ စိတ်လက်မသက်သာပေမယ့် သွားဆရာဝန်တယောက်ဆီမှာ  တယောက်သုံးသောင်းစီ တနှစ်စာစုပေးထားလိုက်ကြတယ်။ ညွှန်မှူးလည်းပြောင်းသွားရော  ကိုယ့်ပိုက်ဆံကိုယ် ပြန်ထုတ်လိုက်ကြတယ်လေ။

ပြောချင်တာကဘာလဲဆိုတော့ လူတွေမှာ အကြောက်တရားက အခုထိ ရှိနေကြတုန်းဆိုတာပါ။အောက်ခြေမှာ လုပ်ချင်တိုင်းလုပ်နေကြဆဲပါပဲ။ ၀န်ထမ်းမို့ နောက်ခံမရှိလို့ အလိုလိုနေရင်းကြောက်နေကြတယ်။ တခါ ၀န်ထမ်းဟာ နိုင်ငံရေးနဲ့မပတ်သက်ရဖူးဆိုတဲ့ အမိန့်က ဘယ်လိုကြီးပါလိမ့် ။နိုင်ငံအရေးဆိုတာ လူတိုင်းနဲ့ဆိုင်နေတာပဲမဟုတ်လား စားဝတ်နေရေး အတွက်လူတိုင်းရင်ဆိုင်နေကြရတယ်။ ၀န်ထမ်းဆိုတာနဲ့ ကိုယ့်တိုင်းပြည်မှာ ဖြစ်နေတာတွေ ကိုယ်နဲ့မဆိုင်ဖူးလို့ထင်နေကြသလား။

တခါကကျောင်းဆရာမတယောက်ကကျွန်တော့်ကိုပြောဖူးတယ် ။ သူ့ဆန်စားလို့ ရဲရတယ်တဲ့လေ။ ကျွန်တော်က ဒီဆန်က အစိုးရကကျွေးတာမဟုတ်ဖူး ပြည်သူတွေကကျွေးနေတာ ။ပြည်သူတွေ ဆောင်ကြရတဲ့အခွန်အခတွေနဲ့ကျွေးနေတာ။ ပြည်သူတွေ မျက်နှာထောက်ရမှာပေါ့ဆိုတော့ နိုင်ငံရေးစိတ်မ၀င်စားဖူးလို့ပြောတယ်။

သူ့အမျိုးသားက လ၀ကပဲလေ။ ထားပါ။ အကြောက်တရားကို မပြောလိုပေမယ့် နေရာတိုင်းမှာ ငါနဲ့မဆိုင်သလိုနေနိုင်ကြတာ ကိုယ်လွတ်ရင်ပြီးတာပဲ လို့နေနေကြတာ။နေနိုင်ရက်တာ ကိုတော့ အံ့မိပါတယ်။

အထူးသဖြင့် ပညာတတ်ဆိုတဲ့ ဆရာဝန်တွေအကြောင်းပြောပြပါမယ် ။ ကျွန်တော် တောင်အာဖရိကနိုင်ငံက ကွာဇူးလူးနေတဲလ် ကကန်တလာဆေးရုံမှာ သွားအလုပ်လုပ်တော့ မြန်မာဆရာဝန်တွေ တလတခါ စုစုပြီး စားကြသောက်ကြတယ်။ မြန်မာဆရာဝန် ၃၀ လောက်ရှိမယ်။ ဒီထဲမှာ တွေ့ကြနဲ့အခါ ကိုယ်က မြန်မာပြည်ကလာတော့ သူတို့ကို တိုင်းပြည်ကဖြစ်ပျက်နေတာတွေကိုပြောပြမိတယ်

ဒီမှာ သူငယ်ချင်းဆရာဝန်ကဘာပြောလဲဆိုရင် မင်း နိုင်ငံရေးအကြောင်းတွေ လာပြောမနေနဲ့ ငါတို့ထဲကဘယ်သူမှ စိတ်မ၀င်စားဖူး။ ဒီထဲမှာ ၀န်ကြီးတို့ ဗိုလ်ချုပ်သားတွေတောင်ပါတယ်။ မင်း ဟောင်ဘွာဟောင်ဘွာလုပ်မနေနဲ့ တကယ်နိုင်ငံရေးလုပ်နေတဲ့သူ ရှိတယ်တဲ့ သူပြောတဲ့သူဟာ ဒေါက်တာသိန်းဝင်းပါ။

ဒီဆရာနဲ့ ကျွန်တော်ကမြောက်ဥကလာဆေးရုံမှာ ဆုံဖူးပါတယ်။ ဆရာက ၈၈၈၈အရေးတုန်းကပါခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတယ်။ အခု တောင်အာဖရိကနိုင်ငံရောက်နေတယ် ။ဒီမှာ လူမည်းတွေ လူဖြူတွေနဲ့ ပေါင်းပြီး နိုင်ငံရေးဆက်လုပ်တယ်။ ကျွန်တော်လည်း သူ့ကို ဘာမှ ထပ်မပြောပဲ ၀ိုင်းကနေထထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ဆရာဝန်အတော်များများက နိုင်ငံရေးကိုစိတ်မ၀င်စားကြပါဘူး။ စကားစပ်လို့တောင်မပြောကြဘူး။ မြန်မာပြည်ထဲမှာဆိုထားတော့ သူများနိုင်ငံရောက်နေတာတောင် ကိုယ့်တိုင်းပြည်အကြောင်းမပြောချင်ကြဖူး။ ကိုယ့်အကျိုးအတွက်တခုကလွဲရင်ပေါ့လေ။

ကျွန်တော်တို့မြို့လေးကစာအုပ်အရောင်းဆိုင်လေးကို ကျွန်တော်နေ့တိုင်းတရက်မပြတ်ရောက်ပါတယ် ဂျာနယ်ဝယ်။ စာအုပ်ဝယ်ပေါ့။ ဒီလိုရောက်နေတာ နှစ်ပေါင်း၁၆နှစ်ကျော်ပါပြီ။ ဒီစာအုပ်ဆိုင်လေးမှာ မြို့ကဆရာဝန် ၃၅ ယောက်ရှိနေတာတောင် တယောက်မှ မကြုံမဆုံဖူးခဲ့ဖူး။ ဆိုလိုတာက စာဖတ်တဲ့ စာပေစိတ်ဝင်စားတဲ့ ဆရာဝန်ကိုပြောတာပါ။ တယောက်တလေတွေ့တယ် သူတို့ ဒီဆိုင်လေးလာတာက ဘောလုံးဂျာနယ်လာဝယ်ကြတာပါ။

တခါက ဆိုင်မှာ ကျွန်တော်ရောက်နေတုန်း ကိုယ့်ရှေ့မှာ လူငယ်ဆရာဝန်လက်သစ်လေးနှစ်ယောက်က ဂျာနယ်တွေရွေးနေလို့ ကိုယ်ကနောက်ကနေ စောင်နေ့ရတယ် ။ ဆရာဝန်လေးတယောက်က ပြည်သူ့ခေတ်ဂျာနယ်ကိုကောက်ကိုင်လိုက်တယ် ။ အဲဒီမှာ တခါထဲ နောက်ဆရာဝန်လေးက ဟေ့ဟေ့မကိုင်မနဲ့မကိုင်နဲ့ ချလိုက်ချလိုက်လို့ အလန့်တကြားအော်လိုက်တယ် ။ ကိုယ်လည်းလန့်သွားတာပေါ့ ဘာလဲပေါ့။ နောက်သူကဆက်ပြောတယ် ။အဲဒီဂျာနယ်က နိုင်ငံရေးတွေပါတယ် မဖတ်နဲ့တဲ့ ။ဒီလိုပြောလိုက်တာနဲ့ နောက်ဆရာဝန်လေးက ကြောက်အားလန့်အားနဲ့ လက်ထဲက ပြည်သူ့ခေတ်ဂျာနယ်လေးကို ချေးကိုင်မိသလို ပစ်ချလိုက်တယ် ။ပြီးမှ အားကစားဂျာနယ်တစောင်ကောက်ယူပြီး နှစ်ယောက်သားဆိုင်လေးကနေထွက်သွားကြတယ် ။

အခုနကဆရာဝန်လေးပြောသွားတာက တော်ပါသေးရဲ့ မင်းမပြောရင် အဲဒီဂျာနယ်ကြီးဝယ်မိတော့မလို့ ဟေးဟေး … တဲ့ လေ။

ဒါဆရာဝန်လေးလူငယ်ငယ်ဟာ ၀န်ထမ်းမဟုတ်တဲ့ ပြင်ပက ဆရာဝန်ပေါက်စလေးနှစ်ယောက်ပါ။ ကျွန်တော်စိတ်မကောင်းအတော်ဖြစ်သွားခဲ့တယ်။

မတ်လ၁၇ရက်တုန်းက လားရှိုးကို အမေစုလာတယ်။ ကျွန်တော်သွားတွေ့ ကြိုတယ်။ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးခြံထဲမှာ သွားဆရာဝန်သုံးလေးယောက်နဲ့တွေ့ပေမယ့် လားရှိုးမှာ လူဆရာဝန် ၇၅ယောက်ကျော်ကျော်ရှိတာတောင် တယောက်မှ မတွေ့ခဲ့ရပါဘူး။ အံ့သြဖို့ကောင်းလိုက်တာလေ။ ၀န်ထမ်းမို့ဆိုထားလိုက်ပါတော့။အခုဟာက ဒီနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ငါတို့ ဆရာဝန်တွေနဲ့ မဆိုင်ဘူးလို့ဆိုပြီး နေနိုင်လိုက်ကြတာ။

တကယ်လို့လေ တိုင်းပြည်က ဒီမိုကရေဒီနိုင်ငံကြီးဖြစ်လာပြီ စင်္ကာပူလို ထိုင်းလို ဖြစ်လာရင် ဒီဆရာဝန်တွေပဲ ခံစားစံစားကြရမှာပါ။ အခုတော့နိုင်ငံရေးဆိုတာနဲ့  ချေးတွေ့သလို အမူအယာတွေနဲ့ ကျွန်တော်တော့ဖြင့် အော့နှလုံးနာတယ် ။

ဇာဂနာကတော့ပြောပါတယ် ။ မလုပ်ချင်တဲ့လူမလုပ်နဲ့တဲ့ ။ ဒါမှန်ပေမယ့် စိတ်လေးတော့ပါသင့်တယ် မဟုတ်လား။ စာလေးတော့ဖတ်သင့်တယ်မဟုတ်လား။ ဒီနိုင်ငံ လွတ်လပ်တော့ သူတို့မပါတော့ဖူးလား။ ထွန်းအိန္ဒြိာဗိုကတောင် အရင်ကလုပ်ခွင့်မရလို့ မလုပ်ခဲ့ကြပေမယ့် အခုလုပ်ခွင့်အချိန်သာလို့ တတ်နိုင်သလောက် နိုင်ငံ့အရေးမှာ ပါဝင်ကြတာပါပဲတဲ့ ။

သူတို့ အားကိုးအထင်ကြီးကြောက်ရွံ့ရိုသေရတဲ့ အစိုးရကရော တသက်လုံးမြဲနေမှာတဲ့လား။ အာရပ်နွေဦးကိုပဲ ကြည့် ဘယ်လိုမှ မဖြစ်နိုင်တာတွေ အခု ကမ္ဘာမှာဖြစ်နေတယ်။ ကျွန်တော်တော့ သူတို့တွေကြည့်ပြီး ဒေါသဖြစ်တယ်။ဒါပေမယ့် ကိုယ်မှမဟုတ်တာ လေ။တကယ်ဆို ပညာတတ်တဲ့သူတွေက  တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ နည်းနည်းလေးပဲဖြစ်ဖြစ် ၀င်ပါပြီး လုပ်သင့်တာပေါ့။ အနည်းဆုံး တိုင်းပြည်မှာဘာတွေဖြစ်နေလဲ ဆိုတာ ဂျာနယ်၊ လေးတော့ဖတ်သင့်တယ်။ဘောလုံးဂျာနယ်ကိုပြောတာမဟုတ်ဖူးနော်။ ပြည်ပသတင်းလေးဖြစ်ဖြစ် နားထောင်သင့်တယ်။၂လုံး၃လုံးအကြောင်း ဘောပွဲအကြောင်း ဘိလိယက်အကြောင်း ပိုကာအကြောင်း ကာရာအိုကေအကြောင်း ဘီယာ ၀ီစကီလေးလောက်နဲ့တင် ပညာတတ်တွေ ပျော်မွေ့မနေသင့်ဖူးလို့ထင်တယ်။ ကျွန်တော့်မျက်စိရှေ့မှာတော့ အားလုံးကအေးအေးဆေးဆေး နေသာသမှ လေညှာက လူစားတွေချည်း။ မျက်စိနောက်လိုက်တာ။အားလုံးမှာ တာဝန်ကိုယ်စီရှိနေတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “ဒီမိုကရေစီ ရေစီးထဲက ပညာတတ်တွေ (Pyay Say Nit)
  1. Dear Saya Pyay (Say-2)

    I am a fan of you.
    I really respect you. However,…….I don’t understand one thing.
    WHAT DO YOU MEAN RECYCLE?
    If you can sell even the plastic bags of those used medical devices, that service might NOT be RECYCLE; it might be RE-USE just by cleaning those devices.
    As you know, disposable medical devices can be used only once. After that, those used devices must be discarded in a proper disposal way because those sharp objects can injure and transmit infection to other people.
    Please don’t distort my comment.
    I am just discussing with you for this topic and I hope you may understand what I am worrying. If that service is really a re-use service, what should we do for people?

    Thank you.

  2. Dear Saya Phay Say!! Very good article…We have many educated people in Burma…Some educated people,they don’t interest in politic because they think that if they involve in politic they will be arrested or lost their job…yes…politic …belong all citizens..They are afraid because they are living under the control many years..They used to live like that..But I really appreciate 88 Generation students and the other politic party which dare to say human right ..The dedicated their life for the country…Finally..We all should need to involve in politic,business,culture,family health.family sex..all..Knowledge is very important in our life..thank you..

  3. I hope Saya Pyay (Say-2) may help the public health by investigating what service that recycle business is operating, whether that service has been registered or not and if that service has the guarantee not to harm people.
    People are using much money for disposable medical devices since they are afraid of transmittable diseases like HIV, HBS. As is known, people in our country have no health insurance and most people are poor so that we must care about transmittable disease. Prevention is better and cheaper than cure.
    If that service is really doing recycle, all packing and seal must be new. They must also admit their products are from recycle process, in other words, they must be sincere to their customers. So, if a patient use their products, he/she has already known which sort of devices he/she is using. They can make balance between pros and con for the device they have purchased.
    All health care professionals have responsibility to protect the health of all people, not just only the environment of their own patients.
    I hope Sya Pyay may help seriously for people. If a famous person like Saya Pyay cooperate in such a case, it would be very nice.
    Thanks for all.

  4. ဆရာရစ်
    ကျွန်တော့်ရဲ့ ဒီမိုကရေစီရေစီးထဲက ပညာတတ်တွေ ဆောင်းပါး ကိုမေးထားတဲ့မေးခွန်းတွေပြန်ဖြေဖို့ ရီပလိုင်းက ဖွင့်မရလို့ မိုးမခကနေ ပြန်ထည့်ပေးစေလိုပါတယ်။

    .1.Dear minnthu ..
    you can share my article as you like .thanks.

    2. for Dear unknown 2readers
    Recycle did not mean as ER-use.
    recycle mean to put used objects or materials ,through a special process so that they can be used again for example ..paper as Boxes,newspaper,packings..etc
    plastic as transformed into bucket ,cups.bags etc…
    I never re used the plastic syringes ,drip sets .It were one one time used only.I also knew about infection, HIV .etc
    thanks for all readers..
    pyae

Comments are closed.