Han Thit Naing News

Nga Mya Gyi village

ရေစကြိုက ငမြကြီးကျေးရွာကို ဧရာဝတီမြစ်ရေတိုက်စား၊ အကူအညီများလိုအပ်
ဟန်သစ်နိုင်
နိုဝင်ဘာ ၁၅၊ ၂၀၁၃  


      မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ငမြကြီးကျေးရွာသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တစ်ရွာလုံးနေထိုင်စားသောက်မှု အခက်ကြုံတွေ့နေရသည်ကို တွေ့ရသည်။

ကမ်းပါး  တဖြည်းဖြည်းပြိုကျမှု အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ  လူနေအိမ်များ၊ ဒေသခံတို့၏ လယ်ယာလုပ်ငန်းခွင်များ ပျက်စီး ဆုံးရှုံး ပျောက်ပျက်နေသည်ကိုလည်း တွေ့နေရသည်။

ရွာပျက်စီးကြောင်း ကြားသိရ၍ NGO လူမှုရေး အဖွဲ့တချို့  လာရောက်ကူညီပေးကြကြောင်း      ဒေသခံတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက  ပြောသည်။

ရန်ကုန် နာရေးကူညီမှုအသင်းက တစ်အိမ်ထောင်ကို ကျပ် နှစ်သောင်းနှုန်း လှူဒါန်းခဲ့ကြောင်း၊  ဂျပန် ပညာရေးအဖွဲ့အစည်း W.F.A ကလည်း ကလေး တစ်ယောက်ကို ဆန် ၅ ပြည် ထောက်ပံ့ပေးကြောင်း သူက ဆက်ပြောပြသည်။

  ဆုံးရှုံးသွားသော အိမ် နှင့် လုပ်ငန်းခွင်ရာများ ဆုံးရှုံးမှုအတွက် လိုအပ်သည့် အကူအညီပေးရန် ဗဟိုအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးများ သိရှိအောင် စာတင်ထားကြောင်း  သိရသည်။ 

 ၁၉၄၄ မှ စတင်ပြီး အကြီးအကျယ် ရေတိုက်စားမှုဒဏ်ကို  (၄) ကြိမ်တိတိ ခံခဲ့ရပြီးဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။အိမ်ထောင်စု ၁၁၀ခန့်ရှိသော ငမြကြီးကျေးရွာသည်  မြေပဲကို အဓိက စိုက်ပျိုးသောရွာဖြစ်သည်။

(ဓာတ်ပုံများ – ဟန်သစ်နိုင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts