မိုးမခရုပ်သံ အင်တာဗျူး ဦးဝင်းတင်

ဦးဝင်းတင်၏ ၈၈ – ၂၄နှစ် အထိမ်းအမှတ်စကား ရုပ်သံ

ဘားမားဗီဂျေ၊ သြဂုတ် ၁၁၊ ၂၀၁၂

အင်န်အယ်ဒီပါတီ နာယက၊ သတင်းစာဆရာ၊ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်က သြဂုတ်လ ၈၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံတွင် ပြုလုပ်သော ၈၈ လူထုအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားမှာ အမှတ်တရစကား ပြောကြားရာမှာ … ပြည်သူုတွေကို ဦးထိပ်တင်ရမှာ ဖြစ်ကြောင်း၊ မပစ်ပယ်သင့်ကြောင်း၊ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရ ရှေ့တန်းကို ရောက်လာပြီ ဖြစ်ကြောင်း၊ အနှစ်သာရကို ဖော်ဆောင်ဖို့လိုကြောင်း၊ အာဏာရှင်စနစ် ဖယ်ရှားရေးကို ဆက်လက် ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း၊ အာဏာရှင်စနစ် အမြစ်စွဲ ချိုးကပ်နေသော မြန်မာပြည်မှာ အာဏာရှင်ချိုးတွေကို ခွာပစ်ဖို့၊ အာဏာရှင်စနစ်၏ ညှော်နံများကို ဖယ်ရှားပစ်ဖို့ ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts