ဓာတ်ပုံသတင်း

ထိုင်းနိုင်ငံ နှင့် ဂျာမဏီနိုင်ငံမှာ မြန်မာတို့ ၈၈ – ၂၄ နှစ် အထိမ်းအမှတ်ကျင်းပ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ချမ်းမြ စုစည်းပေးသည်၊ သြဂုတ် ၉ ၊ ၂၀၁၂

နို့ဖိုး ဒုက္ခသည်စခန်း …

သံဃာ ကိုးပါးကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ၈၈၈၈ မှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို မေတ္တာပို့အမျှဝေပါတယ်။ မြန်မာစံတော်ချိန် ၀၈း၀၈း၀၈ မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ လွတ်လပ်ရေးကြိုးပမ်းရင်း၊ ခေတ်အဆက်ဆက် အာဏာရှင်ကိုတော်လှန်ရင်း၊ ကျဆုံးခဲ့ရတဲ့သူအားလုံးနဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီးမှာ ကျဆုံးခဲ့ရသူအားလုံးကို အလေးပြုပါတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၈ စက္ကန့် ငြိမ်သက်ခြင်းဖြင့်လည်း အလေးသမှုပြုခဲ့ကြပါတယ်။

မဟာချိုင်ဒေသ …

ရှစ်လေးလုံး ၂၄ နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ထိုင်းနိုင်ငံ မဟာချိုင်မှာ လူ ၅၀ ခန့် စုပေါင်းပြုလုပ်ကြပါတယ်။ ရွှေတွံတေးဆရာတော် အရှင်ဝါယမ တရားချီးမြှင့်ပြီး ဆွမ်းကပ် သင်္ကန်းကပ်လှူဒါန်းကြကာ အမှန်တရားအတွက် အများအကျိုးအတွက် နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးဆပ်သွားကြသူများကို ရေစက်ချ အမျှပေးဝေခဲ့ကြပါတယ်။

 ဂျာမဏီ နိုင်ငံ ဖရန်ဖွတ်မြို့ ၈၈၈၈ နေ့ အောက်မေ့ဘွယ် အခမ်းနား

ချမ်းမြ စုစည်းပေးသည်၊ သြဂုတ် ၉ ၊ ၂၀၁၂

 မြန်မာ ဒီမိုကရေစီ အရေးတော်ပုံ ၂၄နှစ်မြောက်  အောက်မေ့ဘွယ် အခမ်းအနားတခုကို ဂျာမဏီရောက် မြန်မာများသြဂုတ်လ  ၈ရက်နေ့က ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ  ပုဂံ ဆူရှီ ဆိုင်တွင် ပြုလုပ်ကြသည်။

အခမ်းအနားတွင် ၁၉၈၈ ခုနှစ် မှ ခံစားမှုတို့ကို ပြောကြားကြပြီး ပင့်ဖိတ်ထားသောသံဃာတော် ၃ပါးကို ဆွမ်းဆက်ကပ်လှူဒါန်ကြသည်။ သံဃာတော်တို့မှ ၈၈ နှင့်ပတ်သက်သော လူထု တရပ်လုံး အာသာဆန္ဒ ပြင်းပြစွာ တောင်းဆိုခဲ့မှုများ၊ အသက် ပေါင်းများစွာ ၊ ဘဝပေါင်းများစွာတို့ ပေးဆပ်ခဲ့ကြပုံတို့ကို မြွက်ကြားကြသည်။ မြန်မာတွေ အတွက် ဘယ်အရပ်ဘယ်ဒေသ ရောက်ရောက် ဤနေ့ဤရက်သည် ဘယ်လိုမှ မေ့ပျောက်ရမည့်နေ့မဟုတ်သည်မှာ အသေချာပင်ဖြစ်သည်ဟု လည်းမိန့်ဟသည်။ ထိုနေ့ကို မမေ့ခြင်းနှင့်အတူ ထိုနေ့က မပြီးပြတ်ခဲ့သောလူထုဆန္ဒကိုရရှိသည်အထိ မြန်မာပြည်ထဲက ရဲဘော်များနှင့်တသားတည်း လိုအပ်သည့်နေရာမှ ပါဝင်ကြရန်လည်း တိုက်တွန်းသွားသည်။

သံဃာတော်တို့ကို ပုဂံ ဆူရှီ ဆိုင်ပိုင်ရှင် ကိုလှမြင့်စိုးမှ လှူဘွယ်ဝတ္ထုတို့ကိုဆက်ကပ် လှူဒါန်းပြီး  မြန်မာ့ ဒီမိုကရေစီ အရေးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ပြည်အပေါင်းအား အမျှ အတန်းပေးဝေကြပြီး အခမ်းအနား ကိုရုတ်သိမ်းလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts