မိုးမခရုပ်သံ

၈လေးလုံး ၂၄နှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ရုပ်သံ

၈လေးလုံး ၂၄နှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ရုပ်သံ

မိုးမခရုပ်သံကောက်နုတ်ချက်

၈၈ အရေးတော်ပုံက ပေါ်ထွက်လာတဲ့ ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ မင်းကိုနိုင်က ၈၈ – ၂၄ နှစ် အထိမ်းအမှတ်အတွက် အမှတ်တရစကားပြောကြားရာမှာ

လက်ရှိအခြေအနေအရ ပြည်သူများဟာ ဟို ၈၈ အရေးတော်ပုံအခြေအနေတုန်းကလိုပဲ အထွေထွေအကြပ်အတည်းများကို ခါးစည်းခံနေရဆဲဖြစ်ကြောင်း၊ တောထဲမှာ ယမ်းခိုးတွေ ဝေနေတုန်းပဲ ဖြစ်ကြောင်း၊ စစ်ယူဖောင်းတွေက လွှတ်တော်ထဲမှာ ကျကျနန နေရာယူနေဆဲဖြစ်ကြောင်း၊ သံတိုင်နောက်မှာ ရဲဘော်တွေ ရှိနေသးဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တရားမ၀င်အဖွဲ့အစည်းတွေက ရုံးခန်းတွေ ဖွင့်ခွင့်ရသော်လည်း ပြည်သူတွေက ဒုက္ခပင်လယ်ဝေနေဆဲဖြစ်ကြောင်း၊ ပြည်ပက မြန်မာတွေကိုယ်တိုင်လည်း သခင်မျိုးဟေ့ ဒို့ဗမာဆိုပြီး ကုန်ထမ်းပြီး ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ တချို့သော မြန်မာပညာတတ် ပရောဟိတ်တွေကလည်း ဘာတွေ လိုသလဲ၊ လုပ်ပေးရမလဲ မေးနေကြကြောင်း၊ ကျနော်တို့အဖြေကတော့ ကျနော်တို့ လမ်းခင်းနေတယ်။ ခင်ဗျားတို့ကို်ယ်တိုင်လည်း ပန်းခင်းကို ကိုယ်တိုင် စိုက်ပျိုးကြရန်လိုကြောင်း၊ ပြည်သူတွေက အပြောင်းအလဲတွေရဲ့ အကြောင်းရင်းခံဖြစ်ကြောင်း၊ ပြည်သူတွေကို မပစ်ပယ်သင့်ကြောင်း၊ ၈လေးလုံး စိတ်ဓာတ်သည် အောင်စိတ်ဖြစ်ကြောင်း အောင်စိတ်နဲ့ အတူလိုက်ခဲ့စေချင်ကြောင်း ပြောကြားသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts