ဓာတ်ပုံသတင်း

ဂျာမဏီ နိုင်ငံတွင် ဓမ္မစကြာအခါတော်နေ့ နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ချမ်းမြ၊ သြဂုတ် ၆၊ ၂၀၁၂
ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားကို  သြဂုတ်လ ၅ ရက်နေ့ က ဂျာမဏီနိုင်ငံ Frankfurt မြို့ရှိ ဗုဒ္ဓဘာသာမြန်မာကျောင်း အမှုဆောင်အဖွဲ့မှကြီးမှူး၍ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ Frankfurt မြို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များနှင့် နယ်သာလန်နိုင်ငံ မေတ္တာဓမ္မဝိဟာရကျောင်းမှ ဆရာတော်ဦးဇဝန တို့ကြွရောက်တော်မူကြသည်။ အခမ်းအနားကို နေ့လည် ၁၁နာရီ အချိန်တွင် စတင်ကာဆရာတော်သံဃာတော်များကဦးဆောင်ပြီး ဧည့်ပရိသတ် အပေါင်းတို့က မြတ်စွာဘုရားအား ဆွမ်း၊ပန်း၊ရေချမ်း ကပ်လှူခြင်း၊ (၇)နေ့ ဘုရားရှိခိုးတို့ဖြင့် ရှိခိုးပူဇော်ခြင်းများကို ညီညာစွာ ရှိခိုးပူဇော်ကြသည်။ ထိုနောက် သံဃာတော် တို့အားဆွမ်းဆက်ကပ်ကြပြီး ထိုသို့သံဃာတော်များ ဆွမ်းဆက်ကပ် စဉ် ပရိသတ်အပေါင်းတို့မှ  ဓမ္မစကြာပါဠိတော်ကို ညီညီညာညာ ရွတ်ဖတ် ပူဇော်ကြသည်။

နေ့ ၁ နာရီ တွင် ပရိသတ်များကသံဃာတော်တို့ထံမှ သီလခံယူခြင်းနှင့် ပရိတ်တရား နာယူခြင်းပြုလုပ်ကြပြီ။ သံဃာတော်တို့အားဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်း ဆက်ကပ်လောင်းလှူဒါန်းခြင်းတို့ကို ပြုလုပ်ကြသည်။ ထို့နောက် နယ်သာလန်နိုင်ငံမှ ဆရာတော်ဦးဇဝန မှ ဝါဆိုလပြည့်နှင့် သက်ဆိုင်သော အကြောင်းအရာတို့ကို ဟောကြားတော်မူသည်။ ရေစက်ချ သာဓု အနုမောဒနာ ခေါ်ဆိုကြပြီးနောက် ဧည့်ပရိသတ်များကိုဧည့်ခံကျွေူးမွေး ကြသည်။

ထိုအခမ်းနားသို့ ဂျာမဏီ နိုင်ငံ Frankfurt မြို့နှင့် ကိုလုံး(Coloing)မြို့တို့မှ မြန်မာဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားသောဂျာမဏီ လူမျိုးများကြွရောက်ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts