နိုင်ငံတကာရေးရာ

ထိုင်းမြန်မာ အလုပ်သမား MOU စနစ်ပြောင်းပြီ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြ၀တီသား၊ သြဂုတ် ၅၊ ၂၀၁၂

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ် လုပ်နိုင်ရန်အတွက်  တရားဝင်နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း G to G စနစ် ( အစိုးရ မှ အစိုးရ) ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကုမ္ပဏီ လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ဆောင်ရွက်ရမည် ဟူသော မူတမျိုး ထွက်ရှိလာပြီဖြစ်သည်။

အဆိုပါ မူသစ်အရ အေးဂျင့်လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ထိုင်းနိုင်ငံသို့ လူပို့ရန်ဖြစ်သည်။ မြ၀တီမြို့ ကျောက်လုံးကြီးရုံးမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ  ယခုစနစ်က ပိုကောင်းသည်ဟု ပြောပါသည်။ အလုပ်သမားများအတွက် ခိုင်မာတဲ့အာမခံချက်တွေပိုရှိလာကြောင်း၊၊ ယခင်က အာမခံမရှိသောအေးဂျင့်များက ဆောင်ရွက်ကြရာ လိမ်လည်ခံရသူပေါင်း များစွာရှိခဲ့ကြောင်း၊ အလုပ်သမားများဆုံးရှုံးနစ်နာခဲ့ရသည့် ဖြစ်ရပ်ပေါင်းများစွာရှိခဲ့ရာက ယခုစနစ်သည် လိမ်ညာမှု့များကို ကာကွယ်ပြီး ဖြစ်ကြောင်း အလုပ်သမားအချို့နှင့် မိသာစုတို့က မှတ်ချက်ပေးသည်။

သို့သော်လည်း အချို့ကုမ္ပဏီလိုင်စင်မရှိသူများလက်တွင် စနစ်ဟောင်းဖြင့် လက်ခံဆောင်ရွက်နေဆဲ လူဦးရေ ထောင်ချီကျန်ရှိနေသေးကြောင်း၊ စနစ်သစ်အရ စီစစ်မှုများ ပိုလာသဖြင့် ထွက်ခွာချိန်မှာ အလုပ်သမား လက်မှတ်ရပြီး ၃၀ ရက်မှ ၃၅ ရက်ကြာမြင့်မည်ဟု သိရကြောင်း၊ ထိုကြာမြင့်ချိန်နှင့်  အာမခံကြေးများကြောင့် MOU ဈေးများ မြင့်တက်လာနိုင်ကြောင်း လည်းသိရသည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ထိုင်းမြန်မာ အလုပ်သမား MOU စနစ်ပြောင်းပြီ
  1. M0u နဲ့ ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဆိုပြီး မြ၀တီတွင် ထမင်းဘိုး တသိန်းပေးရပြီး ထိုင်းနိုင်ငံအလုပ်ထဲရောက်ရင် ၁၅၀၀၀ဘက် အကြွေးဆပ်ရမည်ဟု ခေါ်ထားပြီး (၂)လကျော်တဲ့အထိ စာမချုပ်ရသေးဘူး ယခု စာချုပ်ပေးမယ်
    ထမင်းဘိုး နှစ်သောင်းထပ်တောင်းနေပြန်ပြီ ကျွန်တော်တို့ဘ၀ ပြန်ရင်လည်းအကြွေးတင် ရှေ့ဆက်ဖို့လည်း ပုဆံ
    မရှိ ဘာမှမရှိတဲ့ ပွဲစားတွေ ဒမန်း(လူခေါ်ခွင့်)လက်မှတ်မရှိဘဲ ငွေလိုချင်တာနဲ့ လူတွေစု ကျွန်တော်တို့က ယုံပြီး
    လယ်ပေါင် ခြံပေါင် ပြီးလာရတာ လြူီးမင်းမျာ့း မန်မြန်လေးအကောင်အထည်ဖေါပေးပါ ကျွန်တော်တို့ကိုလည်း
    မြန်မြန်လေးသွားရအောင်စီစဉ်ပေးပါ

  2. ဟုတ်တယ် အခြေအမြစ်မရှိတဲ့ ပွဲစားတွေစုပြီး MOU ဘမ်းပြပြီး ညာနေကြတာ မြ၀တီမှာ လူတွေ သောင်းနဲ့ချီရှိတယ်
    လူကြီးတွေအနေနဲ့ ခိုင်ခိုင်မာမာရှိတဲ့ လူတွေကို ကိုယ်စလှယ်ပေးသင့်တယ်

  3. ဟုတ်တယ် ကိုဂျိုးသိန်းပြောသလိုပဲ တော်တော်ဖြစ်နေကြတယ်။ ကျွန်တော်တို့ဆိုလဲ နှစ်လကျော်ပြီ။ ကိုယ့်ထမင်းကိုယ်စားပြီးတော့စောင့်နေရတာ ဘာမှလဲ စာမလာသတင်းမကြားဘူး။ ပိုက်ဆံလဲ တစ်ယောက်နှစ်သောင်း
    ခွဲနဲ့ သုံးယောက်စာယူတောင်းသွားသေးတယ်။ အခြေအနေ ပွင့်လင်းမြင်သာမှုမရှိလို့ ဘာမှန်းကိုမသိရဘူး။

Comments are closed.