ဓာတ်ပုံသတင်း

မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်

The Voice Weekly ရုံးသို့ သွားရောက်ပြီး လက်မှတ်စုဆောင်းကြသည်။

သြဂုတ် ၄၊ ၂၀၁၂၊ (Yangon Press International )

အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူ ကြမည်ဖြစ်သည်။ 

ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ 


(မူရင်းလင့်ခ-www.facebook.com/ygnpress )

The Voice Weekly ရုံးမှပြန်ထွက်လာကြသည့် သတင်းထောက်များ
၃၁ လမ်းထိပ် The Voice Weekly ရုံးအနီး
နယ်မြေခံ ရဲများက လမ်းထိပ်တွင် ရောက်ရှိနေကြသည်။
ဆူးလေ ၄၅ ကားဂိတ်မှတဆင့် စမ်းချောင်းသို့.
ပါဝင် လှုပ်ရှားသူ သတင်းထောက် တဦး
ဗီဒီယို သတင်းထောက် နှင့် သတင်းထောက် ဥက္ကကိုကို
ဘတ်စ်ကားဖြင့် စမ်းချောင်းသို့
ကားပေါ်မှ သတင်းသမားများ
(ဓာတ်ပုံ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts