သူတို့အာဘော် ဒေါက်တာဓမ္မပီယ

ငြိမ်းချမ်းရေးစည်တော်ကြီးကို မည်သူတွေ တီးခတ်ကြမည်နည်း (Ashin Dhamma Piya)

ငြိမ်းချမ်းရေးစည်တော်ကြီးကို မည်သူတွေ တီးခတ်ကြမည်နည်း

ဒေါက်တာဓမ္မပိယ၊ သြဂုတ် ၃၊ ၂၀၁၂

̏မပြောမပြီး မတီးမမည်̋ … တဲ့။

ဒီစကားအသုံးအနှုန်းလေးကို ဟိုငယ်စဉ်ကတည်းက သဘောကျနေမိ ခဲ့တာ။ စကားအသုံးအနှုန်းကလေးက တိုပေမဲ့ အဓိပ္ပါယ်က ခန့်ညားထယ်ဝါနေတာကို တွေ့ရလို့ပါ။  ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲနေတဲ့ အကြောင်းအရာတစ်ခု၊ သို့မဟုတ် ပြဿနာတစ်ခုကို ဆွေးနွေးပြောဆိုလိုတဲ့အခါမှာ ဒီစကားအသုံးအနှုန်းလေးကို သုံးတတ်ကြလို့ပါ။ အခုလည်း ̏မပြောမပြီး မတီးမမည်̋ တဲ့ အကြောင်းကိစ္စ တစ်ခုအတွက် ဒီစကားအသုံးအနှုန်းလေးကို ပြန်လည်အသုံးပြုလိုက်ခြင်းပါ။ ဆိုလိုရင်းကတော့ မငြိမ်းမချမ်း ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးစည်တော်ကြီးကို မည်သူတွေက တီးခတ်ကြမလဲဆိုတဲ့ မျှော်လင့် ချက်နဲ့ ဒီဆောင်းပါးကို ရေးသားလိုက်ခြင်းပါ။ ငြိမ်းချမ်းရေးလိုလားသူတိုင်းကို ထာဝရ ကြိုဆိုနေလျှက်ပါ။

            ယနေ့ မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ဆီသို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနေဆဲကာလဖြစ်လို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ကာလလို့ဆိုရမှာပါ။ ဒီကြားထဲ မထင်မှတ်ပဲ ရခိုင်ပြည်နယ် အရေး ခင်းကြီးဖြစ်လာတော့ နိုင်ငံခေါင်းဆောင်များအတွက် တာဝန်တစ်ခု ပိုလာခြင်းပါ။ ဒီအရေးအခင်း စတင်ဖြစ်ပွားခဲ့ တာက ၆လပိုင်း၊ (၃)ရက်နေ့ကဆိုတော့ နှစ်လကျော်ကျော်ပင် ရှိသွားပြီ။ ပြဿနာက လူမျိုးရေး၊ ဘာသာရေး အသွင်မျိုး ဖြစ်နေတော့ သိမ့်မွေ့နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်မျိုးပါဖြစ်နေတာမို့ နိုင်ငံတကာအရေး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရခြင်းပါ။

 မနေ့က (၂၀၁၂-ခု၊ ဇူလိုင်လ ၃၁-ရက်နေု့က) ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား အခင်းဖြစ်ပွားရာ မောင်တောမြို့သို့ သွားရောက်ခွင့် ပေးရတဲ့အထိ ဖြစ်သွားခဲ့ရခြင်းပါ။

            မစ္စတာ ကင်တားနား မောင်တောမြို့မှာရှိနေစဉ် ရခိုင်လူမျိုး ၂၀၀ လောက်က နိင်ငံတော်အလံတွေ၊ ပိုစတာတွေကို ကိုင်ဆောင်ပြီး လမ်းဘေးမှာ ငြိမ်းချမ်းစွာ စီတန်းရပ်လျှက် သူတို့ဆန္ဒများကို ထုတ်ဖေါ်ခဲ့ကြခြင်းပါ။

 ̏နိုင်ငံတော် သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ အချုပ်အခြာ အာဏာကို လေးစားပါ၊ တိုင်းရင်းသားတို့ရဲ့ လူ့အခွင့်အရးများကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ̋ ဆိုတဲ့ ကျွေးကြော် သံတွေကို ကြားရတော့ ရခိုင်တိုင်းရင်းသားတွေအတွက် ရင်ထဲမှာ ၀မ်းနည်းမိသလိုလို ခံစားမိခြင်းပါ။

မကြီးထွားသင့်တဲ့ ပြဿနာက စ …

            ရခိုင်အရေးအခင်းရဲ့ မူလအခြေအမြစ်က ရခိုင်မိန်းမပျိုလေးတစ်ယောက်ကို အစ္စလမ်ဘာသာဝင် သုံးယောက်က အကြမ်းဖက်၍ အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်ရပ်က စတင်ဖြစ်ပွားလာခြင်းပါ။ ပုဂ္ဂိုလ်ရေး စော်ကားမှုက အစ ဒီပြဿနာကို အစပျိုးခြဲ့ခင်းပါ။ တရားဥပဒေနှင့် ဖြေရှင်းလို့ ရနိုင်သော်လည်း ဒေါသအဟုန်နှင့် အချင်းချင်း တုန့်ပြန်ခဲ့ကြတာဆိုတော့ ပြဿနာက မကြီးထွားသင့်ပဲ ကြီးထွားလာခြင်းပါ။

ဒီမိုကရေစီစနစ်ဆီသို့ အသွင် ကူးပြောင်းဆဲကာလမှာ တိုင်းပြည်ငြိမ်းချမ်းရေးကို မလိုလားနိုင်သူတွေက လူမှုရေးပြဿနာကို တိုင်းရေး၊ ပြည်ရေး ပြဿနာအသွင်၊ လူမျိုးရေးပြဿနာအသွင်၊ ဘာသာရေးပြဿနာအသွင် ကူးပြောင်းသွားအောင် ပညာသားပါပါဖြင့် ဖန်တီးလိုက်ကြခြင်းပါ။ အဖြောင့်ပြောရမယ်ဆိုရင်တော့ တိုင်းပြည်တစ်ခုရဲ့ တည်ငြိမ် အေးချမ်းရေးကို ကိုယ်ကျိုးစီးပွား (ကိုယ့်လူမျိုးရဲ့အကျိုးစီးပွားများ) ရလိုမှုအတွက် ခြေတစ်လှမ်း ပြင်လိုက် ခြင်းလို့ဆိုရမှာပါ။ ဒီအတွက် သံသယစိတ်တွေ များစွာ ဖြစ်ပွားနေမိခြင်းပါ။

            တကယ်တော့ တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ဘယ်လိုပြဿနာမျိုးမဆို … ။ လူမျိုးရေးပြဿနာပဲ ဖြစ်ဖြစ်၊ ဘာသာရေးပြဿနာပဲဖြစ်ဖြစ်၊ တိုင်းရေး၊ ပြည်ရေးပြဿနာနာမျိုးပဲဖြစ်ဖြစ်၊ တိုင်းပြည်တွင်းမှာ နေသူ များနှင့်သာ သက်ဆိုင်နေခြင်းဖြစ်လို့ လူမျိုးရေးဆိုင်ရာခေါင်ဆောင်များ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ အာဏာပိုင်အဖွဲ့အစည်းများပါ ပူးပေါင်းပြီး၊ အတူတကွ ညှိနှိုင်းဆွေးနွေးနိုင်ကြဖို့ပါ။

 ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်ကြဖို့ပါ။

တကယ်ဆိုရင် ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမျိုးနှင့်စံထားစံထား ဖြစ်သင့်တာကတော့ နိုင်ငံတကာရှိ လူမျိုးစုများက ဘာသာရေးအသွင်နှင့် ပါဝင်ပတ်သက်နေခြင်းမျိုး မရှိသင့်ပါ။ သူနိုင်ငံမှာနေရင် သူ့နိုင်ငံရဲ့ တရားဥပဒေအတိုင်း နေကြရမှာပါ။

 နောက်ခံအထောက်အပံ့ကောင်းလို့ အတင့်ရဲတာ၊ မထေ့မဲ့မြင် ပြုလုပ်တာ၊ မီဒီယာများကို ငွေကြေးဓနဖြင့် စည်းရုံး၍ အမှားကိုအမှန်၊ အမှန်ကိုအမှားပြုလုပ်တာမျိုးဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတို့ ပြုမူတဲ့ အပြုအမူမျိုးမဟုတ်ပါ။ ထိုသို့ပြုမူခြင်းများဟာ ထိုသူများ ကိုယ်တိုင် လူ့အခွင့်ရေးများကို အင်အားသုံး၍ ချိုးဖေါက်နေကြခြင်းပါ။

ဘက်ပေါင်းစုံက ပါဝင်ပတ်သက်လာကြခြင်း

            ပြည်တွင်းမှာဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ရပ်အပေါ်မှာ ပြည်တွင်းမှာပဲ အချင်းချင်း ညှိနှိုင်းဆွေးနွေး ရမဲ့ကိစ္စကို နိုင်ငံတကာမှ အသွင်တူတဲ့လူမျိုးစုများ ပါဝင်ပတ်သက်လာခြင်း၊ ဘာသာတူတဲ့ ဘာသာရေး အဖွဲ့အစည်းများ ပါဝင်ပတ်သက်လာခြင်း၊ နိုင်ငံခြားမှ တဖက်စောင်းနင်းရှိတဲ့ သတင်းမီဒီယာများ ပါဝင်ပတ်သက် လာခြင်းများဟာ တိုင်းပြည်တစ်ပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖေးမ ကူညီရာမရောက်ပဲ  သတ်ထိုး၍ အသွင်တစ် မျိုးဖြင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေခြင်းမျိုးပါ။ နိုင်ငံကြီးမှာနေသူများ နိုင်ငံကြီးသားစိတ်များ မွေးမြူနိုင်ကြဖို့ပါ။

            ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်၍ ပြောစရာတွေကတော့ တစ်ပုံတစ်ပင်ပါ။ ဒါပေမဲ့ အဓိက ပြောလိုတဲ့အချက်ကတော့ ရခိုင်အရေးခင်းမှာ တကယ်ဒုက္ခရောက်သွားသူ အများစုက ရခိုင်ပြည်နယ်ဖွား  ရခိုင်တိုင်းရင်းသားများပါ။ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ ဘင်္ဂါလီလူမျိုးများ၊ အစ္စလမ်ဘာသာဝင်ဖြစ်တဲ့ ဘင်္ဂါလီလူမျိုးများလည်း ပါတော့ပါဝင်နေပေမဲ့ အနည်းစုပါ။

 ဒီအရေးအခင်းကို အခွင့်သင့်၊ အခါသင့်ယူ၍ ဘာသာရေးအဓိကရုဏ်းအသွင် တမင်ဖန်တီးပြီး ကမ္ဘာ့ပြည်သူများကို မျက်စိလည်သွားအောင် ပြုလုပ်ပြလိုက် နိုင်ခြင်းပါ။ အစ္စလမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများဟာ ရိုဟင်းဂျာဆိုတဲ့ အသုံးအနှုံးကို တွင်တွင် သုံးသုံးပြီး၊ ရိုဟင်ဂျာလူမျိုးများကို ဒေသခံတိုင်းရင်းသားများအသွင် ကမ္ဘာ့စင်မြင့်ပေါ်တွင် အသံကောင်းများ ဟစ်တင်၍ အယ်လ်ကေဒါများနှင့် ပူးပေါင်းပြီး နိုင်ငံတကာမှာ အယ်လ်ကေဒါများကျင့်သုံးတဲ့ အကြမ်းဖက်မူဝါဒများကို ကျင့်သုံးလျှက် ရခိုင်ပြည်နယ်ကအစ တိုင်းပြည်ကြီးကိုပါ သိမ်းပိုက်နိုင်ရန် ခြေလှမ်းများ တွင်တွင်လှမ်းလာခြင်း မျိုးများ ဖြစ်နေမလားလို့ သံသယစိတ်များပင် ဖြစ်ပေါ်နေမိခြင်းပါ။

ပါကစ္စတန်နိုင်ငံသမိုင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ သမိုင်းများကို ပြန်လှန်သုံးသပ်မိရင်း တွေးဆမိခြင်းပါ။ အမျိုးသားရေးစိတ်ဓာတ်ရှိကြတဲ့ ရဟန်းရှင်လူများ ပညာသတိဖြင့် ညှိနိုင်းကြည့်နိုင်ကြဖို့ပါ။

သမိုင်းနဲ့ ဥပဒေထဲက တိုင်းရင်းသားတွေ အဓိပ္ဗါယ်

            ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရအသုံးအနှုန်းဟာ Rohingya ဆိုတဲ့ အာရပ်စကားမှ ဆင်းသက်လာပြီး၊ သနားကရုဏာရှိခြင်း သို့မဟုတ် ခွင့်လွတ်တတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်လို့ပဲပြောပြော၊ ရိုဟင်ဂျာဆိုတာ မူလက ရုဟဆိုတဲ့လူမျိုးနွယ်စု (အာဖဂန်နစ္စတန်)မှ ဆက်သက်လာတယ်ပဲပြောပြော ရခိုင်တိုင်းရင်းသားအစစ် မဟုတ်တာတော့ အထူးရှင်းပြဖွယ် လိုမည်မထင်ပါ။

 မြန်မာပြည်မှာ အနေကြာသည်ဖြစ်စေ၊ အနေမကြာသည် ဖြစ်စေ။ တရားဥပဒေဖြင့် ပြဋ္ဌာန်းပေးထားခြင်းမျိုး မရှိသေးသမျှ ကာလပတ်လုံး မြို့နယ်ခွဲထူတောင်ဖို့ဆိုတာမျိုး၊ ပြည်နယ်ခွဲထူထောင်ဖို့ဆိုတာမျိုးတွေဟာ ဥပဒေမဲ့တွေးခေါ်ထားတဲ့ အတွေးအခေါ်များ ဖြစ်နေခြင်းပါ။

            နိုင်ငံတစ်ငံရဲ့ဥပဒေဆိုတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုနိုင်ငံတွင်းမှာ နေသူများ လိုက်နာကြရမှာပါ။

ဥပမာ၊ မလေးရှားနိုင်ငံမှာ လွတ်လပ်ရေး မရ (၁၉၅၈-ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်) ခင် နှစ်ပေါင်းများစွာကတည်းက မလေးရှားနိုင်ငံမှာ အခြေချနေနိုင်ကြတဲ့ တရုပ်လူမျိုးများ ယခုအချိန်အထိ ဘူမိပုတြ စားရင်း၌ထည့်သွင်းဖေါ်ပြခံရခြင်း မရှိသေးသည်ကို ထောက်ထား၍လည်းကောင်း၊

ဆယ်စုနှစ်များ နှစ်ခါကျော်နေထိုင်၍ အမေရိကန်နိုင်ငံသားများအဖြစ် ခံယူထားကြသူများပင် ဖြစ်နေကြသော်လည်း မြန်မာဆိုတဲ့အမည်နာမလေး တစ်ခုကို တရားဝင်အသိအမှတ် ပြုမပေးသေးတာ (ဥပမာ၊ မြန်မာလူမျိုးစုအတွက် မြန်မာဘာသာဖြင့် ကားမောင်းလိုင်စင်ဖြေခွင့်မရှိခြင်းစသည်မျိုး၊ လျှောက်ပုံစံများတွင်အာရှမျိုးနွယ်စု၌မြန်မာဆိုတဲ့ သီးခြားနာမည်ကို ဖေါ်ပြပေးခြင်း မရှိသေးတာမျိုး)

ကို လူ့အခွင့်ရေးများ ဆုံးရှုံးနေပါတယ်လို့ ပြောလို့မရနိုင်ပါ။

ထိုနည်းတူစွာပင်  ရိုဟင်ဂျာဆိုတဲ့ အမည်နာမတစ်ခုကို နိုင်ငံတော်မှ တရားဝင် အသိအမှတ် ပြုမပေးသေးတာကို လူ့အခွင့်ရေးများ ဆုံးရှုံးနေပါတယ်လို့ ဇွတ်အတင်းကြီးပြောဆိုနေမည်ဆိုလျှင် ယထာဘူတကျ၊ မကျ သမိုင်းသုတေသီများ၊ ဘာသာရေး အစွန်းရောက်နေသူများ၊ တဖက်စောင်းနင်းရှိတဲ့ သတင်းမီဒီယာများ စဉ်းစားနိုင်ကြဖို့ပါ။

            သမိုင်းမှာ သမိုင်းကြောင်းမကောင်းသူများကို တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ရှိသူများက စောင့်ကြည့် နိုင်ဖို့၊ လိုအပ်လာလျှင် တိုင်းရင်းသားများ (ငြိမ်းချမ်းစွာနေတဲ့ တိုင်းရင်းသားများအားလုံး)ကို ကာကွယ်စောင့် ရှောက်နိုင်ကြဖို့ပါ။

၁၉၅၁-ခုနှစ် ဇွန်လမှာ အစ္စလမ်ဘာသာဝင်များ ညီလာခံကျင်းပခဲ့တယ်ဆိုတဲ့မှတ်တမ်း၊ အဲဒီညီလာခံကို ဦးနုက နိုင်ငံရေးအတွက် မွေးထားတဲ့ ဘင်္ဂါလီအမတ် အစ္စလမ်ဘာသာဝင် စူလတန်မာမွတ် ခေါင်းဆောင်တယ်ဆိုတဲ့မှတ်တမ်း၊ အစ္စလမ်ဘာသာဝင် ပါလီမန် အမတ်များ စုပေါင်းပြီး ညီလာခံမှာ တောင်းဆိုခဲ့တာက –

 ̏ရခိုင်မြောက်ပိုင်းကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်း၊ ကချင်ဒေသတွေလို လွတ်လပ်သော မူဆလင်ပြည်နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးရန်၊ ပြည်နယ် စစ်တပ်၊ ပြည်နယ်ရဲ တပ်ဖွဲ့၊ ပြည်နယ် လုံခြုံရေးတပ်ဖွဲ့များ ထားရှိရန်တောင်းဆို̋ ခဲ့တယ်ဆိုတဲ့မှတ်တမ်းများကို ပြန်လည်းဖတ်ရှုခြင်းဖြင့် တိုင်းရေး၊ ပြည်ရေးနှင့် အမျိုးသားရေးများကို မြတ်နိုးကြတဲ့ပြည်သူ၊ ပြည်သားများဟာ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာအတွက် အသိတရားများ၊ သတိတရားများ၊ မျှော်မြင်တုံ၊ ဆင်ခြင်တုံတရားများ ထားနိုင်ကြ ဖို့ပါ။

            ငြိမ်းချမ်းရေးကို လိုလားသူများဆိုတာ ရဟန်းပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာသာမဲ့ပဲဖြစ်ဖြစ် တစ်ဦးကိုတစ်ဦး ချစ်ကြည်ရိုသေလျှက် အချင်းချင်း ညီညီညွတ်ညွတ်နှင့် တိုင်းပြည် အတွင်းမှာ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့ပါ။ အမှန်တကယ်တော့ မြန်မာနိုင်ငံတော်၏ တရားဥပဒေနှင့်အညီ လ၀ကရုံးများ၌တရားဝင် မွေးစာရင်းများ ရှိနေမည်ဆိုလျှင် ပြည်တွင်းမှာ မွေးဖွားတဲ့ တိုင်းရင်းသားများအား လုံးဟာ ငြိမ်းချမ်းစွာ တရားဝင်နေထိုင်ခွင့်နှင့် တိုင်းရင်းသားအခွင့်အရေးများကို ရပိုင်ခွင့်မျိုးဆိုတာ မလွဲမသွေ ရှိကြရမှာပါ။

သို့သော် ချွင်းချက်ထား၍ ပြောရမည်ဆိုလျှင်တော့ မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိသူများ၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင်အတုမျိုးကို ကိုင်ဆောင်ထားသူများ ဖြစ်နေခဲ့မည်ဆိုလျှင်တော့ တိုင်းရင်းသား အခွင့်အရေးများကို မရရှိနိုင်သည့်အပြင် တရားဥပဒေအရ အရေးယူမှုများကိုပါ မလွဲမသွေ ခံကြရမှာပါ။

တိုင်းရင်းသားဆိုတာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ကြပြီး ပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးရဲ့ အဟန့်အတားများဖြစ်တဲ့ ပြဿနာများကို အတူတကွ ဖြေရှင်းကြရမှာပါ။ အားကိုးရှိလို့ ထစ်ခနဲဆို မိုက်ပြတာမျိုး၊ တိုင်းရင်းသား အချင်းချင်း အင်အားသုံး၍ တိုက်ခိုက်ပြတာမျိုးကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှ ခွင့်လွတ်နိုင်မည်မဟုတ်ပါ။

ဒါက ဘယ်လို အဓိကရုဏ်းမျိုးလဲ …

            မြန်မာပြည်ဖွား တိုင်းရင်းသားများဖြစ်ခဲ့လျှင် ဘယ်တိုင်းရင်းသားမျိုးမဆို နိုင်ငံတော်မှ ဥပဒေနှင့်အညီ ကာကွယ်ပေးကြရမှာပါ။ ရခိုင်အရေးခင်းနှင့် ပတ်သက်၍ မည်သူမှားတယ်၊ မည်သူမှန်တယ်ဆိုတဲ့ အမးကို အဖြေပေးဖို့ ခက်ခဲတဲ့ အနေအထားမျိုးမှာ ရှိနေဆဲပါ။

သို့သော် ဘယ်လိုပင် ရခိုင်အရေးအခင်းကို ဘာသာရေး အဓိကရုဏ်းအသွင်ရောက်အောင် ကြိုးစား၍ ဖန်းတီးကြသော်လည်းပဲ ဘာသာရေးအဓိကရုဏ်း မဟုတ်ဘူး ဆိုတာကတော့ ထင်သာ၊ မြင်သာရှိနေခြင်းပါ။ ဘာ့ကြောင့်လဲဆိုရင် မြန်မာရဟန်းတော်များ ပါဝင်လာမှုမရှိခြင်း၊ ဗလီကျောင်းများကို မဖျက်ဆီးခြင်-းစတဲ့ ဘာသာရေးအဓိကရုဏ်းရဲ့ သင်္ကေတများ အရိပ်အရောင်မျှ မတွေ့ရလို့ပါ။

            ထို့ကြောင့် မကြာခင်ကမှ ရခိုင်ပြည်နယ်သို့ ကူညီထောက်ပံ့ရေး ခရီးထွက်ခဲ့ပြီး ပြန်ရောက်လာတဲ့ အရှင်ဝီရသူက ရခိုင်ပြည်နယ် အရေးအခင်းနှင့်ပတ်သက်ပြီး သူ့အမြင်၊ သူ့အထင်ကို ပွင့်ပွင့်လင်းလင်းပဲ အင်တာနက် စာမျက်နှာများပေါ်မှာ တင်ပြဆွေးနွေးထားတာကို ဖတ်ရှုရခြင်းပါ။ တိုင်းရင်းသားမဟုတ်သူတွေ အတွက်တော့ သဘောတွေ့နိုင်မည်မဟုတ်ကြောင်း ကြိုတင်ထင်မြင်မိခြင်းပါ။

သူတင်ပြဆွေးနွေးထားတာက –

 ̏၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်˝တဲ့။

            နောက်ထပ် သူဆက်ရေးထားတာက –

 ̏၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာ ကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောင်တော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်း သိသာထင်ရှားပေသည်˝တဲ့။ ဆင်ခြင်ဖို့နှင့် ဝေဖန်နိုင်ဖို့ပါ။

            ရခိုင်တိုင်းရင်းသူဖြစ်တဲ့ အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားကို  တောင်းဆိုထားတာက –

တချို့ အပြည်ပြည်ဆိုင်ရာ သတင်းတွေထဲမှာ သတင်းတွေ ပြောတဲ့နေရာတွေမှာ ဆိုလို့ရှိရင် အရမ်းကို တဘက်စောင်းနင်း ဖြစ်ပြီးတော့မှ ရခိုင်ပြည်နယ်အတွင်းမှာ တကယ့်ကို ဒုက္ခခံစားနေရတဲ့ ရခိုင်တွေ အကြောင်းကို လုံးဝဖော်ပြမထားတဲ့ အချက်တွေကိုလည်း ကျွန်မတို့အနေနဲ့ အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ အဲတာ အတွက်ကြောင့် ကျွန်မအနေနဲ့ မစ္စတာ ကင်တားနားကို အထူး မေတ္တာရပ်ခံချင်တာက ရခိုင်ပြည်မှာ ဒီဒုက္ခသည် ဖြစ်ပေါ်လာဖို့ရာအတွက် ဘယ်သူတွေက ဒီပြဿနာတွေကို အရင်ဆုံး ဖန်တီးခဲ့သလဲ။ အသေအချာ စီစစ်ပြီးတော့မှ အပြည်ပြည်ဆိုင်ရာက လူတွေသိအောင် သေချာမှန်ကန်တဲ့ Report တစ်ခုထုတ်ဖို့ ကျွန်မ မေတ္တာရပ်ခံထားခြင်းပါ” တဲ့။

            နောက်ပြီး သူမက ဆက်လက်တောင်းဆိုထားတာက –

 ̏ဒါ့အပြင် ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင် နယ်စပ်မြို့၃ မြို့မှာ ရခိုင်တိုင်းရင်းသား ဦးရေနည်းပါးလာနေတာတွေ၊ တခြားလူမျိုးများစွာ အတူနေထိုင်ကြပေမဲ့ ရိုဟင်ဂျာ လူမျိုးများနဲ့သာ အဓိကရုဏ်း ဖြစ်ပွားရတာတွေကို သေချာစွာ စစ်ဆေးပေးဖို့လည်း ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာကို ရခိုင် အမျိုးသမီးများ အစည်းအရုံးက မေတ္တာရပ်ခံ လိုက်ပါတယ်˝

လို့ ထပ်မံတောင်းဆိုထားခြင်းပါ။

ပေါက်ပင်ဘာကြောင့် ကိုင်းရသလဲ … ဖြေပါ

            ဒီနေရာမှာ ရခိုင်အရေအခင်းနှင့်ပတ်သက်၍ ̏ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်˝ဆိုတဲ့ အဖြေကို ရှာဖို့ထက် ရခိုင်ပြည်နွယ်ဖွား တိုင်းရင်းသားများအားလုံး ငြိမ်းချမ်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးက ပို၍အရေးကြီးတဲ့ အရေးဖြစ်လာခြင်းပါ။ တိုင်းရင်းသားမဟုတ်သူများ၊ တိုင်းရင်းသားမှတ်ပုံတင်အတုများကို ကိုင်ဆောင်ထားသူများကို တရားဥပဒေနှင့်အညီ အရေးယူပေးမယ်ဆိုလျှင် အဖြုနှင့်အမဲ မကြာခင်ပဲ သဲသဲကွဲကွဲ ဖြစ်လာမှာပါ။ ငြိမ်းချမ်းရေးကို မျှော်လင့်သူနှင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများအကြား တရားဥပဒေနှင့်အညီ ခွဲခြားဆုံးဖြတ်လာနိုင်မှာပါ။ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီစနစ်နှင့်အညီ တရားဥပဒေ စိုးမိုးနိုင်ရေးအတွက် ပြည်သူ၊ ပြည်သားများ အတူပါဝင်ကြဖို့ပါ။ တိုင်းရင်းသား၊ တိုင်းရင်းသူများလည်း ပူးပေါင်းဝင်ကြဖို့ပါ။

            နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တိုင်းပြည်သို့ပြောကြားခဲ့တဲ့မိန့်ခွန်းစကား၊ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ စကားတွေဟာလည်း ငြိမ်းချမ်းရေးအတွက် တန်ဖိုးရှိတဲ့ စကားတွေပါ။ လွန်ခဲ့တဲ့ ၅ ရက်ခန့်က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင် ၀န်ကြီးများ၏ ပြောဆိုချက်အရ ဘူးသီးတောင်၊ မောင်တောဒေသများ၌ မူလဒေသခံ ရခိုင်လူများမျိုးဟာ မူလနေထိုင်ရာများ၌ ဆက်လက်နေထိုင်ဖို့ အန္တရာယ်များ၊ အခက်အခဲများရှိလာတာကြောင့် ပြောင်းရွေ့သွားကြလို့ ယခုအခါ ရခိုင်တိုင်းရင်းသားများမှာ ဘူးသီးတောင်၊ မောင်တောဒေသများ၌ (၆) ရာခိုင်းနှုန်းသာ ကျန်တော့တဲ့အကြောင်း ကြားသိရ၍ စိတ်မကောင်းဖြစ်မိခြင်းပါ။

ပေါက်ပင်ဘာကြောင့်ကိုင်းရတဲ့အဖြေမှာ ဗျိုင်းနားလို့ ကိုင်းရခြင်းမျိုး မဟုတ်တော့ပဲ လူဆွဲလို့ကိုင်းရခြင်းဖြစ်ကြောင်း ထင်သာမြင်သာ ရှိလာခြင်းပါ။

ငြိမ်းချမ်းရေးကို အားပေးပါ

            ထို့ကြောင့် တရားမျှတပြီး၊ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ဖို့ ပထမဦးစားပေးအနေနှင့် ရခိုင်တိုင်းရင်းသားများ (ငြိမ်းချမ်းစွာ နေထိုင်လိုသော အားလုံးတိုင်းရင်းသားများ)တို့ရဲ့ လုံခြုံရေးအတွက် ရဲစခမ်းများ တိုးမြှင့်ဖွင့်လှစ်ပေးခြင်း၊ လုံခြုံရေးတပ်များ တိုးမြှင့်ချထားပေးခြင်းများကို နိုင်ငံတော်မှ မလွဲမသွေ အလျှင်အမြန် ပြုလုပ်ပေးကြဖို့ပါ။ ဘေးအန္တရာယ်များအကြား ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများရှိရာသို့  အလျှင်အမြန် သွားရောက်၍ ရိက္ခာများထောက်ပံ့ပေးခြင်း၊ နောက်ထပ်တစ်ဖန် တိုင်းရင်းသားများ အသေအပျောက် မရှိရအောင် အစောင့်အရှောက်များ ထပ်မံတိုးချခြင်းများကို အလျှင်အမြန် ပြုလုပ်ပေးကြဖို့ပါ။

            အထူးတိုက်တွန်းလိုသည်မှာ တိုင်းပြည်ကြီးလည်း ငြိမ်းချမ်းနိုင်ဖို့၊ တိုင်းရင်းသားများလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့အတွက် တိုင်းရင်းသားအချင်းချင်း အာဃာတတရားများကို မေတ္တာစိတ်များဖြင့် ဖယ်ရှားပေးကြဖို့ပါ။ အမုန်းတရားများကို နားလည်ခွင့်လွတ်နိုင်တဲ့ စိတ်ထားများဖြင့် ကျေအေးပေးကြဖို့ပါ။  နိုင်ငံအတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့ပါ။

ပြောလိုရင်းကတော့ ငြိမ်းချမ်းရေးစည်တော် ကြီးကို မည်သူမဆို တီးခတ်နိုင်တာမို့ ငြိမ်းချမ်းရေးကို လိုလားသူတိုင်း ငြိမ်းချမ်းရေးစည်တော်ကြီးကို မရပ်မနား တီးခတ်ပေးကြဖို့။ အမျိုး ဘာသာ သာသနာအတွက် ဘာသာ သာသနာစိတ်ရှိသူတိုင်း၊ မျိုးချစ်စိတ်ရှိသူတိုင်း ငြိမ်းချမ်းရေးစည်တော်ကြီးကို  ငြိမ်းငြိမ်ချမ်းချမ်းဖြင့် ထာဝရ တီးခတ်နေနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက် နိုင်ကြပါစေ။

(Photo Credit http://www.english-test.net/forum/ftopic102742-75.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts