ကဗျာ ကမာပုလဲ

အနုပညာ … ကိစ္စ (Kama Pale)

ကမာပုလဲ
ဇူလိုင် ၂၅၊ ၂၀၁၂

အသင့် သိမ်းဆည်းစရာမလိုတဲ့ အိပ်ယာ
စားအိုး၊ စားခွက်နဲ့
လည်တိုင်မှာ ချည်စွဲနေကျ
ပခုံးထက်က တဘက်ကလေး
အလေ့ကျ သုံးရာသီများ …။

နာကျင်မှုတွေအပေါ်မှာ
မချိပြုံးတွေ သိမ်းပိုက်နေတဲ့ ကိစ္စ …
လက်တွေ့ဖြေရှင်းရမယ့် ပြဿနာတွေပေါ်မှာ
ဘာစတီးလ် အကျဉ်းထောင်ကို ဖြိုဖျက်ဖို့ မဝံ့ရဲခဲ့ရင်ဖြင့် …။

စိတ်ဓာတ်တွေ မခိုင်လို့များ
ယိမ်းယိမ်းယိုင်ယိုင် ဖြစ်လို့နေပါစ
မှော်ရုံလေထုရဲ့ လက်တွေ့အခင်းအကျင်းတွေထဲမှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ သိပ်လွယ်တယ် …။

ကမာပုလဲ

ဇူလိုင်၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts