မိုးမခမိတ်ဆွေ (မန္တလေး)၊ ဇူလိုင် ၂၄၊ ၂၀၁၂
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး ရေစက်ချပွဲကို ခမ်းနားကြီးကျယ်စွာ ပြုလုပ်ကြမည် ဖြစ်ရာ ယခုဆိုလျှင် အကြိုတရားပွဲများပင် ကျင်းပနေပြီ ဖြစ်သည်။
၂၂-၇-၂၀၁၂-မိုးတားဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ၊
၂၃-၇-၂၀၁၂-မစိုးရိမ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊
၂၄-၇-၂၀၁၂-ဓမ္မဒူတ အရှင်ဆေကိန္ဒ-တို့ ဟောကြားမှာဖြစ်ပြီး၊
၂၆-၇-၂၀၁၂-ရက်နေ့၌ ဓမ္မစေတိယ ကျောင်းဆောင်သစ် ရေစက်ချပွဲနှင့် အတူ
လောကနာထစေတီတော် ထီးတော်တင်ပွဲ အနေကဇာတင်ပွဲ တို့ကိုပါ ပူးတွဲကျင်းပမှာ ဖြစ်ကြောင်းသိရသည်။
ဓမ္မစေတိယကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် နိုင်ငံတစ်ဝှမ်းလုံးမှ မစိုးရိမ်တိုက်သစ်ထွက် စာချ/ကျောင်းထိုင်ဆရာတော်များနှင့် တပည့်ဒကာ/ဒကာမများ၊ ကျောင်းဒကာ/ကျောင်းဒကာမများ၏ ဆွေမျိုး မိတ်သင်္ဂဟများ တက်ရောက်ကြမည် ဖြစ်သည်။
“ဓမ္မစေတိယကျောင်းတော်ကြီး အလှူရှင်များ”
၁။ ဓမ္မစေတီတော်
၂။ ဂန္ဓကုဋီတိုက်
၃။ “တက်နေဝန်း”ပဋိပတ္တိဌာန (ပဉ္စမထပ်)
ဦးစန်းမောင်+ဒေါ်ခင်ဝင်း၊ (ဓာတ်ပုံ-ဗွီဒီယို) ၂၆လမ်း၊ ဆိုင်းတန်းရပ်။
၎။ “ပေါက်ကျိုင်း”ကွန်ပျုတာခန်းမ (စတုတ္တထပ်)
ဦးပြောင်း+ဒေါ်လှခင်၊ ဒန်အိုးစက်၊ စိန်ပန်း၊(ဆိုင်၈၄/၃၉လမ်းဒေါင့်)
၅။ “သီရိမွန်”အဘိဓမ္မာပိဋကဌာန (တတိယထပ်)
ဒေါ်စိန်စိန်၊ မောင်-ဦးစိန်ဝင်း+ဒေါ်စန်းယုမွန် “သီရိမွန်ရွှေဆိုင်”ဈေးချို။
၃၂×၃၃လမ်းကြား၊ လမ်း၈၀၊ မန္တလေး။
၆။ “မော်”သုတ္တန္တပိဋကဌာန (ဒုတိယထပ်)
ဦးတင်ကြည်+ဒေါ်မော်(အုတ်၊ထုံး၊သဲ) ခြံအမှတ် င/၂၀၊ ၃-လမ်း ကျွဲဆည်ကန်။
၇။ “သန်းကျော်”ဝိနယပိဋကဌာန (ပထမထပ်)
ဦးကျော်အေး+ဒေါ်ညွန့်သန်း “အထည်ဆိုင်”ဘီရုံနှင့်စီရုံ၊ မြေညီထပ် ဈေးချို။
၈။ “ချမ်းမြေ့”ညီမူရာခန်း (မြေညီထပ်နှင့်)
၉။ “အောင်ချမ်းမြေ့”သံဃာဆောင် မြေတိုက်ကုသိုလ်ရှင်
ဦးကျော်ဇေယျ+ဒေါ်မြင့်မြင့်ခိုင်၊ “ချမ်းမြေ့”ပွဲရုံ၊ ပဲပုတ်တန်း၊ မဟာအောင်မြေ။
ဖြစ်သင့်တာကြာပါပြီ…တကယ်ကြည်နူးစရာ မင်္ဂလာရှိသောသတင်းပါပဲ
အောင်မြင်စွာ ပြီးသွားခဲ့ပါပြီ။
ဝမ်းသာလိုက်တာ၊ ပညာရင်နို့သောက်စို့ခဲ့တဲ့ ကျောင်းတိုက်ကြီးက အဆင့်မီ ဗုဒ္ဓတက္ကသိုလ်ကြီးတခုပမာ ပေါ်ထွက်လာတော့မည်မို့ ကြည်နူးမှုနဲ့အတူ ဆရာများ၊ သမဂ္ဂညီနောင်များအတွက် ဂုဏ်ယူလို့ မဆုံးပါဘူး။ ကြုံရင်တော့ တခေါက်ရောက်ဖြစ်အောင် ကြိုးစားပါဦးမယ်။