ဓာတ်ပုံသတင်း

မစိုးရိမ်တိုက်သစ် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ (ဓာတ်ပုံသတင်း)

မိုးမခမိတ်ဆွေ
ဇူလိုင် ၂၁၊ ၂၀၁၂

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၌ သီတင်းသုံးဝါကပ်မည့် နာယက၊ စာချ၊ စာသင်သံဃာတော်အပါး (၃၀၀၀) အား ဦးမောင်ကို + ဒေါ်ရွှေဥ (ထာဝရကုမ္ပဏီနှင့် ရွှေဥသြ ရွှေဆိုင်) မိသားစုမှ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပရာ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော်ကြီးက ရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ပါသည်။

ပထမဦးစွာ အလှူရှင်မိသားစုက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ လောင်လှူပြီး၊ မစိုးရိမ်တိုက်သစ်နာယကဆရာတော် (၁၆) ပါးက ကြီးကြပ်ဆောင်ရွက်တော်မူကြပါသည်။

စာအောင်သံဃာများအတွက် ပဒေသာပင် ငွေကျပ်သိန်း (၁၀၀) လှူဒါန်းကာ သင်္ကန်းနှင့် လှူ ဖွယ်ပစ္စည်းအမျိုးအမည် (၁၃) မျိုးအပါအဝင် လှူဒါန်းကြကြောင်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts