ကဗျာ

ဒီတံခါး၊ အိမ်အမှတ် ငါးဆယ့်လေး

ဇော်ထက် (ပျဉ်းမနား)
ဇူလိုင် ၁၉၊ ၂၀၁၂
အင်းလျားရေပြင်ရဲ့
မလှမ်းမကမ်းမှာရှိထားတဲ့
ဝင်းတံခါး နှစ်ချပ်
အမှတ်တမဲ့ရှုကြည့်
သူ့၏ ပုံရုပ်
မတုန်မလှုပ်
ကျောက်ရုပ်ပမာပေါ့ ….။
တပင်တိုင်မြနန်းစံခဲ့တဲ့
သူမရဲ့ထံပါးက
ဒီတံခါးမရဲ့ထိပ်မှာ
အိပ်မရညနဲ့
အတိတ်ကဘ၀တွေ ရှိခဲ့ဘူးတယ်။
ဒီတံခါးရဲ့
တခြားတစ်ဘက်မှာ
အလွမ်းသမားတစ်သိုက်အတွက်
စန္ဒယားရှိုက်သံတွေ ရှိခဲ့ဘူးတယ်။
နှစ်နှစ်သားမှ
ခြောက်ဆယ့်ငါးနှစ်တိုင်တိုင်
သူမဖြိုင်ဖြိုင် မျက်ရည်မိုးကျ
လဇူလိုင် တစ်ဆယ့်ကိုးရဲ့ညဟာ
ဒီတံခါးဝမှာပဲ။
ပေါ်မလာနိုင်တော့တဲ့သူတွေကိုမှန်း
အချစ်ဆုံးသူတွေကိုတမ်း
လွမ်းလို့ မ၀တာ
ဒီတံခါးဝမှာပဲ။
ပေါ်မလာသူတစ်ယောက်ကိုမျှော်ကိုး
တိုးဝှေ့ခစားသူတွေကို မမုန်း
အပြုံးနဲ့ ဖျော်ဖြေရှာ
အဲဒါ……ဒီတံခါးဝက အမေခမျာပဲ။
ရာဇ၀င်ရိုင်းများ
ဒီတံခါးကို သော့ခတ်ခဲ့စဉ်
ကန်ရေပြင်က အသက်မဲ့တိတ်ဆိတ်
ကမ္ဘာမြေပြင်က အခက်နဲ့ တထိတ်ထိတ်နဲ့ပေါ့။
နှောင်ကြိုးအထပ်ထပ်နဲ့
ရစ်ပတ်ခံခဲ့ရတဲ့ဒီတံခါး
ပွင့်ဟသွားစေခဲ့တာက
သူမရဲ့ငြိမ်းငြိမ်းချမ်းချမ်း
နှုတ်ခမ်း တစ်လွှာပဲ။
ရဲရဲနီထား
ဒီတံခါးက
သိန်းချီမကတဲ့
ဓားသွားမြမြတွေကို
ယဉ်ပါး ခစေခဲ့တယ်။
ဇာနည်တွေဖွား
ဒီတံခါးက
သောင်းမကတဲ့
ပြောင်းဝတွေကို
သံလွင်ခက်နဲ့ တေးဆိုစေဦးမယ်။
အာဏာကိုအံတုလို့
ကမ္ဘာ့ဆုတို့က ခစားရတဲ့
ဒီတံခါးလှတစ်ခုကတော့
ငါတို့အားလုံးအတွက်
ဘုရားပေးတဲ့ဆုပဲ။
အခါတစ်ပါးက
ဒီတံခါးဝဆီသွား
အဘွားလျောက်ခဲ့တဲ့လမ်းမှာ
စီစီရီရီ လန်းလန်းဆန်းဆန်း
လီလီပန်းတွေ ရှိခဲ့ဘူးတယ်။
ရာဇ၀င်တင်ထား
ဒီတံခါးချပ်တွေကိုတော့
ရာဇ၀င် တစ်ကျော့ပတ်
ပြန်သော့မခတ်စေဖို့
ငါတို့အားလုံး စုကာဝိုင်း
သမိုင်းပေးတာဝန်တစ်ခုပေါ့။
ခွပ်ဒေါင်းနီတို့စွမ်းအား
ဒီတံခါးနဲ့ တံတိုင်း
ငါတို့အားလုံးရဲ့ သမိုင်းမို့၊
ဒီတံခါးက
ငါတို့အားလုံးနဲ့ ဆိုင်တယ်၊
ဒီတံခါးရဲ့  အနာဂတ်များ
ငါတို့ အားလုံးပို်င်တယ်။ ။
(ဥရောပခရီးစဉ်မှပြန်လာသောအမေစုကို ဒီတံခါးဝမှ ကြိုဆိုခဲ့သူတစ်ဦးက ပေးပို့သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒီတံခါး၊ အိမ်အမှတ် ငါးဆယ့်လေး
  1. This door can approve our Burma’s democratic condition and when I got out of this door after our party’s leaders’ meeting with Daw Su on July,15th,1989,M.I forced to arrest me but could pass them by helpings of Bus’s spare & Passengers and then,I was arrested by M.I &one quarter soldiers with 5/J(Disordering of unjust orders & laws o SLORC) at my home,Haledem/Kamayut,Rgn,Burma at 11:00 Pm and at that time,our democratic movements was top-time and I was sentenced for 20 yrs with 5/J,17/2 at No-1,Marshal court beside Insein prison,Rgn,Burma.

  2. It is really touching. It is admiring a renowned Cardiologist like Saya Zaw can wirte such a fascinating poem.

Comments are closed.