မိုးမခကို ပေးတဲ့စာ

ဟင်္သာတမြို့ အကျဉ်းဦးစီး ထောင်ပိုင်ကြီး၏ အကျင့်ပျက်ချစားမှုကို အရေးယူပေးပါ (မိုးမခပေးစာ)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆွေမင်းထက်
ဇူလိုင် ၁၈၊ ၂၀၁၂
အင်္ဂပူမြို့နယ်နေ ကိုသန်းထွန်းဆိုသူသည် ယုံသလင်းတွင် လောင်းကစားပြုနေချိန်တွင် ဟင်္သာတခရိုင် ဓနရဲအုပ် ကိုမြင့်ခိုင်နှင့်အဖွဲ့မှ သက် သေခံများနှင့်အတူဖမ်းဆီးပြီး ဟင်္သာတအကျဉ်းထောင်တွင် ထောင် (၉) လ ချခံခဲ့ရပါသည်။ ထောင်ထဲတွင် သက်သက်သာသာနေနိုင်ရန်အ တွက် ငွေသား သိန်း (၂၀) နှင့် သူပိုင် ဗင်ကားကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ အကျဉ်းဦးစီးဌာနမှ ထောင်ပိုင်ကြီး ဦးလှသိန်းထွန်းစီး ဖို့ပေးထားရပြီး ထောင်ကလွတ်မှ ပြန်ယူမယ်လို့ သိရပါတယ်။
ထောင်ထဲမှာ အလုပ်မလုပ်ချင်သည့်သူများ၊ အစိုးရဌာနနှင့် ပိုင်သည့်သူများ၊ လူကုံထန်အသိုင်းအ၀ိုင်းထဲမှ သူများသည် ထောင်ထဲတွင် သက်သက်သာသာနေချင်လျှင် တလကို ငွေ ၅၀၀၀၀ ပေးရပါတယ်။ မပေးနိုင်တဲ့သူများကတော့ ထောင်ပတ်လည် မြက်တွေနှုတ်၊ အိမ်သာ ဆေး၊ စိုက်ခင်းထဲဝင်၊ အိမ်ကလာတွေ့သည်တောင် မှတ်ပုံတင်ပြ ဟိုရစ် ဒီရစ်နှင့် ပေးနိုင်သည့်သူများကျတော့လည်း ဘာမှမလုပ်ရပဲ အေး အေးဆေးဆေး နေရပါတယ်။
ပေးနိုင်ကမ်းနိုင်သည့် ကိုသန်းထွန်းဆိုသူက ထောင်ဓမ္မာရုံထဲတွင် အပြင်အ၀တ်အစားနှင့် အိမ်က မိန်းမတောင် ထောင်ထဲ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်လို့ရပါတယ်။ ညဘက်ဆိုလည်း ထောင်ထဲတွင် မအိပ်ရဘဲ ထောင်ပိုင်ကြီးအိမ်မှာ လာနေခိုင်းထားပါတယ်။ အပြင် ကိုလည်း ထွက်ခိုင်းပါတယ်။ ထောင်အ၀တ်အစားတောင်မ၀တ်ရဘဲ ရိုးရိုးအ၀တ်အစားနှင့်ပါ။ ကျန်တဲ့ပိုက်ဆံမပေးနိုင်တဲ့အကျဉ်းသားများအတွက် အများကြီးနစ်နာလှပြီး ဒီမိုကရေစီစနစ်ဆီဦးတည်နေတဲ့ခေတ်ကြီးမှာ လာဘ်စားနေသည့် ၀န်ထမ်းအချို့ကို ထိထိရောက်ရောက် အရေးယူပေးပါရန် သမတကြီးသိစေပါရန် တင်ပြအပ်ပါတယ်။
ဟင်္သာတ အကျဉ်းဦးစီးဖုန်း (ရုံး) ၀၄၄ ၂၁၀၁၀၊ (အိမ်) ၀၄၄ ၂၁၀၁၁ ကို ဆက်သွယ်မေးမြန်းလို့ရအောင် ထည့်ပေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဟင်္သာတမြို့ အကျဉ်းဦးစီး ထောင်ပိုင်ကြီး၏ အကျင့်ပျက်ချစားမှုကို အရေးယူပေးပါ (မိုးမခပေးစာ)
  1. လာဘ်စားသူရောလာဘ်ထိုးသူ၂ယောက်စလုံးအရေးယူရပါမယ်

    1. ဟုတ်ပါတယ်။မှန်ပါတယ်။ထောက်ခံပါတယ်။

      1. အဲဒါတော့ သူ့အပြစ်မှမဟုတ်တာဘဲဗျာ

Comments are closed.