မိုးမခကို ပေးတဲ့စာ

တရားမ၀င် ကျွန်းသစ်တံခါး ၁၃ တန်ဖမ်းမိသော်လည်း အရေးမယူပါ (မိုးမခပေးစာ)

သက်ဦးမောင်
ဇူလိုင် ၁၆၊ ၂၀၁၂
 လာဘ်ပေး လာဘ်ယူ ပပျောက်ရေးဥပဒေကြမ်းထွက်ပေါ်လာတဲ့အတွက် ဟင်္သာတမြို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်ဖြစ်သော ခရိုင်ရဲ တပ်ဖွဲ့မှူး ဦးမြင့်ဆွေ (တာဝန်ခံ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုကို၊ သတင်းတပ်ဖွဲ့မှူး ဦးထွန်းသိန်း၊ ဓနခရိုင်တပ်ဖွဲ့မှူ၊ သစ်တောဦးစီးဌာ န၊ အမှတ် (၁) ရဲစခန်းတာဝန်မှူး၊ အမှတ် (၁) ရဲစခန်းနယ်ထိန်း အင်ချပ် မင်းသက်လှိုင်၊ စသုံးလုံးက ကိုဝင်းဇော်အဖွဲ့တို့သည် ဟင်္သာတမြို့ သို့ဝင်လာသော တရားမ၀င်သစ်ကားများကို အပေါ်ဌာနတစ်ခုစီအတွက် ငွေ ၅၀၀၀၀ (ငါးသောင်း)၊ အောက်ဌာနတစ်ခုစီအတွက် ငွေ ၂၀၀၀၀ (နှစ်သောင်း) တို့ကို သက်ဆိုင်ရာဌာနတို့မှ ၀န်ထမ်းတွေက လာဘ်ယူမှုမြောက်မှာစိုးသဖြင့် ခရိုင်ဓနသတင်းပေး ကိုခင်မောင်မြင့် (၀န်ထမ်းမဟုတ်) မှ ယူပြီး ကိုယ်စားလှယ်အဖြစ် ငွေကောက်ဖို့ထားရှိပြီး ပြီးမှ လိုက်ပေးပါတယ်။ ကိုခင်မောင်မြင့်သည် တိုင်းရဲမင်းကြီး မျိုးသန့်အထိအဆင်ပြေသူဖြစ်သဖြင့် နေပြည်တော်အဆင့်မှသာ ထိထိရောက်ရောက် လာစစ်မှသာ အမှုမှန်ပေါ်နိုင်ပါတယ်။
ကြံခင်းမြို့နယ် ရှားဘိုရွာမှ ရန်ကုန်သို့တင်ဆောင်လာသော ကျွန်းတံခါး ၁၃ တန်ကျော်၏ပိုင်ရှင်များဖြစ်သော ဟင်္သာတမြို့ ဘောဂလမ်းနေ လှိုင်မျိုးထွန်းခေါ် တရုတ်ကလေးနှင့် တာလေးရပ်ကွက်အုပ်ချုပ်ရေးမှူး ချစ်မင်းထိုက်နဲ့ အမျိုးတော်စပ်သူ ဦးကျော်စိုးဝင်းတို့၏ ပစ္စည်းများဖြစ် ပြီး သ/၄၇၃၈ (၆ ဘီး) ဦးကျော်စိုးဝင်း၏ ကိုယ်ပိုင်လိုင်စင်ရှိကားနှင့် တင်ဆောင်လာရာ သက်ဆိုင်ရာဂိတ်အသီးသီးကို သတ်မှတ်နှုန်းထားမှား ပေးပြီး ဇလွန်မြို့၏ သက်ဆိုင်ရာဌာနအသီးသီးကိုလည်း လမ်းကြောင်းဖြတ်ခ ရှေ့ပြေးကားမှပေးပြီး (ဟင်္သာတမှ သစ်ကားတွေ ရန်ကုန်ဘက် ထွက်လျှင် ရှေ့ပြေးကားမှ လိုင်းကြေးပေးပြီး အဆင်ပြေမှ နောက်ကလိုက်တာတဲ့သစ်ကားက ဆက်သွားတာပါ) တခါ တခါ သတင်းတပ်ဖွဲ့ နှင့်ဆက်နွယ်နေသည့် သစ်ကားများဆိုလျှင် ဟင်္သာတသတင်းတပ်ဖွဲ့မှ တရစ်အဆင့်ရှိ နေလင်းစိုးမှ သူကိုယ်ပိုင်ကားနှင့် လမ်းကြောင်းရှင်းပေး ပါတယ်။
ဇူလိုင် ၃၊ ၂၀၁၂ ရက်နေ့က မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှာ ဖမ်းမိခဲ့ပါတယ်။ ယာဉ်မောင်းနဲ့ နောက်လိုက်ကို စစ်ဆေးရာ အထက်ဖော်ပြပါ ပိုင်ရှင်နှစ်ဦး၏ သစ်ဖြစ်ကြောင်းသိရသဖြင့် ဟင်္သာတသို့လာရာတွင် လိုင်းကြေးယူပြီး မြို့ထွက်ခွင့်ပြုလိုက်သော သက်ဆိုင်ရာဌာနတို့မှ ၀န် ထမ်းများသည် ဓနုဖြူရဲနဲ့ညှိနှိုင်းပြီး ကြံခင်းမြို့နယ် ရှားဘိုရွာမှ လိပ်စာမရှိသောသူများ၏ ပစ္စည်းများအဖြစ် ပြောင်းလွဲထားပြီး လိုင်စင်ရှိသော ကားကိုလည်း လိုင်စင်မဲ့လုပ်ပြီး ကားလဲလှယ်ယူခြင်းကိစ္စတို့ကို နေပြည်တော်ရဲချုပ်၊ နိုင်ငံတော်သမတကြီး၊ ပြည်ထဲရေးဌာနတို့မှ အပေါ်က ဘယ်လိုလုပ်လုပ် အောက်ခြေကမပါရင် ဘယ်လိုမှ ပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့တင်ပြပြီး သက်ဆိုင်ရာအောက်ခြေ၀န်ထမ်းများနှင့် တရားခံများကို ထိထိရောက်ရောက် စံနမူနာအနေဖြင့် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “တရားမ၀င် ကျွန်းသစ်တံခါး ၁၃ တန်ဖမ်းမိသော်လည်း အရေးမယူပါ (မိုးမခပေးစာ)
  1. ကိုသက်ဦးမောင်ေ၇ကျေးဇူးဗျ sb ကနေလင်းစိုးစီးနေတဲ့ ကား without က လှိုင်မျိုးထွန်း ခေါ် တရုတ်
    ကလေး၏ ပထမတစ်ခါသစ်အဖမ်းခံရတုန်းက ညောင်တုန်းမှလေ ကားပါသိမ်းလိုက်တာ အဲဒါကိုသူကလိုက်ညိပေးပြီးအခုသူစီးနေတဲ့ ကားက without ကြိးဗျ

    1. without က mark 2 သူစီးနေတာကြာပြီ နံပါတ်တူယာဉ်တစီး ဒီအချိန်မှာဘယ်မှာရှိလဲ ..ဒီကယာဉ်ထိန်းတွေလဲလိုတယ် ..သိမ်းထားတဲ့ယာဉ်ဆိုလဲ သက်သေခံ ကို ယူသုးံခွင့်မရှိဘူးလေ…မြို့ပေါ်ကထွေအုပ် ဘာလုပ်နေလဲ…သူတို့အချင်းချင်းအသိဆုးံပါ…အော် …..above the law…အော် nato ( not action talk only) ….

  2. ကျွန်တော်တို့ ဟင်္သာတမှာ အဝေးပြေးဂိတ်ကြီး ဆောက်ပြီးတော့ အခုထိဖွင့်မပေးသေးတာ ဘာသလောလဲ၊
    ထော်လာဂျီတွေကလည်းမြို့ ထဲလမ်းတွေမှာ ပိုက်ဆံ ပေး ပြီးမောင်းချင်တိုင်မောင်းနေတယ်။
    အဲဒါတွေကိုအရေးယူပေးစေချင်ပါတယ်

  3. ဘယ်လောက်အော်အော် အားလုံးက ဝေစား မျှစားဖြစ်နေကျတာပဲလေ နေလင်းစိုးမပြောနဲ့ သူညီနဲ့ သူအပေါင်းအသင်းမင်းသိုက်ဆိုတဲ့ လူမိုက်တွေတောင် မြောက်ကြွမြောက်ကြွလုပ်နေကျတာလေ တမြို့လုံးသိနေကျတယ် အထက်လဲသိတယ် ဘာမပြောဘူးဗျ ဘယ်ပြောမလဲ သူက ရှာကျွေးနေတာကို ခေတ်ပြောင်းပေမယ့် စနစ်မပြောင်းတဲ့ အဲဒီလူစားမျိုးတွေကို ၂၀၁၂ မကုန်ခင် တိုက်ဖျက်ကျပါစို့

Comments are closed.