ဓာတ်ပုံသတင်း

ဦးဝီရသူ ရခိုင်ခရီးစဉ်

မိုးမခမိတ်ဆွေ
ဇူလိုင် ၁၄၊ ၂၀၁၂
၁၀-၇-၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဆရာတော်ဦးဝီရသူသည် စစ်တွေမြို့၊ လေဆိပ်အနီးရှိ အလိုတော်ပြည့်ကျောင်း တိုက်မှာ တည်းခိုနေထိုင်ပြီး၊ ရွှေစေတီနှင့် ရဲကျော်သူဒုက္ခသည်စခန်းတို့သို့ သွားရောက်စုံစမ်းခဲ့ကြောင်း၊ မီးလောင်၍ပျက်စီးသွားသော အိမ် ယာများကို သွားရောက်ကြည့်ခဲ့ကြောင်း သိရပါသည်။
၁၁-၇-၂၀၁၂ရက်နေ့ မနက်တွင် ရွှေစေတီဒုက္ခသည်စခန်းသို့ ထပ်မံကြွရောက်ကာ မီးရှို့ခံရခြင်း မြို့ဖျက်ခံရခြင်းတို့ကြောင့် အိုးအိမ်ဆုံးရှုံး ပျက်စီးသွားသော မိသားစုများ အဖိုးအဖွားများ ကိုယ်ဝန်ဆောင် မိခင်များ မီးဖွားပြီးစ မိခင်များ နာတာရှည်များ အပါအ၀င် ဒုက္ခသည်အားလုံးကို နှစ်သိမ့်အားပေးခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
၁၁-၇-၂၀၁၂ရက် မွန်းလွဲပိုင်းတွင် ရဲကျော်သူဒုက္ခသည်စခန်း အပါအ၀င် ဒုက္ခသည်စခန်းပေါင်း ငါးဌာနသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ကျောင်းတိုက်  ဒုက္ခသည်ဦးရေ  အလှူငွေ
ရွှေစေတီကျောင်း  ၁၀၈၂ ဦး  ၂၅ သိန်း
ဦးရဲကျော်သူကျောင်း  ၇၁၂ ဦး  ၅၇၀၀၀၀ ကျပ်
ဂြစ်ချေကျောင်း  ၂၈၇ ဦး  ၈၂၀၀၀၀ ကျပ်
မဏိရတနာကျောင်း  ၅၉၄ဦး  ၃၁၀၀၀၀ ကျပ်
အသောကာရုံကျောင်း ၂၀၀ ဦး  ၂၃၀၀၀၀ ကျပ်
ခေမာမဏ္ဍိုင်ကျောင်း ၃၀ ဦး  ၉၀၀၀၀ ကျပ်
ဂြစ်ဘက်ကျောင်း  ၁၄၃ ဦး  ၄၈၀၀၀၀ ကျပ်
၁၁-၇-၂၀၁၂ ရက် စုစုပေါင်းလှူဒါန်းငွေ ၅၀၉၀၀၀၀-ကျပ်
စာဖြင့် (သိန်းငါးဆယ့်ကိုးသောင်းကျပ်)
မန္တလေးမြို့၊ ဈေချို ရွှေဆိုင်တန်း မိုးကုတ်ကျောက်မျက်ရတနာ ရွှေဆိုင်ပိုင်ရှင် ဦးဝင်းမောင် + ဒေါ်မာလာတို့မှ အလှူငွေ ၂၆၀၀၀၀ ကျပ်၊ ရန် ကုန်တိုင်း၊ သင်္ကန်ကျွန်းမြို့နယ်မှ ဦးမောင်မောင် + ဒေါ်အိမိသားစု မှအလှူငွေ ၂၆၀၀၀၀ ကျပ် ပါဝင်လှူဒါန်းကြကြောင်းသိရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဦးဝီရသူ ရခိုင်ခရီးစဉ်
  1. ဗုဒ္ဓဘာသာ မြန်မာသားကောင်း ရတနာ ဆရာတော်အရှင်ဝီရသူအား တပည့်တော်၏ရင်ထဲမှ နှစ်နှစ်ခြိုက်ခြိုက် ဦးတင်ပါ၏ဘုရား။
    အရှင်ဝီရသူ၏ လုပ်ဆောင်ချက် သာသနာစိတ်ဓါတ်တွေကို နောက်လာနောင်သားများ လုံးဝအတုယူသင့်ပါသည်။ ဤအရှင်မြတ်ကဲ့သို့ သာသနာ့ဝန်ထမ်းလည်း မြန်မာနိုင်ငံတွင် မြောက်များစွာ
    ပေါ်ထွန်းနိုင်ပါစေလို့လည်း ဆုတောင်းဆန္ဒပြုယင်း ဆရာတော်အား ကျေးဇူးတင်မဆုံးရှိကြောင်းပြောလိုပါသည်။

Comments are closed.