ဓာတ်ပုံသတင်း

ကင်တက်ကီပြည်နယ် ဗုဒ္ဓေါဝါဒကျောင်း ပထမအကြိမ် စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပ

ကင်တက်ကီပြည်နယ် ဗုဒ္ဓေါဝါဒကျောင်း ပထမအကြိမ် စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပ

မိုးမခမိတ်ဆွေ၊ ကင်တာကီ၊ ဇူလိုင် ၁၀၊ ၂၀၁၂

မြန်မာမိဘတိုင်း ကိုယ်ရဲ့သားသမီးများကို အရွယ်ရောက်လာပြီးဆိုရင် သားယောကျား များအားရှင်ပြု သမီးရတနာကို နားသမင်္ဂလာကို ပြုလုပ်ကြတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမူ အမွေအနှစ်ကို အမေရိကန်နိုင်ငံရောက် ဘိုးလင်းဂရင်းမြို.နှင့် လုဝိဘေး၊ အိုဝင်ဘိုရိုးရှိ မြန်မာများ ဇူလိုင်လ(၄)ရက် အမေရိကန်လွတ်လပ်ရေးနေ့တွင် စုပေါင်းရှင်ပြု  အလှူမင်္ဂလာပွဲတော်ကို ဗုဒ္ဓေါဝါဒကျောင်း၌ပထမအကြိမ် စုပေါင်းပြုလုပ်ခဲ့ပါတယ်၊၊

                 နေ့လည် (၁) နာရီအချိန်မှာ အလှူဒါယကာ ဒါယိကာမများစုပေါင်း၍ ကျောင်းတိုက်ကို (၃)ကြိမ် သပိတ်၊သင်္ကန်း၊ ဖိနပ်၊ထီး၊ လှူဖွယ်ပစ္စည်း ကန်တော့ပွဲများကို ကိုယ်စီကိုယ်စီ ခေါင်းပေါ်ရွက်ရှင်လောင်းလှည့်လည်ပါတယ်၊၊

လှည့်နေချိန်မှာပဲ ရှင်လောင်းဝှက်တဲ့ ယဉ်ကျေးမူအတိုင်း မောင်ရင်လောင်းများကို တနေရာမှာ ခေါ်ယူဝှက်ထားလို. အလှူဒါယကာ ဒါယိကာများက ရှင်လောင်းအား လိုက်ပြီးတော့ ရွေးကြရတယ် ဒါကတော့ ကိုရင်ဝတ်ခါနီးမှာ ရှင်လောင်းမိဘများ မလွဲ မသွေကြုံရတဲ့ ရိုးရာတခုပါ၊ နေ.လည်(၂) နာရီမှာ သီလရှင်(၃) ပါး မောင်ရင်လောင်း (၈)ပါးအား ဆံချ ပေးပါတယ်၊

နေ့လည် (၃) နာရီမှာ သင်္ကန်းတောင်းဆိုကာ ရှင်ပြုခြင်းမင်္ဂလာနှင့် သီလရှင်ဝတ်ခြင်း မင်္ဂလာကို ကျောင်းထိုင်ဆရာတော်နှင့် နက်ရှဘီး မြန်မာကျောင်းဆရာတော် ဦးက၀ိန္ဒမှ ကိုရင် သာမဏေအဖြစ်သို. ချီးမြောက်ပေးခဲ့ပါတယ်၊၊

ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသကိုယ်တိုင်  အလှူပွဲသို့ ကြွရောက်ချီးမြောက်ခဲ့ပါတယ်။


ဆရာတော်ကြီးက တရားဟောရာမှာ နိဗ္ဗာန်ဆိုတာ အလွန်မြင့်နေတယ် အရင်ဆုံး စားစရာ၊ ၀တ်စရာ၊ နေစရာ လူတန်းစေ့နေထိုင်နိုင်ဖို.အရေးကြီးတယ်၊ နိဗ္ဗာန် ရောက်ကြောင်း ဟောနေသည့် အနေထားဟာ အချိန်ကြာညောင်းခဲ့သလို လက်တွေ့မှာ နိဗ္ဗာန်ရောက်ဖို့ အခြေခံဖြစ်တဲ့ သီလခေါ်တဲ့ ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားရမယ်၊ လုပ်ကိုင်ပြောဆို ကြံစည်တဲ့ ကံသုံးပါးဆောက်ထိန်းတဲ့ အနေနဲ့ တဖက်သားကို အပုတ်ချပြောဆိုတာအစ မခံချင်အောင် ရန်စကားများကို ရှောင်ကြဉ်ရမယ်၊ အားလုံးလိုက်ဆိုကြ

“ ပညာသင်ကြား ကြိုးစားလုပ်ပါ၊ ရောက်ရာဌာန သုခမကွာ၊ သူများအကျိုး သယ်ပိုးမှသာ ကိုယ်အကျိုး ပြည့်ဖြိုး ဝေေ၀ဆာ”

ပညာကို ကြိုးစား သင်ရမယ်၊ပညာတတ်ရင် ရောက်ရာနေရာမှာ ဘ၀ရပ် တည်ရေးမှာ အဆင်ပြေ၍ ချမ်းသာခြင်း အကျိုးတွေရမယ်၊ကိုယ်ရဲ့ အကျိုးတရား ရဖို.ဆိုတာ လူအများ လိုအပ်နေတဲ့ အလုပ်မှန်သမျှကို ပံ့ပိုးကူညီပေးရမယ်၊  ညီညီညွတ်ညွတ်နဲ့ အခု ရှင်ပြုအလှူပွဲကို စုပေါင်းလုပ်ကြသလိုမျိုး ပရဟိတ အလုပ်ကိုလည်း မမေ့ထားပဲ  လုပ်ကြဖို.အရေးကြီးကြောင်းဟောကြားဆုံးမခဲ့ပါတယ်၊၊

ညနေ (၄) နာရီတွင် ကုသိုလ်ကောင်းမူအပေါင်းကို ရေစက်သွန်ချအမျှတမ်း ပေးဝေကာ စုပေါင်းရှင်ပြုအလှူမင်္ဂလာကို အောင်မြင်စွာပြုလုပ်ခဲ့ကြပါတယ်၊၊ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts