သတင်းပဒေသာ

အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်

အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်

နံနက် ၁၀ နာရီခွဲ၊ ဇူလိုင် ၃၊ ၂၀၁၂၊ Yangon Press International

နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။ 

၎င်း လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးခန်းသို့ ယခုသတင်းရရှိချိန်တွင် သွားရောက်နေပြီဟုလည်း သိရှိရသည်။ 

ယင်းလွတ်မြောက်သူများထဲတွင် ပဲခူးမြို့မှ စောဝီလျံ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောသည်။

(Photo – Screen shot from MOI, Burmese Regime)

Facebook excerpts – နိုင်ငံရေးအကျဉ်းသားများဖြစ်သော.. ကိုအေးအောင်၊ ကိုသန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်အောင်ဦးတို့  လွတ်မြောက်စာရင်းထဲ ပါသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်

Comments are closed.